သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US Open တင်းနစ် Nadal ဗိုလ်စွဲ


US Open တင်းနစ် Rafael Nadal ဗိုလ်စွဲ(Credit- USOpen)
US Open တင်းနစ် Rafael Nadal ဗိုလ်စွဲ(Credit- USOpen)

US Open Tennis အမျိုးသား တဦးချင်း ချန်ပီယံလုပွဲကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ ညနေ ၄ နာရီက ကျင်းပတာမှာ ကမ္ဘာ့အဆင့် ၁ စပိန်နိုင်ငံသား Rafael Nadal က ပြိုင်ဘက် တောင်အာဖရိကနိုင်ငံသား Kevin Anderson ကို ၆-၃၊ ၆-၃၊ ၆-၄ တို့နဲ့ ၃ ပွဲပြတ် အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။

အများက ထင်ထားတဲ့အတိုင်း ကမ္ဘာ့နံပါတ် ၁ Nadal ဟာ ပြိုင်ဘက် Anderson ကို တဖက်သတ် အသာစီးနဲ့ ကစားပြီး ၃ ပွဲပြတ်နဲ့ အနိုင်ရရှိလိုက်တာလည်း ဖြစ်ပါတယ်။

ဒါဟာ Nadal အတွက် ၁၆ ကြိမ်မြောက် မေဂျာ ချန်ပီယံဆုကြီးကို အနိုင်ရရှိခြင်းလည်း ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က အနိုင်ရလိုက်တဲ့အတွက် Nadal အနေနဲ့ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၃.၇ သန်း ရရှိမှာဖြစ်ပါတယ်။ သူ့ရဲ့ တင်းနစ်ကစားတဲ့ သက်တမ်းတလျှောက်လုံးအတွက်တော့ အခုချိန်ထိ ဆုကြေးငွေ ဒေါ်လာ ၈၆ သန်းကျော် အနိုင်ရရှိခဲ့ပြီးဖြစ်တယ်လို့ သုံးသပ် ခန့်မှန်းကြပါတယ်။

စနေနေ့ညနေက ကျင်းပတဲ့ အမျိုးသမီးတဦးချင်း ချန်ပီယံလုပွဲမှာတော့ အမေရိကန်နိုင်ငံသူ Sloane Stephens က ပြိုင်ဘက် တနိုင်ငံထဲသူ Madison Keys ကို ၆-၃၊ ၆-၀ နှစ်ပွဲအပြတ်နဲ့နိုင်ပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

US Open တင်းနစ် Nadal ဗိုလ်စွဲ
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG