သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပမှာ ကိုဗစ်ကူးစက်သူ ၁၀ သန်းရှိသွားပြီ


COVID 19 လူနာတဦးကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများကို ချက်သမ္မတနိုင်ငံ Brno မြို့က ဆေးရုံတခုမှာ တွေ့ရ။ (အောက်တိုဘာ ၂၂၊ ၂၀၂၀)
COVID 19 လူနာတဦးကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများကို ချက်သမ္မတနိုင်ငံ Brno မြို့က ဆေးရုံတခုမှာ တွေ့ရ။ (အောက်တိုဘာ ၂၂၊ ၂၀၂၀)

[Zawgyi/Unicode]

ဥရောပတိုက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁.၅ သန်းအထိ စံချိန်တက်ခဲ့တာကြောင့် ကမ္ဘာတဝန်းကူးစက်ခံရသူပေါင်း ၄၄ သန်းအနက် ဥရောပတိုက်မှာ ၁၀ သန်း ရှိသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

နွေဦးကတည်းက ဆေးရုံတက်ရသူဦးရေ မြင့်တက်လာနေပေမယ့် ရေတွက်လို့မရခဲ့ကြောင်းနဲ့ သေဆုံးသူဦးရေ ၃၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း WHO ဥရောပ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ဟန်စ်ကလပ်ဂ် က ပြောပါတယ်။ ဥရောပဟာ ကပ်ရောဂါရဲ့ ဗဟိုချက်မဖြစ်လာနေတယ်လို့လည်း ဥရောပကျန်းမာရေးဝန်ကြီးတွေကို သူက ပြောပါတယ်။ ပိုးရှိမရှိ စစ်ဆေးတဲ့စနစ်တွေဟာ အကြီးအကျယ် ကူးစက်ပျံ့နှံ့နေတဲ့အဆင့်ကို အမှီမလိုက်နိုင်ခဲ့ကြောင်း သူက ပြောပါတယ်။

ဥရောပနိုင်ငံအများစုမှာ ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးမှု အရေအတွက်ထဲက ရောဂါပိုးကူးစက်ထားတယ်လို့ အတည်ပြုနိုင်သူ အရေအတွက် ၅ ရာခိုင်နှုန်း ကျော်လာတာကြောင့် စစ်ဆေးမှုတွေထဲကနေ ပိုးတွေ့သူအရေအတွက်ဟာ အရင်ကထက် ပိုပြီးများလာတယ်လို့လည်း ဒေါက်တာကလပ်ဂ်က ပြောပါတယ်။

ဥရောပတိုက်တဝန်း ကိုဗစ်ရောဂါ ပျံ့နှံ့ကူးစက်မှု မြင့်တက်နေတဲ့ထဲ ဟန်ဂေရီနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် အမြင့်ဆုံးဖြစ်ခဲပါတယ်။

သောကြာနေ့က သေဆုံးသူ ၆၅ ယောက်ထိ ရှိခဲ့ပြီးတော့ စုစုပေါင်းသေဆုံးသူ ၁,၆၉၉ ရှိသွားပါပြီ။ ရောဂါပိုး ကူးစက်ခံရသူကတော့ ၇၁,၄၁၃ ယောက်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG