သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Belgium အကြမ်းဖက်နှိမ်နင်းရေး သံသယရှိသူတဦး သေဆုံး


Belgium အကြမ်းဖက်နှိမ်နင်းရေး သံသယရှိသူတဦးသေဆုံး
Belgium အကြမ်းဖက်နှိမ်နင်းရေး သံသယရှိသူတဦးသေဆုံး

ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ အကြမ်းဖက်လှုပ်ရှားမှုချေမှုန်းရေး ဝင်ရောက်ရှာဖွေမှုတခုတွင်း အေကေ 47 မောင်းပြန်ရိုင်ဖယ် တလက်ကိုင်ထားတဲ့ သံသယရှိသူတဦးကို ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး အခု နှိမ်နင်းမှုကို လုပ်တာပါ။

ဘယ်လ်ဂျီယံနဲ့ ပြင်သစ် နှစ်နိုင်ငံ ပူးတွဲ လုပ်ဆောင်တဲ့ လှုပ်ရှားမှုတွင်း Forest ဆင်ခြေဖုံးရပ်ကွက်က တိုက်ခန်းတခုကို အင်္ဂါနေ့က ဝင်ရောက် ရှာဖွေတာမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ဘယ်လ်ဂျီယံ ရဲအရာရှိ သုံးဦးနဲ့ ပြင်သစ်ရဲအရာရှိတဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနေရာမှာ တခြား သံသယရှိသူတွေ ဆက်ရှိနေသေးသလားဆိုတာ သေသေချာချာ မသိရတာကြောင့် ရပ်တပ်ဖွဲ့တွေရဲ့ ဝင်ရောက် ရှာဖွေမှုတွေကို အင်္ဂါနေ့ နှောင်းပိုင်းအထိ ဆက်လုပ်ခဲ့ကြတာပါ။ ပထမဆုံး သေနတ်သံ စကြားခဲ့ရပြီးတဲ့နောက် ရဲတွေက အဲဒီနေရာကို ၅ နာရီကြာ ပိတ်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလက ပါရီမြို့မှာ လူပေါင်း ၁၃၀ သေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်သွေးကြွတွေ၊ သံသယရှိသူတွေကို ဘယ်လ်ဂျီယံ လုံခြုံရေးတပ်ဖွဲ့တွေဟာ ပြင်းပြင်းထန်ထန် လိုက်လံ နှိမ်နင်းနေတာပါ။ ပါရီမြို့ တိုက်ခိုက်မှုတွေကို ဘရက်ဆဲလ်မြို့မှာ တစိတ်တပိုင်း ပြင်ဆင် လုပ်ဆောင်တာတွေ ရှိခဲ့တာကြောင့်လည်း အခုလို နှိမ်နင်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG