သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US Open အမျိုးသမီးတင်းနစ် ၁၉ နှစ်သမီး Andreescu က Serena Wlliams ကို အနိုင်ရ ဗိုလ်စွဲ


ကနေဒါတင်းနစ်မယ် Bianca Andreescu
ကနေဒါတင်းနစ်မယ် Bianca Andreescu

U.S. Open တင်းနစ် အမျိုးသမီး တဦးချင်း နောက်ဆုံးဖိုင်နယ်မှာတော့ ကနေဒါနိုင်ငံက အသက် ၁၉ နှစ်အရွယ် Bianca Andreescu က အမေရိကန်က နာမည်ကြီး Serena Williams ကို အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။

အမျိုးသမီးတဦးချင်း ဖိုင်နယ်ကို စနေနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကစားကြတာမှာ Andreescu က Serena ကို ၆-၃၊ ၇-၅ နဲ့ ၂ ပွဲပြတ် အနိုင်ရပြီး ချန်ပီယံဖြစ်သွားတာပါ။

ပထမပွဲမှာ Andreescu က ပွဲစစချင်းမှာပဲ Serena ရဲ့ ဆားဗစ်ကို အနိုင်ရခဲ့တာကြောင့် ရှေ့ကနေ ဦးဆောင်ခဲ့ပါတယ်။ Andreescu ရဲ့ ရိုက်ချက်တွေက ပြင်းသလို ဆရီနာရဲ့ ဆားဗစ်္စတွေကို တန်ပြန်ရိုက်တာမှာ အားပြင်းပြင်းနဲ့ ရိုက်နိုင်ခဲ့တာကြောင့် ဆရီနာအတွက် အခက်တွေ့စေပြီး ပထမပွဲကို သူက ၆-၃ နဲ့ နိုင်ခဲ့တာပါ။

ဒုတိယပွဲမှာတော့ Andreescu ဟာ ၅-၁ နဲ့ ဦးဆောင်နေပြီးမှ ဆရီနာက ၄ ပွဲ ဆက်တိုက် ပြန်နိုင်တာကြောင့် ၅- ၅ အထိ သရေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ Andreescu က ၇-၅ နဲ့နိုင်ပြီး U.S. Open ကို ဗိုလ်စွဲသွားခဲ့တာပါ။

Andreescu အတွက်တော့ ဒါဟာ ပထမဆုံး ဂရန်းစလမ်းဆုဖလား ဖြစ်သလို ကနေဒါနိုင်ငံသားတွေထဲကလည်း ဂရန်းစလမ်း မေဂျာဆုဖလားကို ပထမဆုံး အနိုင်ရလိုက်တဲ့သူ ဖြစ်ပါတယ်။

ဆရီနာဟာ ဒီပွဲရှုံးသွားတဲ့အတွက် တချိန်က Margaret Court တင်ထားတဲ့ ဂရန်းစလမ်းဆုဖလား ၂၄ ကြိမ် စံချိန်ကိုမီဖို့ အခွင့်အရေးတခု လက်လွှတ်လိုက်ရပြန်ပါတယ်။

ဒီပွဲကို အနိုင်ရလိုက်တဲ့အတွက် Andreescu ဟာ ဆုကြေးငွေအဖြစ်နဲ့ အမေရိကန်ဒေါ်လာ ၃.၈၅ သန်း ရရှိသွားခဲ့ပြီး ဆရီနာကတော့ ဒုတိယဆုအဖြစ်နဲ့ အမေရိကန်ဒေါ်လာ ၁.၉ သန်း ရသွားခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာတော့ U.S Open တင်းနစ် အမျိုးသားတဦးချင်း နောက်ဆုံးဖိုင်နယ်ပွဲကို ရုရှားက Daniil Medvedev နဲ့ ကမ္ဘာ့နံပါတ် ၂ စပိန်က Rafael Nadal တို့ ဗိုလ်လုကြမှာ ဖြစ်ပါတယ်။

US Open အမျိုးသမီးတင်းနစ် ၁၉ နှစ်သမီး Andreescu က Serena Wlliams ကို အနိုင်ရ ဗိုလ်စွဲ
please wait

No media source currently available

0:00 0:00:25 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG