(Zawgyi / Unicode)
လက္ဘႏြန္ႏိုင္ငံ ေဘရြတ္ၿမိဳ႕ ဆိပ္ကမ္းမွာ ၿပီးခဲ့တဲ့ အဂၤါေန႔တုန္းက လူ ၁၅၈ ေယာက္ ေသဆုံးၿပီး ၆,၀၀၀ ေက်ာ္ ဒဏ္ရာရခဲ့တဲ့ ေပါက္ကြဲမႈႀကီးအတြက္ လက္ဘႏြန္ကို ကူညီေထာက္ပံ့ေရး ရန္ပုံေငြ ျမႇင့္တင္ဖို႔ ႏိုင္ငံတကာ အလွဴရွင္ေတြနဲ႔ ႐ုပ္သံေဆြးေႏြးပြဲတခုကို ျပင္သစ္သမၼတ Emmanuel Macron ဦးေဆာင္ျပဳလုပ္သြားဖို႔ ရွိပါတယ္။ ကုလသမဂၢ ေက်ာေထာက္ေနာက္ခံ ေပးထားတဲ့ ဒီေဆြးေႏြးပြဲကို လာမယ့္ အဂၤါေန႔မွာ ျပဳလုပ္ဖို႔ စီစဥ္ထားတာပါ။
သမၼတ Emmanuel Macron၊ လက္ဘႏြန္သမၼတ Michel Aoun တို႔နဲ႔ တယ္လီဖုန္းနဲ႔ ဆက္သြယ္ေျပာဆိုအၿပီး ေသာၾကာေန႔က အေမရိကန္သမၼတ Donald Trump က လက္ဘႏြန္အေပၚ ႏိုင္ငံတိုင္းက အကူအညီေပးလိုေၾကာင္း တြစ္တာစာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။
ဒီကိစၥအတြက္ ဒီကေန႔ တနဂၤေႏြေန႔မွာ သမၼတ Macron၊ လက္ဘႏြန္ အပါအဝင္ တျခားႏိုင္ငံက ေခါင္းေဆာင္ပိုင္းေတြနဲ႔ ေဆြးေႏြးသြားဖို႔ရွိေၾကာင္းလည္း သူက ေျပာတာပါ။
လတ္တေလာမွာပဲ သမၼတ Trump ရဲ႕ လမ္းၫႊန္ခ်က္နဲ႔ အေမရိကန္က လက္ဘႏြန္ကို အေရးေပၚ ကူညီေထာက္ပံ့ေရး အစားအစာ၊ ေရနဲ႔ ေဆးဝါးေတြကို ေပးပို႔ခဲ့တာပါ။ ဒါ့အျပင္ အေမရိကန္က ကနဦး ေထာက္ပံ့ေၾကး ေဒၚလာ ၁၇ သန္းေက်ာ္ ေပးအပ္ဖို႔လည္း ကတိျပဳထားပါတယ္။
ဒီလို ေပါက္ကြဲမႈျဖစ္ပြားၿပီး လူ ၁၅၀ ေက်ာ္ ေသဆုံးခဲ့တဲ့အေပၚ မေက်နပ္တဲ့အတြက္ စေနေန႔က ဆႏၵျပသူေတြကို လုံၿခဳံေရးတပ္ဖြဲ႔ေတြက အင္အားသုံး ႏွိမ္နင္းခဲ့ပါတယ္။
ေဘရြတ္ၿမိဳ႕လယ္က လႊတ္ေတာ္အေဆာက္အအုံအနီး ခ်ဥ္းကပ္လာတဲ့ ဆႏၵျပသူတခ်ိဳ႕က ပစၥည္းအပိုင္းအစေတြကို မီးတင္႐ႈိ႕ၿပီး လုံၿခဳံေရးတပ္ဖြဲ႔ေတြကို ေက်ာက္ခဲေတြနဲ႔ ပစ္ေပါက္ခဲ့တာေၾကာင့္ ရဲေတြက မ်က္ရည္ယိုဗုံးေတြသုံးၿပီး လူစုခြဲခဲ့တာပါ။
ႏုိင္ငံတြင္း စီးပြားပ်က္ကပ္နဲ႔ ႀကဳံရမယ့္ အေျခအေန ဆိုက္ေနခ်ိန္မွာ အက်င့္ပ်က္ ျခစားၿပီး စီမံခန႔္ခြဲမႈ ညံ့ဖ်င္းတဲ့ ႏိုင္ငံေရးသမားေတြေၾကာင့္ ခုလို ေဘးအႏၲရာယ္မ်ားလွတဲ့ ေပါက္ကြဲမႈႀကီး ေပၚေပါက္ခဲ့ရတာဆိုၿပီး လက္ဘႏြန္ႏိုင္ငံသား အေတာ္မ်ားမ်ားက ျပစ္တင္ ေျပာဆိုၾကပါတယ္။
-----------------------------
(Unicode)
ဘေရွတ်ပေါက်ကွဲထိခိုက်မှု အကူအညီပေးရေး ပြင်သစ်ဦးဆောင်
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက လူ ၁၅၈ ယောက် သေဆုံးပြီး ၆,၀၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုကြီးအတွက် လက်ဘနွန်ကို ကူညီထောက်ပံ့ရေး ရန်ပုံငွေ မြှင့်တင်ဖို့ နိုင်ငံတကာ အလှူရှင်တွေနဲ့ ရုပ်သံဆွေးနွေးပွဲတခုကို ပြင်သစ်သမ္မတ Emmanuel Macron ဦးဆောင်ပြုလုပ်သွားဖို့ ရှိပါတယ်။ ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပေးထားတဲ့ ဒီဆွေးနွေးပွဲကို လာမယ့် အင်္ဂါနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတာပါ။
သမ္မတ Emmanuel Macron၊ လက်ဘနွန်သမ္မတ Michel Aoun တို့နဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုအပြီး သောကြာနေ့က အမေရိကန်သမ္မတ Donald Trump က လက်ဘနွန်အပေါ် နိုင်ငံတိုင်းက အကူအညီပေးလိုကြောင်း တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဒီကိစ္စအတွက် ဒီကနေ့ တနင်္ဂနွေနေ့မှာ သမ္မတ Macron၊ လက်ဘနွန် အပါအဝင် တခြားနိုင်ငံက ခေါင်းဆောင်ပိုင်းတွေနဲ့ ဆွေးနွေးသွားဖို့ရှိကြောင်းလည်း သူက ပြောတာပါ။
လတ်တလောမှာပဲ သမ္မတ Trump ရဲ့ လမ်းညွှန်ချက်နဲ့ အမေရိကန်က လက်ဘနွန်ကို အရေးပေါ် ကူညီထောက်ပံ့ရေး အစားအစာ၊ ရေနဲ့ ဆေးဝါးတွေကို ပေးပို့ခဲ့တာပါ။ ဒါ့အပြင် အမေရိကန်က ကနဦး ထောက်ပံ့ကြေး ဒေါ်လာ ၁၇ သန်းကျော် ပေးအပ်ဖို့လည်း ကတိပြုထားပါတယ်။
ဒီလို ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၅၀ ကျော် သေဆုံးခဲ့တဲ့အပေါ် မကျေနပ်တဲ့အတွက် စနေနေ့က ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး နှိမ်နင်းခဲ့ပါတယ်။
ဘေရွတ်မြို့လယ်က လွှတ်တော်အဆောက်အအုံအနီး ချဉ်းကပ်လာတဲ့ ဆန္ဒပြသူတချို့က ပစ္စည်းအပိုင်းအစတွေကို မီးတင်ရှို့ပြီး လုံခြုံရေးတပ်ဖွဲ့တွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့တာပါ။
နိုင်ငံတွင်း စီးပွားပျက်ကပ်နဲ့ ကြုံရမယ့် အခြေအနေ ဆိုက်နေချိန်မှာ အကျင့်ပျက် ခြစားပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ နိုင်ငံရေးသမားတွေကြောင့် ခုလို ဘေးအန္တရာယ်များလှတဲ့ ပေါက်ကွဲမှုကြီး ပေါ်ပေါက်ခဲ့ရတာဆိုပြီး လက်ဘနွန်နိုင်ငံသား အတော်များများက ပြစ်တင် ပြောဆိုကြပါတယ်။