သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပင္သစ္ေက်ာင္းဆရာ ေခါင္းျဖတ္ သတ္ျဖတ္ခံရမႈေနာက္ ႏုိင္ငံတဝန္း ဆႏၵျပ


ျပင္သစ္ေက်ာင္းဆရာ Samuel Paty အသတ္ခံရမႈအတြက္ ဆႏၵျပေနသူမ်ား။ (ေအာက္တိုဘာ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ၿပီးခဲ့တဲ့သီတင္းပတ္ထဲ ျပင္သစ္ေက်ာင္းဆရာတဦး ရက္ရက္စက္စက္ အသတ္ျဖတ္ခံခဲ့ရတဲ့ေနာက္ပိုင္း အစၥလာမ္ အစြန္းေရာက္ေတြအေရး ျပင္းျပင္းထန္ထန္ ကုိင္တြယ္ဖို႔ ျပင္သစ္အစိုးရက ေဆြးေႏြးေနခ်ိန္မွာပဲ ျပင္သစ္ႏိုင္ငံတလႊားမွာ လြတ္လပ္စြာေျပာဆိုမႈနဲ႔ ခြဲျခားဆက္ဆံမႈေတြကို ဆန္႔က်င္တဲ့ လူထုဆႏၵျပပြဲေတြ ျပဳလုပ္ေနၾကပါတယ္။

အလယ္တန္းေက်ာင္းမွာ သမိုင္းဘာသာ သင္ၾကားတဲ့ဆရာ Samuel Paty ေသာၾကာေန႔က ေခါင္းျဖတ္ အသတ္ခံခဲ့ရတဲ့အတြက္ ပါရီၿမိဳ႕ေတာ္က Place de la Republique မွာ ေသာင္းနဲ႔ခ်ီတဲ့ လူထုဟာ ကို႐ုိနာဗိုင္းရပ္စ္အတြက္ ျပ႒ာန္းထားတဲ့ ႏွာေခါင္းစည္းတပ္ရမယ့္ စည္းကမ္းကို လိုက္နာၿပီး စုေဝးခဲ့ၾကသလို ၿမိဳ႕ႀကီးအေတာ္မ်ားမ်ားမွာလည္း စုေဝးဆႏၵျပမႈေတြ လုပ္ခဲ့ၾကပါတယ္။ တခ်ိဳ႕က ျပင္သစ္အလံေတြ ေဝွ႔ရမ္းဆႏၵျပခဲ့သလို တခ်ိဳ႕ကေတာ့ လြတ္လပ္စြာေျပာဆိုခြင့္ ေတာင္းဆိုတဲ့ ဆိုင္းဘုတ္ေတြ ကိုင္ေဆာင္ထားၾကၿပီး အၾကမ္းဖက္ဝါဒရဲ႕ သားေကာင္ျဖစ္ခဲ့ရတဲ့ အသတ္ခံရတဲ့ ေက်ာင္းဆရာအတြက္ တိတ္တိတ္ဆိတ္ဆိတ္ ဂုဏ္ျပဳခဲ့ၾကတာ ျဖစ္ပါတယ္။

ပါရီၿမိဳ႕ ဆင္ေျခဖံုးရပ္ကြက္ Conflans-Sainte-Honorine မွာ အသတ္ခံခဲ့ရတဲ့ ေက်ာင္းဆရာအတြက္ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ျပဳလုပ္မယ့္ ေအာက္ေမ့ဘြယ္ ဂုဏ္ျပဳအခမ္းအနားကို ဗုဒၶဟူးေန႔မွာ က်င္းပမွာ ျဖစ္ပါတယ္။

အခုလို အၾကမ္းဖက္သမားရဲ႕ တိုက္ခိုက္မႈေတြကို လြန္ခဲ့တဲ့ ၆ ႏွစ္ေလာက္က ျပင္သစ္မွာ ႀကံဳခဲ့ရပါတယ္။ အဲဒီအခ်ိန္က Charlie Hebdo မဂၢဇင္းတိုက္ကို ပစ္မွတ္ထား အတိုက္ခို္က္ခံခဲ့ရတာျဖစ္ၿပီး လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆို ေရးသားမႈေတြအတြက္ သန္းနဲ႔ခ်ီၿပီး ဆႏၵျပခဲ့ၾကတာပါ။

ျပင္သစ္ဝန္ႀကီးခ်ဳပ္ Jean Castex ကေတာ့ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုမႈဟာ ျပင္သစ္ႏုိင္ငံရဲ႕ အေျခခံစံတန္ဖိုးျဖစ္ေၾကာင္း အပတ္စဥ္သတင္းစာ Le Journal du Dimanche ကို ေျပာၾကားခဲ့သလို အခု တနဂၤေႏြေန႔ လူထုဆႏၵျပပြဲမွာ ေဟာေျပာသူေတြအေနနဲ႔ အမုန္းတရားကို အမုန္းစကားနဲ႔ မတုံ႔ျပန္ၾကဖို႔လည္း သတိေပးခဲ့ပါတယ္။

တခ်ိန္တည္းမွာပဲ အသက္ ၄၇ ႏွစ္အရြယ္ ေက်ာင္းဆရာ Samuel Paty အသတ္ခံရမႈမွာ ပါဝင္ပတ္သက္မယ္လို႔ သံသယရွိတဲ့ ၁၁ ေယာက္ေျမာက္ တဦးကို တနဂၤေႏြေန႔မွာ ဖမ္းဆီးခဲ့တယ္လို႔ ဒီလူသတ္မႈအတြက္ စံုစမ္းေထာက္လွမ္းေနတဲ့ အာဏာပိုင္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ပြင်သစ်ကျောင်းဆရာ ခေါင်းဖြတ် သတ်ဖြတ်ခံရမှုနောက် နိုင်ငံတဝန်း ဆန္ဒပြ

ပြီးခဲ့တဲ့သီတင်းပတ်ထဲ ပြင်သစ်ကျောင်းဆရာတဦး ရက်ရက်စက်စက် အသတ်ဖြတ်ခံခဲ့ရတဲ့နောက်ပိုင်း အစ္စလာမ် အစွန်းရောက်တွေအရေး ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့ ပြင်သစ်အစိုးရက ဆွေးနွေးနေချိန်မှာပဲ ပြင်သစ်နိုင်ငံတလွှားမှာ လွတ်လပ်စွာပြောဆိုမှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။

အလယ်တန်းကျောင်းမှာ သမိုင်းဘာသာ သင်ကြားတဲ့ဆရာ Samuel Paty သောကြာနေ့က ခေါင်းဖြတ် အသတ်ခံခဲ့ရတဲ့အတွက် ပါရီမြို့တော်က Place de la Republique မှာ သောင်းနဲ့ချီတဲ့ လူထုဟာ ကိုရိုနာဗိုင်းရပ်စ်အတွက် ပြဋ္ဌာန်းထားတဲ့ နှာခေါင်းစည်းတပ်ရမယ့် စည်းကမ်းကို လိုက်နာပြီး စုဝေးခဲ့ကြသလို မြို့ကြီးအတော်များများမှာလည်း စုဝေးဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။

တချို့က ပြင်သစ်အလံတွေ ဝှေ့ရမ်းဆန္ဒပြခဲ့သလို တချို့ကတော့ လွတ်လပ်စွာပြောဆိုခွင့် တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြပြီး အကြမ်းဖက်ဝါဒရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ အသတ်ခံရတဲ့ ကျောင်းဆရာအတွက် တိတ်တိတ်ဆိတ်ဆိတ် ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

ပါရီမြို့ ဆင်ခြေဖုံးရပ်ကွက် Conflans-Sainte-Honorine မှာ အသတ်ခံခဲ့ရတဲ့ ကျောင်းဆရာအတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်မယ့် အောက်မေ့ဘွယ် ဂုဏ်ပြုအခမ်းအနားကို ဗုဒ္ဓဟူးနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အခုလို အကြမ်းဖက်သမားရဲ့ တိုက်ခိုက်မှုတွေကို လွန်ခဲ့တဲ့ ၆ နှစ်လောက်က ပြင်သစ်မှာ ကြုံခဲ့ရပါတယ်။ အဲဒီအချိန်က Charlie Hebdo မဂ္ဂဇင်းတိုက်ကို ပစ်မှတ်ထား အတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားမှုတွေအတွက် သန်းနဲ့ချီပြီး ဆန္ဒပြခဲ့ကြတာပါ။

ပြင်သစ်ဝန်ကြီးချုပ် Jean Castex ကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုဟာ ပြင်သစ်နိုင်ငံရဲ့ အခြေခံစံတန်ဖိုးဖြစ်ကြောင်း အပတ်စဉ်သတင်းစာ Le Journal du Dimanche ကို ပြောကြားခဲ့သလို အခု တနင်္ဂနွေနေ့ လူထုဆန္ဒပြပွဲမှာ ဟောပြောသူတွေအနေနဲ့ အမုန်းတရားကို အမုန်းစကားနဲ့ မတုံ့ပြန်ကြဖို့လည်း သတိပေးခဲ့ပါတယ်။

တချိန်တည်းမှာပဲ အသက် ၄၇ နှစ်အရွယ် ကျောင်းဆရာ Samuel Paty အသတ်ခံရမှုမှာ ပါဝင်ပတ်သက်မယ်လို့ သံသယရှိတဲ့ ၁၁ ယောက်မြောက် တဦးကို တနင်္ဂနွေနေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ဒီလူသတ်မှုအတွက် စုံစမ်းထောက်လှမ်းနေတဲ့ အာဏာပိုင်တွေက ပြောပါတယ်။

XS
SM
MD
LG