သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Australia Open အမျိုးသားဖိုင်နယ် Djokovic ဗိုလ်စွဲ


AUSTRALIAN OPEN အမျိုးသား တင်းနစ် နောက်ဆုံး ဗိုလ်လုပွဲ နိုင် ဆားဘီးယားက Novak Djokovic။
AUSTRALIAN OPEN အမျိုးသား တင်းနစ် နောက်ဆုံး ဗိုလ်လုပွဲ နိုင် ဆားဘီးယားက Novak Djokovic။

ဒီကနေ့ ကစားတဲ့ AUSTRALIAN OPEN အမျိုးသား တင်းနစ် နောက်ဆုံး ဗိုလ်လုပွဲမှာတော့ ဆားဘီးယားက Novak Djokovic က ဗြိတိန်က Andy Murray ကို သုံးပွဲပြတ် အနိုင်ရိုက်ပြီး ၆ ကြိမ်မြောက် ဗိုလ်စွဲသွားပါတယ်။

ဂျိုကိုဗစ်က Murray ရဲ့ ပထမဆုံး ဆားဗစ် ရိုက်ချက်ကို ဖျက်လိုက်နိုင်ပြီး ၆-၁ နဲ့ အနိုင်ရမယ့် ပထမပွဲ အတွက် ခြေလှမ်းစလိုက်ပြီးနောက်မှာတော့ ပွဲက အပြတ်အသတ် အနိုင်ရမယ်လို့ ခန့်မှန်းခဲ့ကြတာပါ။ ဒုတိယ အကျော့မှာတော့ Murray က ကမ္ဘာ့နံပတ် ၁ ဂျိုကိုဗစ်ကို အသာစီး ရဖို့ ဖိ ကစားခဲ့ပြီး အစပိုင်းမှာ ၅- ၄နဲ့ ဦးဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ၇ - ၅ နဲ့ ဒုတိယ အကျော့မှာ ရှုံးခဲ့ပြန်ပါတယ်။ တတိယ အကျော့ပွဲစဉ်မှာလည်း Murray က ပိုပြီး အားထည့် ကစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ၇- ၆ နဲ့ ဂျိုကိုဗစ်ကပဲ အနိုင်ရသွားတာပါ။

Novak Djokovic ဟာ သူ့ရဲ့ အားကစား သက်တမ်း တလျှောက်လုံး ပွဲစဉ်ကြီးတွေမှာ ၁၁ ကြိမ် ဗိုလ်စွဲခဲ့ပြီ ဖြစ်ပါတယ်။ သြစတေးလျ အိုးပင်းမှာ ၆ ကြိမ်မြောက် စံချိန်တင် ဗိုလ်စွဲခဲ့တာမှာ နောက်ဆုံး ဖိုင်နယ် ပွဲစဉ် ၄ ခုကို Andy Murray ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ပွဲစဉ် အပြီးမှာတော့ Murray က ကျနော် အရင်တုန်းကလည်း ဒီကို ရောက်ဖူးတယ်လို့ ထင်တယ်လို့ ဟာသနှောပြီး ပြောခဲ့ပါတယ်။ ဗိုလ်စွဲခဲ့တဲ့ Djokovic ကတော့ ဒီကနေ့ ပြိုင်ပွဲက သိပ်ကို ခက်ခဲတဲ့ ပြိုင်ပွဲ တခု ဖြစ်ခဲ့ပြီး Murray ဟာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရတဲ့ ပြိုင်ဘက်တယောက်၊ သူငယ်ချင်း တယောက် ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ သြစတေးလျ နိုင်ငံ မဲလ်ဘုန်းမြို့မှာ မနေ့ စနေနေ့က ကျင်းပခဲ့တဲ့ သြစတေးလျ အိုးပင်း အမျိုးသမီး တဦးချင်း ပြိုင်ပွဲမှာတော့ ဂျာမနီက အန်ဂျလိကာဘာ (Angelique Kerber) က လက်ရှိချန်ပီယံ အမေရိကန်က ကမ္ဘာ့အဆင့် ၁ ဆရီနာဝီလီယံ ကို အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။

XS
SM
MD
LG