သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US Open အမျိုးသားတင်းနစ် Nadal ဗိုလ်စွဲ


Rafael Nadal
Rafael Nadal

နယူးယောက်မြို့မှာ ကျင်းပတဲ့ U.S. Open တင်းနစ် အမျိုးသားတဦးချင်း ပြိုင်ပွဲမှာတော့ စပိန်နိုင်ငံသား Rafael Nadal က ဗိုလ်စွဲပြီး ချန်ပီယံဖြစ်သွားပါတယ်။ ဖိုင်နယ်ကို တနင်္ဂနွေနေ့ညနေက ကစားကြတာမှာ အဆင့် ၃ Rafael Nadal နဲ့ ရုရှားက Daniil Medvedev ၅ ပွဲအပြည့် အကြိတ်အနယ် ကစားခဲ့ကြပြီး နောက်ဆုံးမှာ Nadal က အနိုင်ရ ဗိုလ်စွဲသွားတာပါ။

ပထမ ၂ ပွဲကို Nadal က ၇-၅၊ ၆-၃ နဲ့နိုင်ပြီး တတိယပွဲကို Medvedev က ၇-၅ နဲ့ ပြန်နိုင်ပါတယ်။ ဒါ့အပြင် စတုတ္ထပွဲကိုလည်း Medvedev က ၆-၄ နဲ့ နိုင်တာကြောင့် နောက်ဆုံး ၅ ပွဲမြောက်အထိ ဆက်ကစားခဲ့ကြတာမှာ Nadal က ၆-၄ နဲ့နိုင်ပြီး ချန်ပီယံဖြစ်သွားပါတယ်။

Nadal ဟာ U.S. Open ကို အရင်က ၂၀၁၀၊ ၂၀၁၃ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ၃ ကြိမ် ဗိုလ်စွဲထားတာကြောင့် ဒီတကြိမ်ဟာ သူ့အတွက်တော့ U.S. Open ကို ၄ ကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပါတယ်။ အခုလို U.S. Open ကို ထပ်ပြီး အနိုင်ရလိုက်တဲ့အတွက် Nadal ဟာ အခုဆိုရင် ဂရန်းစလမ်းဆုကို စုစုပေါင်း ၁၉ ကြိမ်မြောက် ရသွားပြီး Roger Federer ရဲ့ စံချိန်ကို မီဖို့အတွက် ၁ ကြိမ်ပဲလိုတော့တာ ဖြစ်ပါတယ်။

အမျိုးသားဘက်မှာတော့ Federer က ဂရန်းစလမ်းကို အကြိမ် ၂၀ နဲ့ အများဆုံး စံချိန်တင်ထားပြီး Nadal က ၁၉ ကြိမ်နဲ့ ဒုတိယ၊ ဂျိုကိုဗစ်ချ်က ၁၆ ကြိမ်နဲ့ တတိယ အများဆုံး ရထားကြတာဖြစ်ပါတယ်။

Nadal ဟာ ချန်ပီယံဖြစ်သွားတဲ့အတွက် ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၃.၈၅ သန်း ရရှိသွားပြီး Medvedev ကတော့ ဒုတိယဆုအဖြစ် အမေရိကန်ဒေါ်လာ ၁.၉ သန်း ရသွားပါတယ်။

XS
SM
MD
LG