သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်အိုးပင်းန် ချန်ပီယံလုပွဲ Nadal ဗိုလ်စွဲ


စပိန် တင်းနစ်အကျော်အမော် Rafael Nadal ဟာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားတဲ့ ပြင်သစ် အိုးပင်းန် တင်းနစ်ပြိုင်ပွဲ အမျိုးသား တဦးချင်း ဗိုလ်လုပွဲမှာ သြစတြီးယား တင်းနစ်ကစားသမား Dominic Thiem ကို သုံးပွဲပြတ် အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

ပြင်သစ် အိုးပင်းန် ချန်ပီယံဖလားကို ၁၁ ကြိမ်မြောက် အနိုင်ရလိုက်တဲ့ Nadal ဟာ Thiem ကို ၆-၄ ၊ ၆-၃ ၊ ၆-၂ နဲ့ အပြတ် ကစားပြီး အနိုင်ရသွားတာပါ။

ပွဲပြီးတဲ့နောက် Nadal က “ဒီပွဲမှာ ၁၁ ကြိမ်ထိ အနိုင်ရဖို့ဆိုတာ အိပ်မက်တောင် မမက်နိုင်ပါဘူး၊ ဘာကြောင့်လဲဆို ဒီလိုမျိုး အနိုင်ရဖို့ဆိုတာ စဉ်းစားလို့တောင် ဖြစ်နိုင်တဲ့ကိစ္စ မဟုတ်လို့ပါဘဲ” လို့ ပြောပါတယ်။

အခုဆိုရင် Nadal ဟာ Grand Slam လို့ခေါ်တဲ့ ပြိုင်ပွဲကြီးတွေမှာ ၁၇ ကြိမ်ထိ ချန်ပီယံဖလားရထားပြီး သူ့ရဲ့ပြိုင်ဘက် Roger Federer ကိုမီဖို့ သုံးကြိမ်ပဲလိုပါတော့တယ်။

ဒီ ပြင်သစ် အိုးပင်းန်မှာ Nadal မတိုင်ခင် ၁၁ ကြိမ်ထိ ချန်ပီယံဖြစ်ထားဖူးတာ သြစတြေးလျ တင်းနစ်အကျော်အမော် Margart Court တဦးတည်းပဲရှိပါတယ်။ ဒီပွဲမှာ အနိုင်ရလိုက်တာကြောင့် Federer ကိုကျော်ပြီး ကမ္ဘာ့ နံပါတ်တစ် အမျိုးသားတစ်နစ် ကစား သမားနေရာကိုလည်း Nadal ဆက်ထိန်းထားလိုက်နိုင်ပါတယ်။

စနေနေ့ကကစားတဲ့ အမျိုးသမီး တဦးချင်း ဗိုလ်လုပွဲမှာတော့ ရိုမေးနီးယား တင်းနစ်မယ် Simona Halep က အမေရိကန် တင်းနစ်မယ် Sloan Stevens ကို နှစ်ပွဲတပွဲနဲ့အနိုင်ရပြီး သူ့ရဲ့ပထမဆုံး Grand Slam ချန်ပီယံဖလားကို ဆွတ်ခူးသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG