(Zawgyi / Unicode)
စပိန္ႏုိင္ငံသား ရာဖဲလ္နဒါးလ္က ျပင္သစ္အိုးပင္း တင္းနစ္ၿပိဳင္ပဲြကို ၁၃ ႀကိမ္ေျမာက္ ဗုိလ္စဲြၿပီး စံခ်ိန္သစ္ ထပ္တင္လိုက္ပါတယ္။
ျပင္သစ္အိုးပင္းတင္းနစ္ အမ်ိဳးသားတဦးခ်င္း ဖုိင္နယ္ကို ပဲရစ္ၿမိဳ႕မွာ တနဂၤေႏြေန႔ ကစားၾကတာမွာ ကမာၻ႔အဆင့္ ၂ ရာဖဲလ္နဒါးလ္က ကမာၻ႔အဆင့္ ၁ ႏုိဘက္ဂ်ိဳကိုဗစ္ကို ၆-၀၊ ၆-၂၊ ၇-၅ နဲ႔ ၃ ပဲြျပတ္ႏုိင္ၿပီး ျပင္သစ္အိုးပင္းကို အႏုိင္ရ ခ်န္ပီယံျဖစ္သြားပါတယ္။ ဒါဟာ နဒါးလ္အတြက္ေတာ့ ျပင္သစ္အိုးပင္းကို ၁၃ ႀကိမ္ေျမာက္ ဗုိလ္္စဲြတာျဖစ္ပါတယ္။ ဒါ့အျပင္ နဒါးလ္အတြက္ေတာ့ ဂရန္းစလမ္း ဆုဖလားကို အႀကိမ္ ၂၀ ေျမာက္ ဗုိလ္စဲြသြားတာပါ။
ကမာၻ႔အဆင့္ ၁ ဂ်ိဳကိုဗစ္ကို ဖုိင္နယ္မွာ ၃ ပဲြျပတ္နဲ႔ ႏုိင္လိုက္တာေၾကာင့္ နဒါးလ္ဟာ ဒီႏွစ္ ၿပိဳင္ပဲြတေလွ်ာက္လုံးမွာ Set တခုမွာ မ႐ႈံးဘဲ ပဲြတုိင္းကို ၃ ပဲြျပတ္ေတြနဲ႔ အႏုိင္ရခဲ့တာ ျဖစ္ပါတယ္။
ဒီႏွစ္မွာ ထူးျခားတာတခုကေတာ့ မေန႔က အမ်ိဳးသမီးဖုိင္နယ္မွာ ဗုိလ္စဲြသြားတဲ့ ပိုလန္ႏုိ္င္ငံသူ Iga Swiatek ဟာလည္း ပဲြစဥ္တေလွ်ာက္လုံးကို Set တခုမွမ႐ႈံးဘဲ ၂ ပဲြျပတ္ေတြ ႏုိင္ခဲ့တာေၾကာင့္ ဒီႏွစ္မွာ အမ်ိဳးသားမွာေရာ အမ်ိဳးသမီးမွာပါ ခ်န္ပီယံျဖစ္တဲ့သူေတြဟာ Set ေတြ တခုမွ မ႐ႈံးခဲ့တာ ျဖစ္ပါတယ္။
အမ်ိဳးသားဘက္မွာ ဆြစ္ဇာလန္က ေရာ္ဂ်ာဖယ္ဒရာနဲ႔ နဒါးလ္က ဂရန္းစလမ္းကို အႀကိမ္ ၂၀ နဲ႔ အမ်ားဆုံးဗုိလ္စဲြထားၿပီး ဂ်ိဳကိုဗစ္က ၁၇ ႀကိမ္ ရထားပါတယ္။
----------------------------
(Unicode)
ပြင်သစ်အိုးပင်းကို နဒါးလ် ၁၃ ကြိမ် ဗိုလ်စွဲပြီး စံချိန်ထပ်တင်
စပိန်နိုင်ငံသား ရာဖဲလ်နဒါးလ်က ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို ၁၃ ကြိမ်မြောက် ဗိုလ်စွဲပြီး စံချိန်သစ် ထပ်တင်လိုက်ပါတယ်။
ပြင်သစ်အိုးပင်းတင်းနစ် အမျိုးသားတဦးချင်း ဖိုင်နယ်ကို ပဲရစ်မြို့မှာ တနင်္ဂနွေနေ့ ကစားကြတာမှာ ကမ္ဘာ့အဆင့် ၂ ရာဖဲလ်နဒါးလ်က ကမ္ဘာ့အဆင့် ၁ နိုဘက်ဂျိုကိုဗစ်ကို ၆-ဝ၊ ၆-၂၊ ၇-၅ နဲ့ ၃ ပွဲပြတ်နိုင်ပြီး ပြင်သစ်အိုးပင်းကို အနိုင်ရ ချန်ပီယံဖြစ်သွားပါတယ်။ ဒါဟာ နဒါးလ်အတွက်တော့ ပြင်သစ်အိုးပင်းကို ၁၃ ကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပါတယ်။ ဒါ့အပြင် နဒါးလ်အတွက်တော့ ဂရန်းစလမ်း ဆုဖလားကို အကြိမ် ၂၀ မြောက် ဗိုလ်စွဲသွားတာပါ။
ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ်ကို ဖိုင်နယ်မှာ ၃ ပွဲပြတ်နဲ့ နိုင်လိုက်တာကြောင့် နဒါးလ်ဟာ ဒီနှစ် ပြိုင်ပွဲတလျှောက်လုံးမှာ Set တခုမှာ မရှုံးဘဲ ပွဲတိုင်းကို ၃ ပွဲပြတ်တွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်မှာ ထူးခြားတာတခုကတော့ မနေ့က အမျိုးသမီးဖိုင်နယ်မှာ ဗိုလ်စွဲသွားတဲ့ ပိုလန်နိုင်ငံသူ Iga Swiatek ဟာလည်း ပွဲစဉ်တလျှောက်လုံးကို Set တခုမှမရှုံးဘဲ ၂ ပွဲပြတ်တွေ နိုင်ခဲ့တာကြောင့် ဒီနှစ်မှာ အမျိုးသားမှာရော အမျိုးသမီးမှာပါ ချန်ပီယံဖြစ်တဲ့သူတွေဟာ Set တွေ တခုမှ မရှုံးခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားဘက်မှာ ဆွစ်ဇာလန်က ရော်ဂျာဖယ်ဒရာနဲ့ နဒါးလ်က ဂရန်းစလမ်းကို အကြိမ် ၂၀ နဲ့ အများဆုံးဗိုလ်စွဲထားပြီး ဂျိုကိုဗစ်က ၁၇ ကြိမ် ရထားပါတယ်။