သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၾသစေၾတးလ်အိုးပင္းတင္းနစ္ Djokovic ၈ ႀကိမ္ေျမာက္ဗိုလ္စဲြ


ဆုဖလားႏွင့္ ေအာင္ပြဲခံေနသည့္ Djokovic. (ေဖေဖာ္ဝါရီ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

ၾသစေၾတးလ်အုိးပင္းတင္းနစ္ အမ်ိဳးသား တဦးခ်င္းၿပိဳင္ပဲြမွာေတာ့ ဆားဘီးယားႏုိင္ငံသား Novak Djokovic က အႏုိင္ရၿပီး ၈ ႀကိမ္ေျမာက္ ဗုိလ္စဲြသြားပါတယ္။

အမ်ိဳးသားတဦးခ်င္း ေနာက္ဆုံးဖုိင္နယ္ကို မဲလ္ဘုန္းၿမိဳ႕က Rod Laver ကြင္းႀကီးမွာ ကစားၾကတာမွာ လက္ရွိခ်န္ပီယံ Djokovic နဲ႔ ၾသစႀတီးယားက Dominic Thiem အႀကိတ္အနယ္ ကစားခဲ့ၾကၿပီး Djokovic က ၆-၄၊ ၄-၆၊ ၂-၆၊ ၆-၄၊ ၆-၄ နဲ႔ႏုိင္ၿပီး ခ်န္ပီယံ ျဖစ္သြားတာပါ။

Djokovic က အဖြင့္ပဲြကို ႏုိင္ခဲ့ေပမယ့္ ဒုတိယနဲ႔ တတိယပဲြေတြမွာ Thiem က ျပန္ႏုိင္တာေၾကာင့္ Djokovic ဟာ ေနာက္ကေန လိုက္ကစားခဲ့ရပါတယ္။ ဒါေပမယ့္ စတုတၳပဲြနဲ႔ ပၪၥမပဲြေတြမွာေတာ့ Djokovic က ၂ ပဲြစလုံးကို ၆-၄ နဲ႔ ျပန္ႏုိင္ၿပီး ၾသစေၾတးလ်အိုးပင္းကို ၈ ႀကိမ္ေျမာက္ ဗုိလ္စဲြသြားတာပါ။

Djokovic ကေတာ့ ၾသစေၾတးလ်အိုးပင္းၿပိဳင္ပဲြဟာ သူ႔အႀကိဳက္ဆုံးၿပိဳင္ပဲြ၊ သေဘာအက်ဆုံးကြင္းျဖစ္ၿပီး အခုလို ၾသစေၾတးလ်အိုးပင္း ဆုဖလားႀကီးကို ေနာက္တႀကိမ္ ထပ္ၿပီးရတဲ့အတြက္ သိပ္ကိုကံထူးတယ္လို႔ ပဲြအၿပီးမွာ ေျပာပါတယ္။

Djokovic ဟာ အခုလို အႏုိင္ရလိုက္တဲ့အတြက္ ဂရန္းစလမ္းကို ၁၇ ႀကိမ္ေျမာက္ ဗုိလ္စဲြသြားတာပါ။

အမ်ိဳးသားဘက္မွာ Roger Federer က ဂရန္းစလမ္းကို အႀကိမ္ ၂၀ နဲ႔ အမ်ားဆုံး ရထားၿပီး စပိန္ႏုိင္ငံသား Rafael Nadal က ၁၉ ႀကိမ္နဲ႔ ဒုတိယအမ်ားဆုံး ရထားၿပီး Djokovic က ၁၇ ႀကိမ္နဲ႔ တတိယအမ်ားဆုံး ရထားတာျဖစ္ပါတယ္။

Djokovic ဟာ ဒီပဲြႏုိင္လိုက္တဲ့အတြက္ ဆုေၾကးေငြအျဖစ္နဲ႔ အေမရိကန္ေဒၚလာ ၂.၉ သန္းခဲြေလာက္ ရရွိသြားခဲ့ပါတယ္။ Dominic Thiem ကေတာ့ ဒီပဲြ႐ႈံးသြားတဲ့အတြက္ ဂရန္းစလမ္းဆုဖလားကို တတိယအႀကိမ္ေျမာက္ လဲြေခ်ာ္သြားခဲ့တာ ျဖစ္ပါတယ္။

-------------------------------

(Unicode)

သြစတြေးလျအိုးပင်းတင်းနစ် Djokovic ၈ ကြိမ်မြောက်ဗိုလ်စွဲ

သြစတြေးလျအိုးပင်းတင်းနစ် အမျိုးသား တဦးချင်းပြိုင်ပွဲမှာတော့ ဆားဘီးယားနိုင်ငံသား Novak Djokovic က အနိုင်ရပြီး ၈ ကြိမ်မြောက် ဗိုလ်စွဲသွားပါတယ်။

အမျိုးသားတဦးချင်း နောက်ဆုံးဖိုင်နယ်ကို မဲလ်ဘုန်းမြို့က Rod Laver ကွင်းကြီးမှာ ကစားကြတာမှာ လက်ရှိချန်ပီယံ Djokovic နဲ့ သြစတြီးယားက Dominic Thiem အကြိတ်အနယ် ကစားခဲ့ကြပြီး Djokovic က ၆-၄၊ ၄-၆၊ ၂-၆၊ ၆-၄၊ ၆-၄ နဲ့နိုင်ပြီး ချန်ပီယံ ဖြစ်သွားတာပါ။

Djokovic က အဖွင့်ပွဲကို နိုင်ခဲ့ပေမယ့် ဒုတိယနဲ့ တတိယပွဲတွေမှာ Thiem က ပြန်နိုင်တာကြောင့် Djokovic ဟာ နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ ဒါပေမယ့် စတုတ္ထပွဲနဲ့ ပဉ္စမပွဲတွေမှာတော့ Djokovic က ၂ ပွဲစလုံးကို ၆-၄ နဲ့ ပြန်နိုင်ပြီး သြစတြေးလျအိုးပင်းကို ၈ ကြိမ်မြောက် ဗိုလ်စွဲသွားတာပါ။

Djokovic ကတော့ သြစတြေးလျအိုးပင်းပြိုင်ပွဲဟာ သူ့အကြိုက်ဆုံးပြိုင်ပွဲ၊ သဘောအကျဆုံးကွင်းဖြစ်ပြီး အခုလို သြစတြေးလျအိုးပင်း ဆုဖလားကြီးကို နောက်တကြိမ် ထပ်ပြီးရတဲ့အတွက် သိပ်ကိုကံထူးတယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။

Djokovic ဟာ အခုလို အနိုင်ရလိုက်တဲ့အတွက် ဂရန်းစလမ်းကို ၁၇ ကြိမ်မြောက် ဗိုလ်စွဲသွားတာပါ။

အမျိုးသားဘက်မှာ Roger Federer က ဂရန်းစလမ်းကို အကြိမ် ၂၀ နဲ့ အများဆုံး ရထားပြီး စပိန်နိုင်ငံသား Rafael Nadal က ၁၉ ကြိမ်နဲ့ ဒုတိယအများဆုံး ရထားပြီး Djokovic က ၁၇ ကြိမ်နဲ့ တတိယအများဆုံး ရထားတာဖြစ်ပါတယ်။

Djokovic ဟာ ဒီပွဲနိုင်လိုက်တဲ့အတွက် ဆုကြေးငွေအဖြစ်နဲ့ အမေရိကန်ဒေါ်လာ ၂.၉ သန်းခွဲလောက် ရရှိသွားခဲ့ပါတယ်။ Dominic Thiem ကတော့ ဒီပွဲရှုံးသွားတဲ့အတွက် ဂရန်းစလမ်းဆုဖလားကို တတိယအကြိမ်မြောက် လွဲချော်သွားခဲ့တာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG