သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Australian Open ပွဲမှာ Angelique Kerber ချန်ပီယံရရှိ


Germany's Angelique Kerber kisses the trophy after Kerber won their final match at the Australian Open tennis tournament at Melbourne Park, Australia, Jan. 30, 2016.
Germany's Angelique Kerber kisses the trophy after Kerber won their final match at the Australian Open tennis tournament at Melbourne Park, Australia, Jan. 30, 2016.

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ကျင်းပနေတဲ့ Australian Open တင်းနစ် အမျိုးသမီးတဦးချင်းပြိုင်ပွဲမှာ ဂျာမနီက အန်ဂျလိကာဘာ (Angelique Kerber) က အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ လက်ရှိချန်ပီယံ အမေရိကန်က ကမ္ဘာ့အဆင့် ၁ ဆရီနာဝီလီယံ နဲ့ ဂျာမနီက ကမ္ဘာ့အဆင့် ၇ ကာဘာ (Angelique Kerber) တို့Rod Laver ကွင်းကြီးမှာ ဒီကနေ့ စနေနေ့မှာ အကြိတ်အနယ်ကစားခဲ့ကြပြီး၊ နောက်ဆုံးမှာ ကာဘာက ဆရီနာကို ၆-၄၊ ၃-၆၊ ၆-၄ နဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ ကာဘာအတွက်တော့ ဒါဟာ ပထမဆုံးအကြိမ် ဂရန်းစလမ်းဖလားကို ရတာဖြစ်ပါတယ်။

ကာဘာကတော့ - “အခုလို သြစတြေးလျအိုးပင်းကို အနိုင်ရလိုက်တဲ့ အတွက်သူ့ရဲ့အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့တာ ဖြစ်တယ်လို့” ပြောပါတယ်။ ဒီပွဲမှာ ရှုံးနိမ့်သွားတဲ့ ဆရီနာဝီလီယံကတော့ - “ကာဘာဟာ ဒီပွဲမှာအကောင်းဆုံးကစားသွားနိုင်ခဲ့ပြီး၊ အရင်ကထက်လည်း အများကြီးပိုကောင်းလာကြောင်း၊ အထူးသဖြင့် သူ့ရဲ့ လှုပ်ရှားမှုတွေ၊ နဲ့ အနိုင်မခံ အရှုံးမပေးဘဲ မလျှော့တမ်းရိုက်သွားတာကြောင့်၊ ကာဘာနိုင်သွားတာ ထိုက်တန်ပြီး၊ သူ့အတွက်လည်း ဝမ်းသာပါတယ်လို့” ချီးကျူးပြောဆိုသွားပါတယ်။

ဆရီနာဟာ ဒီပွဲမှာ စိတ်လှုပ်ရှားပြီး အမှားများခဲ့သလို၊ ကာဘာကလည်း ဆရီနာရဲ့ ရိုက်ချက်တွေကို အကောင်းဆုံး ခုခံပြီး တန်ပြန်ကစားသွားနိုင်ခဲ့ပါတယ်။ ဆရီနာဟာ ဒီပွဲရှုံးသွားတဲ့အတွက် ဂရန်းစလမ်းဖလားကို ၂၂ ကြိမ်မြောက် အနိုင်ရဖို့ အခွင့်အလမ်းဆုံးရှုံးသွားခဲ့ပါတယ်။ အန်ဂျလိ ကာဘာဟာ ဒီပွဲနိုင်လိုက်တာကြောင့် ကမ္ဘာ့အဆင့် ၂ နေရာကိုရောက်လာခဲ့ပြီး၊ Steffi Graf နောက်ပိုင်း ဂျာမနီနိုင်ငံသူတွေထဲမှာ ပထမဆုံးအကြိမ် သြစတြေးလျအိုးပင်းကို ပထမဆုံး အနိုင်ရတာဖြစ်ပါတယ်။

XS
SM
MD
LG