သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wimbledon အမျိုးသမီးတင်းနစ် Serena Williams ဗိုလ်စွဲ


အင်္ဂလန်နိုင်ငံက Wimbledon တင်းနစ် အမျိုးသမီး တဦးချင်း ချန်ပီယံပြိုင်ပွဲမှာ အမေရိကန်နိုင်ငံက Serena Williams က ဂျာမနီက Angelique Kerber ကို ၂ ပွဲပြတ်နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ စနေနေ့က ကမ္ဘာ့ နံပါတ် (၄) အဆင့်ရှိတဲ့ Kerber ကို အနိုင်ရလိုက်တာဟာ ကမ္ဘာ့ နံပါတ် (၁) Serena Williams ရဲ့ ၇ ကြိမ်မြောက် Wimbledon ချန်ပီယံဆုဖြစ်ပါတယ်။

ဒါဟာ Serena အနေနဲ့ တချိန်က တင်းနစ်လောကကို လွှမ်းမိုးခဲ့တဲ့ Steffi Graf အနိုင်ရခဲ့တဲ့ Major အဓိကဆုကြီး ၂၂ ခုနဲ့ တူသွားတာ ဖြစ်သလို Major ဆုကြီး ၁၇ ခုကို ဆက်တိုက် ယှဉ်ပြိုင်ခဲ့တဲ့အထဲ ၉ ခုမြောက်အဖြစ် အနိုင်ရလိုက်တာလည်း ဖြစ်ပါတယ်။

ဒါဟာ Serena Williams အတွက် ၉ ကြိမ်မြောက် Wimbledon ဖိုင်နယ်ပွဲဖြစ်ပေမဲ့ Angelique Kerber အတွက်တော့ ပထမဆုံးအကြိမ် ဖိုင်နယ်ကို တက်ခြင်းဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပတဲ့ Australian Open ပြိုင်ပွဲ ဖိုင်နယ်မှာတော့ Angelique Kerber က Serena Williams ကို အနိုင်ရပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

စနေနေ့နှောင်းပိုင်းမှာ ကျင်းပတဲ့ အမျိုးသမီး ၂ ဦးချင်း ဗိုလ်လုပွဲမှာလည်း Serena နဲ့ Venus Williams တို့ ညီအမ ၂ ဦးက - ပြိုက်ဘက် Timea Babos နဲ့ Ya ro sla va Sh ve do va တို့ ၂ ဦးကို အနိုင်ရသွားခဲ့ပါတယ်။ ဒါဟာ Serena အနေနဲ့ တနေ့ထဲမှာ ဗိုလ်လုပွဲ ၂ ခုကို ယှဉ်ပြိုင်ကစားပြီး ၂ ခုစလုံးမှာ အနိုင်ရသွားတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG