သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဘရြတ္ေပါက္ကြဲမႈမွာ တာ၀န္ရွိသူေတြကုိအေရးယူဖုိ႔ စုံစမ္းစစ္ေဆးမႈေတြ စတင္


ေဘရြတ္ၿမိဳ႕ေတာ္ ေပါက္ကြဲမႈႀကီးကို စတင္ စံုစမ္းစစ္ေဆးေန

(Zawgyi/Unicode)

လက္ဘႏြန္ ႏုိင္ငံ ေဘရြတ္ၿမိဳ႕ေတာ္မွာ အဂၤါေန႔ ညက ေပါက္ကြဲမႈႀကီးကို စတင္ စံုစမ္းစစ္ေဆးေနတဲ႔ အေျခအေနေတြကို မ သိဂၤ ီထုိက္ စုစည္း တင္ျပေပးပါမယ္။

အဂၤါညက ေပါက္ကြဲမႈႀကီးေၾကာင့္ ေဘရြတ္ၿမိဳ႕ေတာ္ ဆိပ္ကမ္းနဲ႔ အနီး၀န္းက်င္ မိုင္ခ်ီေ၀းတဲ႔ ေနရာေတြက အေဆာက္အအံုေတြပါ ပ်က္စီးခဲ႔ရတာပါ။ အခုေတာ့ ဆိပ္ကမ္းက ေပါက္ကြဲမႈ အပ်က္အစီးေတြၾကားမွာ စံုစမ္းစစ္ေဆးေရးမွဴးေတြ သဲလြန္စေတြကို စတင္ ရွာေဖြေနပါၿပီ။

ေပါက္ကြဲမႈႀကီး ျဖစ္ခဲ႔တဲ႔ အမိုနီယမ္ ႏိုက္ထရိတ္ တန္ခ်ိန္ ၂,၇၅၀ ကုိ ဆိပ္ကမ္းမွာ ၆ ႏွစ္ၾကာ သိုေလွာင္ထားတဲ႔ ကိစၥကုိ အဓိကထား စစ္ေဆးေနၾကတာပါ။ ဓာတ္ေျမၾသဇာမွာ သံုးတဲ႔ ေပါက္ကြဲမႈ ျပင္းထန္တဲ႔ အမုိနီယမ္ ႏိုက္ထရိတ္ တန္ခ်ိန္၂,၇၅၀ ကို ဘာေၾကာင့္ ဒီအတိုင္း ထားခဲ႔သလဲ ဆိုတာကိုလည္း စစ္ေဆးေနပါတယ္။

ဗုဒၶဟူးေန႔မွာ သီးတင္း ၂ ပတ္ ႏုိင္ငံအေရးေပၚ အေျခအေန ေၾကညာလိုက္ၿပီး ေပါက္ကြဲမႈနဲ႔ ပတ္သက္ဆက္ႏြယ္တဲ႔ အာဏာပိုင္ေတြကို ေနအိမ္မွာ ထိန္းသိမ္းထားဖို႔လည္း စစ္တပ္ကို ညႊန္ၾကားထားပါတယ္။ သမၼတ Michel Aoun က သမၼတ နန္းေတာ္ အစည္းအေ၀း မစခင္မွာ ေၾကကြဲ၀မ္းနည္းမႈ အထိမ္းအမွတ္ အေနနဲ႔ တမိနစ္ ၿငိမ္းသက္ခဲ႔ၾကပါတယ္။

“ေဘရြတ္ၿမိဳ႕ေတာ္မွာ အဂၤါေန႔ ညက ေပါက္ကြဲမႈႀကီးရဲ႕ ဆိုးရြားမႈကို ေဖာ္ျပစရာ စကားလံုးေတာင္ မရွိပါဘူးတဲ႔။ ေဘးဒဏ္သင့္တဲ႔ ၿမိဳ႕ႀကီး တခု ျဖစ္သြားေစခဲ႔ပါတယ္”လို႔ သမၼတ Michel Aoun ေျပာဆိုခဲ႔တာပါ။

“အသက္ဆံုးရံႈးရသူေတြ၊ ထိခိုက္ဒဏ္ရာ ရသူေတြနဲ႔ ေပ်ာက္ဆံုးေနသူေတြ အတြက္ ပူးေဆြး၀မ္းနည္းေနရပါတယ္။ လက္ဘႏြန္ ျပည္သူေတြၾကား အႀကီးအက်ယ္ ထိတ္လန္႔ တုန္လႈပ္ေနမယ္ဆိုတာ ေသခ်ာပါတယ္။ လက္ဘႏြန္ႏုိင္ငံမွာ စီးပြားေရး အၾကပ္အတည္း၊ က်န္းမာေရး ဆိုင္ရာ ျပသနာႀကီးေတြ အတြင္း ေက်ာ္လႊားႏုိင္ဖို႔ အတြက္ အျပန္အလွန္ ေဖးမမႈနဲ႔ စည္းလံုးညီညြတ္မႈ ရွိၾကပါလို႔ ပန္ၾကားလို္ပါတယ္” လို႔ သမၼတ Michel Aoun ေျပာဆိုခဲ႔တာပါ။

အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီး Mike Pompeo က လက္ဘႏြန္ ၀န္ႀကီးခ်ဳပ္ Hassan Diab ကို တယ္လီဖုန္း ဆက္သြယ္ၿပီး လက္ဘႏြန္ ျပည္သူေတြကို အခိုင္အမာ ကူညီပံ႔ပိုးမယ့္ အေၾကာင္း ေျပာဆိုခဲ႔တယ္လို႔ အေမရိကန္ ႏုိင္ငံျခားေရး ဌာနက ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။ အေမရိကန္ သမၼတ Donald Trump ကလည္း လက္ဘႏြန္ကို ကူညီဖို႔ အဆင္သင့္ရွိေၾကာင္း အဂၤါေန႔က ေျပာဆိုထားပါတယ္။ကယ္ဆယ္ေရး လုပ္သားေတြ အပါအ၀င္ ႏုိင္ငံတခ်ိဳ႕ကေတာ့ လက္ဘႏြန္ကို ကယ္ဆယ္ေရး အကူအညီေတြ စတင္ ပို႔ေဆာင္ေပးေနၾကပါတယ္။

လက္ဘႏြန္နဲ႔ စစ္ေရး တင္းမာေနတဲ႔ အစၥေရးလ္ႏုိင္ငံကလည္း ေဘရြတ္ ေပါက္ကြဲမႈႀကီးေနာက္ လက္ဘႏြန္နဲ႔ စည္းလံုးညီညြတ္စြာ ရပ္တည္ေၾကာင္း ေဖာ္က်ဴးတဲ႔ အေနနဲ႔ Tel Aviv ၿမိဳ႔ ခန္းမႀကီးမွာ လက္ဘႏြန္ အလံကို မီးေရာင္စံုနဲ႔ သရုပ္ေဖာ္ခဲ႔ပါတယ္။အစၥေရးလ္ႏုိင္ငံ Tal Aviv ၿမိဳ႕မွာေနတဲ႔ Fabian Maamari ကေတာ့ သူ႔မိသားစုက လက္ဘႏြန္မွာ ရွိေနတာပါ။

“သိပ္ကို စိတ္လႈပ္ရွားရပါတယ္တဲ႔။ အစၥေရးလ္ႏုိင္ငံ Tel Aviv မွာ လက္ဘႏြန္ အလံကို အခုလို သံုးတာဆိုရင္ သမိုင္းမွာ ပထမဆံုး ျဖစ္သလို အနည္းဆံုးေတာ့ ဒါဟာ သူတို႔နဲ႔ စည္းလံုးညီညြတ္မႈကို ျပသတာပါတဲ႔။ သူ႔အေနနဲ႔ အရမ္းကို စိတ္လႈပ္ရွားရပါတယ္”လို႔ ေျပာပါတယ္။

ေဘရြတ္ၿမိဳ႕ေတာ္ ဆိပ္ကမ္း ေပါက္ကြဲမႈ အတြင္း လူေပါင္း ၁၃၅ ေယာက္ ေသဆံုးၿပီး ၅,၀၀၀ ေလာက္ ဒဏ္ရာရထားၿပီး ဗုဒၶဟူးေန႔ အထိ ေပ်ာက္ဆံုးသူေတြကို ဆက္လက္ ရွာေဖြေနဆဲ ျဖစ္ပါတယ္။ ေပါက္ကြဲမႈေၾကာင့္ ဆံုးရံႈးရမႈကေဒၚလာ ၁၀ ဘီလ်ံကေန ၁၅ ဘီလ်ံထိ ရွိႏိုင္တယ္လို႔ ၿမိဳ႕ေတာ္ အုပ္ခ်ဳပ္ေရးမွဴးက Al Hadath ရုပ္သံကို ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။ ဒီဆံုးရႈံုးမႈထဲမွာ တိုက္ရိုက္ ထိခုိက္ရမႈေတြ အျပင္ ဆက္စပ္ေနတဲ႔ စီးပြားေရး အရ ဆံုးရံႈးမႈေတြလည္း ပါ၀င္တယ္လို႔ ေျပာပါတယ္။

ဒါ႔အျပင္ လက္ရွိမွာ ရိကၡာကလည္း အကန္႔အသတ္နဲ႔သာ ရွိတာေၾကာင့္ ႏုိင္ငံတကာ အကူအညီေတြ မရရင္ အၾကပ္အတည္း ျဖစ္ႏုိင္တယ္လို႔လည္း ေဘရြတ္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာဆိုထားပါတယ္။ ေဘရြတ္ ဆိပ္ကမ္း ေပါက္ကြဲမႈႀကီးေနာက္ပိုင္း လူေပါင္း ၂၅၀,၀၀၀ ေက်ာ္ဟာေပါက္ကြဲမႈဒဏ္ေၾကာင့္ ပ်က္စီးေနတဲ႔ အေဆာက္အအံုေတြမွာ ျဖစ္သလို ေနထိုင္ေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ဘေရွတ်ပေါက်ကွဲမှုမှာ တာဝန်ရှိသူတွေကိုအရေးယူဖို့ စုံစမ်းစစ်ဆေးမှုတွေ စတင်
(Unicode)

လက်ဘနွန် နိုင်ငံ ဘေရွတ်မြို့တော်မှာ အင်္ဂါနေ့ ညက ပေါက်ကွဲမှုကြီးကို စတင် စုံစမ်းစစ်ဆေးနေတဲ့ အခြေအနေတွေကို မ သိင်္ဂ ီထိုက် စုစည်း တင်ပြပေးပါမယ်။

အင်္ဂါညက ပေါက်ကွဲမှုကြီးကြောင့် ဘေရွတ်မြို့တော် ဆိပ်ကမ်းနဲ့ အနီးဝန်းကျင် မိုင်ချီဝေးတဲ့ နေရာတွေက အဆောက်အအုံတွေပါ ပျက်စီးခဲ့ရတာပါ။ အခုတော့ ဆိပ်ကမ်းက ပေါက်ကွဲမှု အပျက်အစီးတွေကြားမှာ စုံစမ်းစစ်ဆေးရေးမှူးတွေ သဲလွန်စတွေကို စတင် ရှာဖွေနေပါပြီ။

ပေါက်ကွဲမှုကြီး ဖြစ်ခဲ့တဲ့ အမိုနီယမ် နိုက်ထရိတ် တန်ချိန် ၂,၇၅၀ ကို ဆိပ်ကမ်းမှာ ၆ နှစ်ကြာ သိုလှောင်ထားတဲ့ ကိစ္စကို အဓိကထား စစ်ဆေးနေကြတာပါ။ ဓာတ်မြေသြဇာမှာ သုံးတဲ့ ပေါက်ကွဲမှု ပြင်းထန်တဲ့ အမိုနီယမ် နိုက်ထရိတ် တန်ချိန်၂,၇၅၀ ကို ဘာကြောင့် ဒီအတိုင်း ထားခဲ့သလဲ ဆိုတာကိုလည်း စစ်ဆေးနေပါတယ်။

ဗုဒ္ဓဟူးနေ့မှာ သီးတင်း ၂ ပတ် နိုင်ငံအရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး ပေါက်ကွဲမှုနဲ့ ပတ်သက်ဆက်နွယ်တဲ့ အာဏာပိုင်တွေကို နေအိမ်မှာ ထိန်းသိမ်းထားဖို့လည်း စစ်တပ်ကို ညွှန်ကြားထားပါတယ်။ သမ္မတ Michel Aoun က သမ္မတ နန်းတော် အစည်းအဝေး မစခင်မှာ ကြေကွဲဝမ်းနည်းမှု အထိမ်းအမှတ် အနေနဲ့ တမိနစ် ငြိမ်းသက်ခဲ့ကြပါတယ်။

“ဘေရွတ်မြို့တော်မှာ အင်္ဂါနေ့ ညက ပေါက်ကွဲမှုကြီးရဲ့ ဆိုးရွားမှုကို ဖော်ပြစရာ စကားလုံးတောင် မရှိပါဘူးတဲ့။ ဘေးဒဏ်သင့်တဲ့ မြို့ကြီး တခု ဖြစ်သွားစေခဲ့ပါတယ်”လို့ သမ္မတ Michel Aoun ပြောဆိုခဲ့တာပါ။

“အသက်ဆုံးရှုံးရသူတွေ၊ ထိခိုက်ဒဏ်ရာ ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေ အတွက် ပူးဆွေးဝမ်းနည်းနေရပါတယ်။ လက်ဘနွန် ပြည်သူတွေကြား အကြီးအကျယ် ထိတ်လန့် တုန်လှုပ်နေမယ်ဆိုတာ သေချာပါတယ်။ လက်ဘနွန်နိုင်ငံမှာ စီးပွားရေး အကြပ်အတည်း၊ ကျန်းမာရေး ဆိုင်ရာ ပြသနာကြီးတွေ အတွင်း ကျော်လွှားနိုင်ဖို့ အတွက် အပြန်အလှန် ဖေးမမှုနဲ့ စည်းလုံးညီညွတ်မှု ရှိကြပါလို့ ပန်ကြားလိုပါတယ်” လို့ သမ္မတ Michel Aoun ပြောဆိုခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က လက်ဘနွန် ဝန်ကြီးချုပ် Hassan Diab ကို တယ်လီဖုန်း ဆက်သွယ်ပြီး လက်ဘနွန် ပြည်သူတွေကို အခိုင်အမာ ကူညီပံ့ပိုးမယ့် အကြောင်း ပြောဆိုခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ အမေရိကန် သမ္မတ Donald Trump ကလည်း လက်ဘနွန်ကို ကူညီဖို့ အဆင်သင့်ရှိကြောင်း အင်္ဂါနေ့က ပြောဆိုထားပါတယ်။ကယ်ဆယ်ရေး လုပ်သားတွေ အပါအဝင် နိုင်ငံတချို့ကတော့ လက်ဘနွန်ကို ကယ်ဆယ်ရေး အကူအညီတွေ စတင် ပို့ဆောင်ပေးနေကြပါတယ်။

လက်ဘနွန်နဲ့ စစ်ရေး တင်းမာနေတဲ့ အစ္စရေးလ်နိုင်ငံကလည်း ဘေရွတ် ပေါက်ကွဲမှုကြီးနောက် လက်ဘနွန်နဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်း ဖော်ကျူးတဲ့ အနေနဲ့ Tel Aviv မြို့ ခန်းမကြီးမှာ လက်ဘနွန် အလံကို မီးရောင်စုံနဲ့ သရုပ်ဖော်ခဲ့ပါတယ်။အစ္စရေးလ်နိုင်ငံ Tal Aviv မြို့မှာနေတဲ့ Fabian Maamari ကတော့ သူ့မိသားစုက လက်ဘနွန်မှာ ရှိနေတာပါ။

“သိပ်ကို စိတ်လှုပ်ရှားရပါတယ်တဲ့။ အစ္စရေးလ်နိုင်ငံ Tel Aviv မှာ လက်ဘနွန် အလံကို အခုလို သုံးတာဆိုရင် သမိုင်းမှာ ပထမဆုံး ဖြစ်သလို အနည်းဆုံးတော့ ဒါဟာ သူတို့နဲ့ စည်းလုံးညီညွတ်မှုကို ပြသတာပါတဲ့။ သူ့အနေနဲ့ အရမ်းကို စိတ်လှုပ်ရှားရပါတယ်”လို့ ပြောပါတယ်။

ဘေရွတ်မြို့တော် ဆိပ်ကမ်း ပေါက်ကွဲမှု အတွင်း လူပေါင်း ၁၃၅ ယောက် သေဆုံးပြီး ၅,၀၀၀ လောက် ဒဏ်ရာရထားပြီး ဗုဒ္ဓဟူးနေ့ အထိ ပျောက်ဆုံးသူတွေကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် ဆုံးရှုံးရမှုကဒေါ်လာ ၁၀ ဘီလျံကနေ ၁၅ ဘီလျံထိ ရှိနိုင်တယ်လို့ မြို့တော် အုပ်ချုပ်ရေးမှူးက Al Hadath ရုပ်သံကို ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒီဆုံးရှုံးမှုထဲမှာ တိုက်ရိုက် ထိခိုက်ရမှုတွေ အပြင် ဆက်စပ်နေတဲ့ စီးပွားရေး အရ ဆုံးရှုံးမှုတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ ရိက္ခာကလည်း အကန့်အသတ်နဲ့သာ ရှိတာကြောင့် နိုင်ငံတကာ အကူအညီတွေ မရရင် အကြပ်အတည်း ဖြစ်နိုင်တယ်လို့လည်း ဘေရွတ် အုပ်ချုပ်ရေးမှူးက ပြောဆိုထားပါတယ်။ ဘေရွတ် ဆိပ်ကမ်း ပေါက်ကွဲမှုကြီးနောက်ပိုင်း လူပေါင်း ၂၅၀,၀၀၀ ကျော်ဟာပေါက်ကွဲမှုဒဏ်ကြောင့် ပျက်စီးနေတဲ့ အဆောက်အအုံတွေမှာ ဖြစ်သလို နေထိုင်နေကြရပါတယ်။

XS
SM
MD
LG