သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wimbledon အမျိုးသားတင်းနစ် Andy Murray ဗိုလ်စွဲ


ဗြိတိသျှနိုင်ငံသား Andy Murray ဟာ Wimbledon တင်းနစ် အမျိုးသားတဦးချင်း ချန်ပီယံပြိုင်ပွဲ ဗိုလ်စွဲ
ဗြိတိသျှနိုင်ငံသား Andy Murray ဟာ Wimbledon တင်းနစ် အမျိုးသားတဦးချင်း ချန်ပီယံပြိုင်ပွဲ ဗိုလ်စွဲ

ဗြိတိသျှနိုင်ငံသား Andy Murray ဟာ Wimbledon တင်းနစ် အမျိုးသားတဦးချင်း ချန်ပီယံပြိုင်ပွဲမှာ ကနေဒါနိုင်ငံသား Milos Raonic ကို ၃ ပွဲပြတ်နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ တနင်္ဂနွေနေ့က အနိုင်ရလိုက်တာဟာ Andy Murray အတွက် Wimbledon အမျိုးသား တဦးချင်းပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် အနိုင်ရခြင်းလည်း ဖြစ်ပါတယ်။

Australian Open နဲ့ French Open ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေမှာ Serbia နိုင်ငံသား ကမ္ဘာ့ နံပတ် ၁ Novak Djokovic ကို ဆက်တိုက် ရှုံးပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတဲ့ ကမ္ဘာ့နံပတ် ၂ Andy Murray ဟာ သူ့နိုင်ငံမှာ ကျင်းပတဲ့ Wimbledon ပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် အနိုင်ရလိုက်တာလည်း ဖြစ်ပါတယ်။

Andy Murray ဟာ သူ့ကို ထောက်ခံ အားပေးကြတဲ့ ထောင်ပေါင်းများစွာသော အင်္ဂလန် ပရိတ်သတ်ရှေ့မှာ ပြိုင်ဖက် Milos Raonic တိုက်စစ်ရော ခံစစ်ဖက်မှာပါ အသားစီးနဲ့ ကစားသွားခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ ဒီ Wimbledon တင်းနစ်ပြိုင်ပွဲမှာ အိမ်ရှင် ဗြိတိန်နိုင်ငံသားတွေအနေနဲ့ အမျိုးသားတဦးချင်း ဗိုလ်လုပွဲမှာ ၁၉၃၇ ခုနှစ်ကစလို့ တောက်လျှောက် အနိုင်မရဘဲ ရှိခဲ့ရာက ၂၀၁၃ ခုနှစ်ကျမှ Andy Murray က ပထမဆုံးအကြိမ်အဖြစ်နဲ့ ပြန်လည် အနိုင်ရခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ ၂၀၁၃ ခုနှစ်က ပထမအကြိမ် အနိုင်ရစဉ်တုန်းက အင်္ဂလန် တနိုင်လုံးအတွက် တိုင်းပြည်အတွက် အနိုင်ရစေချင်တဲ့ ဆန္ဒရှိခဲ့တာကြောင့် အဲဒီရဲ့ ဖိအားတွေနဲ့ ထင်သလောက် မပျော်ခဲ့ရပေမယ့်လည်း ဒီတကြိမ် အနိုင်ရခြင်းကတော့ သူ့အတွက် ဖြစ်တယ်လို့ Andy Murray က ပြိုင်ပွဲအပြီးမှာ ပရိတ်သတ်ကို ပြောကြားတဲ့ အောင်ပွဲခံ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Wimbledon အမျိုးသားတင်းနစ် Andy Murray ဗိုလ်စွဲ
please wait

No media source currently available

0:00 0:00:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG