သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Marshall Islands မွာ ကိုဗစ္ကူးစက္သူႏွစ္ဦး ပထမဆံုးအႀကိမ္ေတြ႔ရွိ


Marshall Islands ကြ်န္းျမင္ကြင္း။ (ႏိုဝင္ဘာ ၀၆၊ ၂၀၁၅)

[Zawgyi/Unicode]

ပစိဖိတ္သမုဒၵရာထဲက ကြၽန္းႏိုင္ငံတခုျဖစ္တဲ့ Marshall Islands မွာ ဒီကေန႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္တဲ့သူ ၂ ဦး ပထမဆုံး အတည္ျပဳခဲ့ပါတယ္။ ဟာဝိုင္အီကြၽန္းကေန Marshall Islands အေမရိကန္ စစ္အေျခစိုက္စခန္းကို ျပန္လာတဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတဦးနဲ႔ အသက္ ၄၆ ႏွစ္အ႐ြယ္ အမ်ိဳးသားတဦးမွာ အခုလို ေရာဂါကူးစက္ေနတာကိုေတြ႕တာပါ။ သူတို႔က ဟာဝိုင္အီကြၽန္း Honolulu ၿမိဳ႕ကေန Marshall Islands မွာရွိတဲ့ Kwajalein Atoll ကြၽန္းမွာ ရွိတဲ့ စစ္အေျခစိုက္စခန္းကို ျပန္လာတာျဖစ္ပါတယ္။ အခု အတည္ျပဳလူနာ ၂ ေယာက္က ဆက္ႏြယ္မႈ မရွိဘဲ သီးျခားကူးစက္သူေတြျဖစ္ၿပီး သူတို႔ကို သီးသန္႔ခြဲ ေစာင့္ၾကည့္ထားတယ္လို႔ အတြင္းဝန္႐ုံးက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။ အစိုးရ႐ုံးေတြနဲ႔ စီးပြါးေရးလုပ္ငန္းေတြကို ပုံမွန္အတိုင္း လည္ပတ္ခြင့္ျပဳထားပါတယ္။

အိႏၵိယမွာ ဒီကေန႔ ကူးစက္သူ ၅၀,၀၀၀ နီးပါးရွိတာေၾကာင့္ ဒါဟာေန႔စဥ္ကူးစက္မႈ က်ဆင္းလာေနတာပါ။ စုစုေပါင္း ေရာဂါကူးစက္သူ ၈,၀၀၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူက ၁၂၀,၅၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။ ေစ်းဆိုင္ေတြ၊ စီးပြါးေရးလုပ္ငန္းေတြ၊ ရထားပို႔ေဆာင္ေရးနဲ႔ ႐ုပ္ရွင္႐ုံေတြကို ျပန္ဖြင့္ခြင့္ေပးထားပါတယ္။ ေဆာင္းရာသီက်ေရာက္ေတာ့မွာ ျဖစ္သလို ဟိႏၵဴဘာသာေရးပြဲေတာ္လည္း ရွိတာေၾကာင့္ ကူးစက္မႈႏႈန္းျမင့္တက္လာႏိုင္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးထားပါတယ္။

ပါကစၥတန္မွာေတာ့ ကပ္ေရာဂါထိန္းခ်ဳပ္ေရး အတြက္ စားေသာက္ဆိုင္ေတြ၊ မဂၤလာခန္းမေတြ၊ ေစ်းေတြအပါအဝင္ စီးပြါးေရးလုပ္ငန္းအားလုံးကို ည ၁၀ နာရီထိပဲ ဖြင့္ခြင့္ျပဳထားပါတယ္။ ၿမိဳ႕ေတာ္ Islamabad မွာ ႏွာေခါင္းစည္း မဝတ္ဆင္တာနဲ႔ လူခ်င္းခ်ဲေနဖို႔ စည္းကမ္း ခ်ိဳးေဖာက္တဲ့သူေတြကို ဖမ္းဆီးဖို႔ ရဲေတြကို အာဏာပိုင္ေတြက တိုက္တြန္းထားပါတယ္။ ပါကစၥတန္မွာ အခုထိ ကူးစက္သူ စုစုေပါင္း ၃၁၁,၁၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၆,၇၀၀ ေက်ာ္ရွိပါတယ္။

တ႐ုတ္ႏိုင္ငံ Xinjiang ျပည္နယ္မွာ COVID-19 ထိန္းခ်ဳပ္ထားႏိုင္ၿပီလို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ အခုအသစ္ကူးစက္တဲ့ လူနာ ၂၃ ဦးမွာ ဘာေရာဂါ လကၡဏာမွ မျပဘူးလို႔ အမ်ိဳးသားက်န္းမာေရး ေကာ္မရွင္ကေျပာပါတယ္။ ဒီကေန႔ဟာ Xinjiang ျပည္နယ္မွာ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈ မရွိဘူးဆိုတာကို စမ္းသပ္ေတြ႔ရွိတဲ့ ဒုတိယေျမာက္ေန႔လည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Marshall Islands မှာ ကိုဗစ်ကူးစက်သူနှစ်ဦး ပထမဆုံးအကြိမ်တွေ့ရှိ

ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံတခုဖြစ်တဲ့ Marshall Islands မှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့သူ ၂ ဦး ပထမဆုံး အတည်ပြုခဲ့ပါတယ်။ ဟာဝိုင်အီကျွန်းကနေ Marshall Islands အမေရိကန် စစ်အခြေစိုက်စခန်းကို ပြန်လာတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသားတဦးမှာ အခုလို ရောဂါကူးစက်နေတာကိုတွေ့တာပါ။ သူတို့က ဟာဝိုင်အီကျွန်း Honolulu မြို့ကနေ Marshall Islands မှာရှိတဲ့ Kwajalein Atoll ကျွန်းမှာ ရှိတဲ့ စစ်အခြေစိုက်စခန်းကို ပြန်လာတာဖြစ်ပါတယ်။ အခု အတည်ပြုလူနာ ၂ ယောက်က ဆက်နွယ်မှု မရှိဘဲ သီးခြားကူးစက်သူတွေဖြစ်ပြီးသူတို့ကို သီးသန့်ခွဲ စောင့်ကြည့်ထားတယ်လို့ အတွင်းဝန်ရုံးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အစိုးရရုံးတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေကို ပုံမှန်အတိုင်း လည်ပတ်ခွင့်ပြုထားပါတယ်။

အိန္ဒိယမှာ ဒီကနေ့ ကူးစက်သူ ၅၀,၀၀၀ နီးပါးရှိတာကြောင့် ဒါဟာနေ့စဉ်ကူးစက်မှု ကျဆင်းလာနေတာပါ။ စုစုပေါင်း ရောဂါကူးစက်သူ ၈,၀၀၀,၀၀၀ ကျော်နဲ့ သေဆုံးသူက ၁၂၀,၅၀၀ ကျော်သွားပြီဖြစ်ပါတယ်။ ဈေးဆိုင်တွေ၊ စီးပွါးရေးလုပ်ငန်းတွေ၊ ရထားပို့ဆောင်ရေးနဲ့ ရုပ်ရှင်ရုံတွေကို ပြန်ဖွင့်ခွင့်ပေးထားပါတယ်။ ဆောင်းရာသီကျရောက်တော့မှာ ဖြစ်သလို ဟိန္ဒူဘာသာရေးပွဲတော်လည်း ရှိတာကြောင့် ကူးစက်မှုနှုန်းမြင့်တက်လာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။

ပါကစ္စတန်မှာတော့ ကပ်ရောဂါထိန်းချုပ်ရေး အတွက် စားသောက်ဆိုင်တွေ၊ မင်္ဂလာခန်းမတွေ၊ ဈေးတွေအပါအဝင် စီးပွါးရေးလုပ်ငန်းအားလုံးကို ည ၁၀ နာရီထိပဲဖွင့်ခွင့်ပြုထားပါတယ်။ မြို့တော် Islamabad မှာ နှာခေါင်းစည်း မဝတ်ဆင်တာနဲ့ လူချင်းချဲနေဖို့စည်းကမ်း ချိုးဖောက်တဲ့သူတွေကို ဖမ်းဆီးဖို့ ရဲတွေကို အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ပါကစ္စတန်မှာ အခုထိ ကူးစက်သူ စုစုပေါင်း ၃၁၁,၁၀၀ ကျော်နဲ့ သေဆုံးသူ ၆,၇၀၀ ကျော်ရှိပါတယ်။

တရုတ်နိုင်ငံ Xinjiang ပြည်နယ်မှာ COVID-19 ထိန်းချုပ်ထားနိုင်ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုအသစ်ကူးစက်တဲ့ လူနာ ၂၃ ဦးမှာ ဘာရောဂါ လက္ခဏာမှ မပြဘူးလို့ အမျိုးသားကျန်းမာရေး ကော်မရှင်ကပြောပါတယ်။ ဒီကနေ့ဟာ Xinjiang ပြည်နယ်မှာ ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှု မရှိဘူးဆိုတာကို စမ်းသပ်တွေ့ရှိတဲ့ ဒုတိယမြောက်နေ့လည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG