သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်အိုးပင်း Nadal ဖိုင်နယ်တက်


Rafael Nadal
Rafael Nadal

နယူးယောက်မြို့မှာ ကျင်းပနေတဲ့ U.S. OPEN တင်းနစ်ပြိုင်ပွဲမှာတော့ စပိန်က Rafael Nadal နဲ့ ရုရှားက Daniil Medvedev တို့ အနိုင်ရပြီး ဖိုင်နယ်တက်သွားပါတယ်။

အမျိုးသား တဦးချင်း ဆီမီးဖိုင်နယ်ပွဲတွေကို သောကြာနေ့ ကစားကြတာမှာ ပထမပွဲမှာတော့ ရုရှားနိုင်ငံက အဆင့် ၅ Daniil Medvedev က ဘူလ်ဂေးရီးယားက Grigor Dimitrov ကို ၇-၆၊ ၆-၄၊ ၆-၃ နဲ့ ၃ ပွဲပြတ် နိုင်သွားပါတယ်။ ဒုတိယ ဆီမီးဖိုင်နယ်မှာတော့ Nadal က အီတလီနိုင်ငံသား Matteo Berrettini ကို ၇-၆၊ ၆-၄၊ ၆-၁ နဲ့ ၃ ပွဲပြတ်နိုင်ပြီး ဖိုင်နယ်တက်သွားပါတယ်။

အမျိုးသားတဦးချင်း ဖိုင်နယ်ကိုတော့ တနင်္ဂနွေနေ့မှာ ကစားကြမှာဖြစ်ပြီး Rafael Nadal နဲ့ Daniil Medvedev တို့ ဗိုလ်လုကြမှာပါ။ Nadal ဟာ U.S. OPEN ကို ၂၀၁၀၊ ၂၀၁၃ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ၃ ကြိမ် ဗိုလ်စွဲထားပြီး ဂရန်းစလမ်းဖလား စုစုပေါင်း ၁၈ ကြိမ်နဲ့ အမျိုးသားဘက်မှာ ဒုတိယအများဆုံး ရထားပါတယ်။ တကယ်လို့သာ ဒီတကြိမ် အနိုင်ရခဲ့မယ်ဆိုရင်တော့ သူဟာ ၁၉ ကြိမ်မြောက် ဗိုလ်စွဲပြီး ရော်ဂျာဖယ်ဒရာရဲ့ စံချိန်ကိုမီဖို့ ၁ ကြိမ်ပဲ လိုတော့မှာဖြစ်ပါတယ်။

Nadal နဲ့ Medvedev တို့ ၂ ယောက်ဟာ ဒီနှစ်မှာတော့ Montreal မြို့မှာ ကျင်းပတဲ့ Rogers Cup မှာ တကြိမ်ဆုံခဲ့ပြီး အဲဒီတုန်းက Nadal က နိုင်ထားပါတယ်။

အမျိုးသမီး တဦးချင်း ဖိုင်နယ်ကိုတော့ ဒီကနေ့ စနေနေ့မှာ ကစားမှာဖြစ်ပြီး အမေရိကန်က နာမည်ကြီး ဆရီနာဝီလီယံနဲ့ ကနေဒါနိုင်ငံက အသက် ၁၉ နှစ်အရွယ် Bianca Andreescu တို့ ကစားကြမှာဖြစ်ပါတယ်။

နယူးယောက်အိုးပင်း နဒါး ဖိုင်နယ်တက်
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG