သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်ဘာသာလေ့လာနိုင်ဖို့ ပြင်သစ်က ဗလီတွေ ဖွင့်ထားပေးမည်


People listen to the explanations of guide Mohamed Latahi (C), as they visit the Strasbourg Grand Mosque during an open day weekend for mosques in France, Jan. 9, 2016.
People listen to the explanations of guide Mohamed Latahi (C), as they visit the Strasbourg Grand Mosque during an open day weekend for mosques in France, Jan. 9, 2016.

ပြင်သစ်နိုင်ငံထဲက ရာနဲ့ချီတဲ့ ဗလီကျောင်းတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို အစ္စလာမ်ဘာသာဝင် မဟုတ်တဲ့ သူတွေ လေ့လာနိုင်အောင်စနေနဲ့တနင်္ဂနွေနေ့တုန်းကဖွင့်ပေးလိုက်ပါတယ်။ IS အစွန်းရောက်အကြမ်းဖက်သမာတွေရဲ့ လုပ်ရပ်ကြောင့် အစ္စလာမ် ဘာသာဝင်တွေအပေါ်မကောင်းမြင် နေတာကို ပြောင်းလဲဖို့ကျိုးစားတဲ့ အနေနဲ့ ခုလို လုပ်တာလည်းဖြစ်ပါတယ်။ ပြင်သစ်နိုှုင်ငံထဲမှာ ဗလီပေါင်း ၂၅၀၀ ကျော်ရှိသလို ဘာသာဝင်မဟုတ်သူတွေကိုဗလီတွေထဲ ဒီလို လေ့လာခွင့်ပေးတဲ့လုပ်ရပ်ကို ပါရီမြို့က အထင်ကရ Grand ဗလီကြီးနဲ့ ဗလီအားလုံးက ပါဝင်ကြတာတော့မဟုတ်ပါဘူး။ ဒီလိုတံခါးဖွင့်ပေးဖို့ ပြင်သစ်နိုင်ငံရဲ့ မွတ်ဆလင်ဘာသာရေးဆိုင်ရာကောင်စီက အကြံညဏ်ရခဲ့တာပါ။ သာမန်မွတ်ဆလင်တွေနဲ့ တွေ့ဆုံဖို့ လူတေ ွကိုဖိတ်ကြားရတာဖြစ်တယ် လို့ ကောင်စီဥက္ကဌ Anouar Kbibech ကသတင်းထောက်တွေကိုပြောပါတယ်။

ဒီပွဲမှာ အစားအသောက်ဖျော်ရည်တွေနဲ့ ဧည့်ခံသလို ဗလီတွင်းလိုက်လံပြသတာ၊ စကားဝိုင်းဖွဲ့ပြီး ဆွေးနွေးကြတာတွေပါဝင်သလို တနေ့ငါးကြိမ် ဘုရားဝတ်ပြုရတာတွေကိုတောင်မှ လေ့လာခွင့်ပေးထားတာပါ။

ညီအကိုများရဲ့ လ္ဘက်ရည်ဝိုင်း ဆိုပြီးနာမည်ပေးထားတဲ့ ဒီပွဲကို ဇန်နဝါရီလ ၇ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပတာပါ။ ဒီရက်ဟာ သရော်စာရေးသားဖော်ပြတဲ့ Charlie Hebdo မဂ္ဂဇင်းတိုက်ကို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခံရတဲ့ ပထမဆုံး နှစ်ပတ်လည်အချိန်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံနေရာအတော်များများမှာအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်လူပေါင်း ၁၃၀ သေဆုံးခဲ့ရတာကြောင့် တင်းမာမှုတွေတိုးလာခဲ့ပါတယ်။ ဒီ့နောက်ပိုင်း ပြင်သစ်နိုင်ငံတွင်း အရေးပေါ်အခြေအနေကြေငြာခဲ့ရပြီး ဗလီကျောင်းသုံးခုက အဖွဲ့ဝင်တွေဟာ အစွန်းရောက်ဒါဒစွဲကိုင်ခဲ့တယ်ဆိုတဲ့ ယူဆချက်ကြောင့် အဲ့ဒီဗလီတွေကို ပိတ်သိမ်းခဲ့ပါသေးတယ်။

XS
SM
MD
LG