(Zawgyi/Unicode)
Lebanon အစိုးရဝန္ႀကီးမ်ားအဖြဲ႔က ေဘရြတ္ၿမိဳ႕ကို သီတင္း ၂ ပတ္ - ႏိုင္ငံေတာ္ အေရးေပၚ အေျခေနေၾကညာလိုက္ပါတယ္။ ဒါ့အျပင္ လူေပါင္းတရာေက်ာ္ ေသဆံုးခဲ့ရတဲ့ ေဘရြတ္ၿမိဳ႕က ဆိပ္ကမ္းကုန္ေလွာင္ရံု ေပါက္ကြဲမႈနဲ႔ ဆက္ႏြယ္ေနသူမွန္သမွ်ကို ေနအိမ္အက်ယ္ခ်ဳပ္ ခ်ထားဖို႔ လည္း Lebanon အစိုးရက စစ္တပ္ကိုအမိန္႔ ေပးခဲ့ပါတယ္။
အဂၤါေန႔က ေပါက္ကြဲမႈေတြ ဆက္တိုက္ျဖစ္ပြါးခဲ့ၿပီးတဲ့ ေနာက္မွာအခုလို အေရးေပၚအေျခေန ေၾကညာလိုက္တာ ျဖစ္ၿပီး ဒီအေျခေနမွာ စစ္တပ္ကို အာဏာအျပည့္ေပးထားတာ ျဖစ္ပါတယ္။
ေပါက္ကြဲမႈ ျဖစ္ပြါးရတဲ့ အေၾကာင္းရင္း အတိအက်ကို ခုထိ ရွင္းရွင္းလင္းလင္း မသိရေသးေပမယ့္ အခု ေပါက္ကြဲခဲ့တဲ့ သိုေလွာင္ရံုေတြမွာ လြန္ခဲ့တဲ့ ၆ ႏွစ္ကတည္းက အမိုနီယမ္ ႏုိက္ထရိတ္ တန္ေပါင္းမ်ားစြာ သိုေလွာင္ထားတာေၾကာင့္ ဒါနဲ႔ပတ္သက္ၿပီး အဓိကထား ဆန္းစစ္ေနေၾကာင္း Lebanon အရာရွိေတြက ေျပာပါတယ္။
ေပါက္ကြဲမႈကေန ပတ္ဝန္းက်င္ တခုလံုးကို ပ်က္စီးေစခဲ့သလို ေသဆံုးရသူက ၁၃၅ ထက္မနည္း ရွိၿပီး ဒဏ္ရာရသူက ၅၀၀၀ ေက်ာ္ရွိေနတယ္လို႔ Lebanon က်န္းမာေရးဝန္ႀကီး Hamad Hassan က ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။
ေဘရြတ္အုပ္ခ်ဳပ္ေရးမႈး Marwan Abboud ကေတာ့ ဒီေပါက္ကြဲမႈကေန လူေပါင္း ၃ သိန္းေလာက္ အိုးမဲ့အိမ္မဲ့ ျဖစ္သြားမယ္လို႔ ခန္႔မွန္းပါတယ္။ Lebanonဝန္ႀကီးခ်ဳပ္ Hassan Diab က ႏိုင္ငံေတာ္မွာ ၃ ရက္ၾကာ ေၾကကြဲဝမ္းနဲဖြယ္ေန႔ အထိန္းအမွတ္ အျဖစ္ေၾကညာခဲ့ပါတယ္။
ကယ္ဆယ္ကူညီေရး အဖြဲ႔ေတြဟာ ဗုဒၶဟူးေန႔အထိ အသက္မေသက်န္ရစ္သူေတြကို ဆက္ၿပီး ရွာေဖြေနဆဲ ျဖစ္ပါတယ္။ ေပါက္ကြဲမႈေၾကာင့္ ေဘရြတ္က ေဆးရံု ၃ ရံု အေတာ္ပ်က္စီးခဲ့ရသလို ေနာက္ ေဆးရံု ၂ ရံုမွာလည္း တခ်ိဳ႕ အပိုင္းေတြပ်က္စီးခဲ့ရတဲ့ အတြက္ အျပည့္အဝ မလည္ပတ္ႏိုင္ဘူးလို႔ WHO ကမာၻက်န္းမာေရးအဖြဲ႔က ေျပာပါတယ္။ ေပါက္ကြဲမႈကေန အဆိပ္ဓါတ္ေငြ႔ေတြ ထြက္လာတဲ့အတြက္ ေနအိမ္ေတြထဲမွာပဲ ေနၾကဖုိ႔ ေဘရြတ္က အေမရိကန္ သံရံုးက တိုက္တြန္းေနပါတယ္။
.............
ဘေရွတ်ပေါက်ကွဲမှုကြောင့် လက်ဘနွန်မှာ သီတင်း ၂ ပတ် အရေးပေါ်အခြေအနေ ကြေညာ
(Unicode)
Lebanon အစိုးရဝန်ကြီးများအဖွဲ့က ဘေရွတ်မြို့ကို သီတင်း ၂ ပတ် - နိုင်ငံတော် အရေးပေါ် အခြေနေကြေညာလိုက်ပါတယ်။ ဒါ့အပြင် လူပေါင်းတရာကျော် သေဆုံးခဲ့ရတဲ့ ဘေရွတ်မြို့က ဆိပ်ကမ်းကုန်လှောင်ရုံ ပေါက်ကွဲမှုနဲ့ ဆက်နွယ်နေသူမှန်သမျှကို နေအိမ်အကျယ်ချုပ် ချထားဖို့ လည်း Lebanon အစိုးရက စစ်တပ်ကိုအမိန့် ပေးခဲ့ပါတယ်။
အင်္ဂါနေ့က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွါးခဲ့ပြီးတဲ့ နောက်မှာအခုလို အရေးပေါ်အခြေနေ ကြေညာလိုက်တာ ဖြစ်ပြီး ဒီအခြေနေမှာ စစ်တပ်ကို အာဏာအပြည့်ပေးထားတာ ဖြစ်ပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွါးရတဲ့ အကြောင်းရင်း အတိအကျကို ခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အခု ပေါက်ကွဲခဲ့တဲ့ သိုလှောင်ရုံတွေမှာ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက အမိုနီယမ် နိုက်ထရိတ် တန်ပေါင်းများစွာ သိုလှောင်ထားတာကြောင့် ဒါနဲ့ပတ်သက်ပြီး အဓိကထား ဆန်းစစ်နေကြောင်း Lebanon အရာရှိတွေက ပြောပါတယ်။
ပေါက်ကွဲမှုကနေ ပတ်ဝန်းကျင် တခုလုံးကို ပျက်စီးစေခဲ့သလို သေဆုံးရသူက ၁၃၅ ထက်မနည်း ရှိပြီး ဒဏ်ရာရသူက ၅၀၀၀ ကျော်ရှိနေတယ်လို့ Lebanon ကျန်းမာရေးဝန်ကြီး Hamad Hassan က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဘေရွတ်အုပ်ချုပ်ရေးမှုး Marwan Abboud ကတော့ ဒီပေါက်ကွဲမှုကနေ လူပေါင်း ၃ သိန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားမယ်လို့ ခန့်မှန်းပါတယ်။ Lebanonဝန်ကြီးချုပ် Hassan Diab က နိုင်ငံတော်မှာ ၃ ရက်ကြာ ကြေကွဲဝမ်းနဲဖွယ်နေ့ အထိန်းအမှတ် အဖြစ်ကြေညာခဲ့ပါတယ်။
ကယ်ဆယ်ကူညီရေး အဖွဲ့တွေဟာ ဗုဒ္ဓဟူးနေ့အထိ အသက်မသေကျန်ရစ်သူတွေကို ဆက်ပြီး ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် ဘေရွတ်က ဆေးရုံ ၃ ရုံ အတော်ပျက်စီးခဲ့ရသလို နောက် ဆေးရုံ ၂ ရုံမှာလည်း တချို့ အပိုင်းတွေပျက်စီးခဲ့ရတဲ့ အတွက် အပြည့်အဝ မလည်ပတ်နိုင်ဘူးလို့ WHO ကမ္ဘာကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ပေါက်ကွဲမှုကနေ အဆိပ်ဓါတ်ငွေ့တွေ ထွက်လာတဲ့အတွက် နေအိမ်တွေထဲမှာပဲ နေကြဖို့ ဘေရွတ်က အမေရိကန် သံရုံးက တိုက်တွန်းနေပါတယ်။