(Zawgyi / Unicode)
ၾသစေၾတးလ်အုိးပင္းတင္းနစ္ အမ်ိဳးသမီး တဦးခ်င္းၿပိဳင္ပဲြမွာေတာ့ အေမရိကန္က Sofia Kenin က အႏုိင္ရၿပီး ခ်န္ပီယံျဖစ္သြားပါတယ္။
အမ်ိဳးသမီး တဦးခ်င္းဖုိင္နယ္ကို မဲလ္ဘုန္းၿမိဳ႕မွာ ဒီကေန႔ စေနေန႔က ကစားၾကတာမွာ အေမရိကန္က အသက္ ၂၁ အရြယ္ Sofia Kenin က စပိန္ႏုိင္ငံသား Garbine Muguruza ကို ၄-၆၊ ၆-၂၊ ၆-၂ နဲ႔ အႏုိင္ရသြားပါတယ္။
ဒါဟာ Kenin အတြက္ေတာ့ ၾသစေၾတးလ်အိုးပင္းကို ပထမဆုံးအႀကိမ္ ဗုိလ္စဲြတာျဖစ္တဲ့အျပင္ သူမရဲ႕ ပထမဆုံး ဂရန္းစလမ္းဆုဖလားလည္း ျဖစ္ပါတယ္။
အခုလို အႏုိင္ရသြားတဲ့အတြက္ သူ႔ရဲ႕အိပ္မက္ေတြ အမွန္တကယ္ ျဖစ္လာခဲ့တယ္လို႔ Kenin က ပဲြအၿပီးမွာ ေျပာပါတယ္။
ၾသစေၾတးလ်အိုးပင္းကို အႏုိင္ရဖူးတဲ့သူေတြထဲမွာ ၂၀၀၈ ခုႏွစ္က ႐ုရွားႏုိင္ငံသူ Maria Sharapova ေနာက္ပိုင္း Kenin ဟာ အသက္အငယ္ဆုံး ျဖစ္ပါတယ္။
Kenin ဟာ ၾသစေၾတးလ်အိုးပင္းကို ဗုိလ္စဲြသြားတဲ့အတြက္ ဆုေၾကးေငြအျဖစ္နဲ႔ အေမရိကန္ေဒၚလာ ၂.၉ သန္းေက်ာ္ ရသြားခဲ့ပါတယ္။
အမ်ိဳးသားတဦးခ်င္း ဖုိင္နယ္ကိုေတာ့ မနက္ျဖန္မွာ ကစားၾကမွာျဖစ္ၿပီး ဆားဘီးယားက ကမာၻ႔အဆင့္ ၂ Novak Djokovic နဲ႔ ၾသစႀတီးယားႏုိင္ငံက အဆင့္ ၅ Dominic Thiem တုိ႔ ဗုိလ္လုၾကမွာျဖစ္ပါတယ္။
---------------------------------
(Unicode)
သြစတြေးလျအိုးပင်း အမျိုးသမီးပွဲ ကန်က Sofia Kenin ဗိုလ်စွဲ
သြစတြေးလျအိုးပင်းတင်းနစ် အမျိုးသမီး တဦးချင်းပြိုင်ပွဲမှာတော့ အမေရိကန်က Sofia Kenin က အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။
အမျိုးသမီး တဦးချင်းဖိုင်နယ်ကို မဲလ်ဘုန်းမြို့မှာ ဒီကနေ့ စနေနေ့က ကစားကြတာမှာ အမေရိကန်က အသက် ၂၁ အရွယ် Sofia Kenin က စပိန်နိုင်ငံသား Garbine Muguruza ကို ၄-၆၊ ၆-၂၊ ၆-၂ နဲ့ အနိုင်ရသွားပါတယ်။
ဒါဟာ Kenin အတွက်တော့ သြစတြေးလျအိုးပင်းကို ပထမဆုံးအကြိမ် ဗိုလ်စွဲတာဖြစ်တဲ့အပြင် သူမရဲ့ ပထမဆုံး ဂရန်းစလမ်းဆုဖလားလည်း ဖြစ်ပါတယ်။
အခုလို အနိုင်ရသွားတဲ့အတွက် သူ့ရဲ့အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့တယ်လို့ Kenin က ပွဲအပြီးမှာ ပြောပါတယ်။
သြစတြေးလျအိုးပင်းကို အနိုင်ရဖူးတဲ့သူတွေထဲမှာ ၂၀၀၈ ခုနှစ်က ရုရှားနိုင်ငံသူ Maria Sharapova နောက်ပိုင်း Kenin ဟာ အသက်အငယ်ဆုံး ဖြစ်ပါတယ်။
Kenin ဟာ သြစတြေးလျအိုးပင်းကို ဗိုလ်စွဲသွားတဲ့အတွက် ဆုကြေးငွေအဖြစ်နဲ့ အမေရိကန်ဒေါ်လာ ၂.၉ သန်းကျော် ရသွားခဲ့ပါတယ်။
အမျိုးသားတဦးချင်း ဖိုင်နယ်ကိုတော့ မနက်ဖြန်မှာ ကစားကြမှာဖြစ်ပြီး ဆားဘီးယားက ကမ္ဘာ့အဆင့် ၂ Novak Djokovic နဲ့ သြစတြီးယားနိုင်ငံက အဆင့် ၅ Dominic Thiem တို့ ဗိုလ်လုကြမှာဖြစ်ပါတယ်။