သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US Open အမျိုးသမီးတင်းနစ် Sloane Stephens ဗိုလ်စွဲ


၂၀၁၇ ခုနှစ် US Open အမျိုးသမီး တဦးချင်း တင်းနစ် ချန်ပီယံ Sloane Stephens.
၂၀၁၇ ခုနှစ် US Open အမျိုးသမီး တဦးချင်း တင်းနစ် ချန်ပီယံ Sloane Stephens.

US Open Tennis အမျိုးသမီး တဦးချင်း ချန်ပီယံလုပွဲကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဒေသစံတော်ချိန် စနေနေ့ ညနေ က ယှဉ်ပြိုင် ကစားကြတာမှာ အမေရိကန်နိုင်ငံသူ Sloane Stephens က သူ့ရဲ့ပြိုင်ဘက် တနိုင်ငံထဲသူ Madison Keys ကို ၆-၃၊၆-၀ နှစ်ပွဲအပြတ်နဲ့နိုင်ပြီး ချန်ပီယံ ဖြစ်သွားပါတယ်။

ပွဲစဉ်တလျှောက်လုံး Sloane Stephens က အကွက်ကျကျ၊ တဘက်သတ် အသာစီးနဲ့ ကစားပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွက် အမျိုးသမီးတဦးချင်း ချန်ပီယံလုပွဲမှာ အမေရိကန်နိုင်ငံသူ အမျိုးသမီး ၂ ဦး ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ကြတာဖြစ်ပြီး ကမ္ဘာ့အဆင့် ၂၂ ရှိတဲ့ Sloane Stephens က ကမ္ဘာ့အဆင့် ၁၅ ရှိတဲ့ Madison Keys ကို အနိုင်ရလိုက်တာ ဖြစ်ပါတယ်။

တကယ်တော့ ဆီမီးဖိုင်နယ်ပွဲတွေမှာလည်း အမေရိကန်နိုင်ငံသူ အမျိုးသမီး ၄ ဦး ရှားရှားပါးပါး ထိပ်ဆုံးမှာ တွေ့ခဲ့ကြတာပါ။ Sloane Stephens က ပြိုင်ဘက် Venus Williams ကို အနိုင်ရပြီး ဗိုလ်လုပွဲ တက်လာတာ ဖြစ်သလို Madison Keys ဟာလည်း ပြိုင်ဘက် အမေရိကန်နိုင်ငံသူ Coco Vandeweghe (ဗန်ဒယ်ဝေး) ကို အနိုင်ရပြီး ဗိုလ်လုပွဲကို တက်လာတာ ဖြစ်ပါတယ်။

အမျိုသားတဦး ချန်ပီယံလုပွဲကိုတော့ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ ညနေ ၄ နာရီ အချိန်မှာ စပိန်နိုင်ငံသား ကမ္ဘာ့အဆင့် ၁ Rafael Nadal နဲ့ တောင်အာဖရိကနိုင်ငံသား အဆင့် ၂၈ Kevin Anderson တို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG