သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲ ရာဖဲလ်နဒါးလ်နဲ့ ကယ်ဗင်အန်ဒါဆင်တို့ဗိုလ်လုပွဲကိုတက်


အမေရိကန်ကိုယ်စားပြု Sloane Stephens (စက်တင်ဘာ ၂၀၁၇)
အမေရိကန်ကိုယ်စားပြု Sloane Stephens (စက်တင်ဘာ ၂၀၁၇)

အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်း နောက်ဆုံးဖိုင်နယ်မှာတော့ စပိန်နိုင်ငံက ရာဖဲလ်နဒါးလ် နဲ့ တောင်အာဖရိက ကယ်ဗင်အန်ဒါဆင်တို့ ဗိုလ်လုပွဲကိုတက်သွားကြပါတယ်။ အမျိုးသားတဦးချင်း ဆီးမီးဖိုင်နယ်တွေကို နယူးယောက်မြို့မှာ သောကြာနေ့က ကစားတာမှာ စပိန်က နဒါးလ်က အာဂျင်တီးနားက ဟွမ်မာတင်ဒဲလ်ပေါလ်ထရိုကို ၄-၆၊ ၆-ဝ၊ ၆-၃၊ ၆-၂ နဲ့ အနိုင်ရပြီး ဖိုင်နယ်တက်သွားတာ ဖြစ်ပါတယ်။

နောက်ဆီမီးဖိုင်နယ်မှာတော့ - တောင်အာဖရိကက Kevin Anderson က စပိန်က Pable Carreno Busta ကို ၄-၆၊ ၇-၅၊ ၆-၃၊ ၆-၄ နဲ့ နိုင်ခဲ့ပါတယ်။ အန်ဒါဆင် လောလောဆယ်မှာ ကမ္ဘာ့အဆင့် ၃၂ ဖြစ်ပြီး၊ အမေရိကန်အိုးပင်းဖိုင်နယ်ကို တက်လာသူတွေထဲမှာ အနိမ့်ဆုံးဖြစ်ပါတယ်။ နဒါးလ် နဲ့ အန်ဒါဆင်တို့ ၄ ကြိမ်တွေ့ထားတာမှာ နဒါးလ်က ၄ ကြိမ်စလုံး နိုင်ထားပါတယ်။ တကယ်လို့ ဒီပွဲမှာ နဒါးလ်နိုင်ခဲ့မယ်ဆိုရင်တော့ သူဟာ အမေရိကန်အိုးပင်းကို တတိယအကြိမ်ရမှာဖြစ်ပြီး၊ သူ့ရဲ့ ၁၆ ခုမြောက် ဂရန်းစလမ်းဖြစ်ပါတယ်။

အမျိုးသမီးတဦးချင်းဖိုင်နယ်ကိုတော့ ဒီကနေ့ ကစားကြမှာဖြစ်ပြီး၊ အမေရိကန်က Sloane Stephens နဲ့ Madison Keys တို့ ဗိုလ်လုကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG