သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္မွာ ကိုဗစ္ကူးစက္သူ ၁ သိန္းေက်ာ္သြားၿပီ


ဂ်ပန္ႏိုင္ငံ Yokohama ၿမိဳ႕မွာ ေဘာလံုးကြင္းထဲမဝင္ခင္ အဝင္ေပါက္မွာ အမ်ိဳးသားတဦး လက္ထဲ ပိုးသတ္ေဆးရည္ ထည့္ေပးေနတဲ့ အလုပ္သမားတဦး။ (ေအာက္တိုဘာ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

ဂ်ပန္ႏိုင္ငံမွာ ဇန္နဝါရီလလယ္မွာ ဗိုင္းရပ္စ္ကူးစက္ခံရသူ ပထမဆံုး စေတြ႔ၿပီးတဲ့ေနာက္ အခု ၉ လအၾကာမွာ ကူးစက္ခံရသူေပါင္း ၁၀၀,၀၀၀ ရွိသြားၿပီျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးက ေျပာပါတယ္။ ေသဆံုးသူေပါင္းကေတာ့ ၁,၇၀၀ ေက်ာ္ရွိပါၿပီ။

ဒီအထဲမွာ ဒီႏွစ္အေစာပိုင္း ဂ်ပန္ဆိပ္ကမ္းမွာ ဆိုက္ကပ္တဲ့ အေပ်ာ္စီးသေဘၤာေပၚမွာ ကူးစက္ခံရသူ ၇၁၂ ေယာက္လည္း ပါဝင္ပါတယ္။ ကူးစက္ခံရသူ စုစုေပါင္းရဲ႕ ၃ ပံု ၁ ပံုဟာ တုိက်ဳိၿမိဳ႕က ျဖစ္ပါတယ္။

အခုထိေတာ့ ဥေရာပတို႔ အေမရိကန္တို႔လို အႀကီးအက်ယ္ ကူးစက္ပ်ံ႕ႏွံ႔မႈ မျဖစ္ေအာင္ အသြားအလာ ပိတ္ဆို႔ ကန္႔သတ္မႈေတြ မလုပ္ရဘဲ ဂ်ပန္ႏိုင္ငံက စီမံကြပ္ကဲႏိုင္ေနေသးေၾကာင္းနဲ႔ ဒါဟာ ျပည္သူေတြက ႏွာေခါင္းစည္းတပ္တာ၊ ပိုးသတ္ေဆးသံုးတာေတြအျပင္ လူခ်င္းခပ္ခြါခြါေနၾကရမယ္ဆိုတဲ့ ဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔မႈထိန္းခ်ဳပ္ႏိုင္ေရး စည္းကမ္းခ်က္ေတြကို လုိက္နာၾကလို႔ျဖစ္တဲ့အေၾကာင္း ကၽြမ္းက်င္သူေတြက ေျပာပါတယ္။

အိႏိၵယႏိုင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈအသစ္ ၄၈,၀ဝ၀ ေက်ာ္ ရွိခဲ့ေပမယ့္ ဒါဟာ တလအတြင္း ကူးစက္မႈ ေျဖးေျဖးခ်င္း ျပန္က်လာေနတာပါ။ စုစုေပါင္း ကူးစက္ခံရသူကေတာ့ ၈ သန္းရွိေနပါၿပီ။ ၂၄ နာရီအတြင္း ေသဆံုးသူ ၅၆၃ ေယာက္နဲ႔ေပါင္းရင္ စုစုေပါင္း ေသဆံုးသူ ၁၂၁,၀၉၀ ရွိခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးကလည္း သတင္းထုတ္ျပန္ထားပါတယ္။

သီရိလကၤာႏုိင္ငံမွာေတာ့ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မႈ ျပန္ျမင့္တက္လာေနတာေၾကာင့္ အမ်ားဆံုး ကူးစက္ပ်ံ႕ႏွံေနတဲ့ အဓိက ၿမိဳ႕ႀကီးေတြက အစိုးရဝန္ထမ္းေတြ အိမ္ကေန အလုပ္လုပ္ၾကဖို႔ အာဏာပိုင္ေတြက ၫႊန္ၾကားထားပါတယ္္။

ေလာေလာဆယ္အထိ သီရိလကၤာႏုိင္ငံမွာ ေသဆံုးသူ ၁၉ ေယာက္အပါအဝင္ COVID 19 လူနာ ၉,၇၉၁ ေယာက္ရွိထားပါတယ္။

ဂ်ပန္မွာ ကိုဗစ္ကူးစက္သူ ၁ သိန္းေက်ာ္သြားၿပီ
please wait

No media source currently available

0:00 0:01:38 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဂျပန်မှာ ကိုဗစ်ကူးစက်သူ ၁ သိန်းကျော်သွားပြီ

ဂျပန်နိုင်ငံမှာ ဇန်နဝါရီလလယ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ပထမဆုံး စတွေ့ပြီးတဲ့နောက် အခု ၉ လအကြာမှာ ကူးစက်ခံရသူပေါင်း ၁၀၀,၀၀၀ ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ သေဆုံးသူပေါင်းကတော့ ၁,၇၀၀ ကျော်ရှိပါပြီ။

ဒီအထဲမှာ ဒီနှစ်အစောပိုင်း ဂျပန်ဆိပ်ကမ်းမှာ ဆိုက်ကပ်တဲ့ အပျော်စီးသင်္ဘောပေါ်မှာ ကူးစက်ခံရသူ ၇၁၂ ယောက်လည်း ပါဝင်ပါတယ်။ ကူးစက်ခံရသူ စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံဟာ တိုကျိုမြို့က ဖြစ်ပါတယ်။

အခုထိတော့ ဥရောပတို့ အမေရိကန်တို့လို အကြီးအကျယ် ကူးစက်ပျံ့နှံ့မှု မဖြစ်အောင် အသွားအလာ ပိတ်ဆို့ ကန့်သတ်မှုတွေ မလုပ်ရဘဲ ဂျပန်နိုင်ငံက စီမံကွပ်ကဲနိုင်နေသေးကြောင်းနဲ့ ဒါဟာ ပြည်သူတွေက နှာခေါင်းစည်းတပ်တာ၊ ပိုးသတ်ဆေးသုံးတာတွေအပြင် လူချင်းခပ်ခွါခွါနေကြရမယ်ဆိုတဲ့ ဗိုင်းရပ်စ် ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး စည်းကမ်းချက်တွေကို လိုက်နာကြလို့ဖြစ်တဲ့အကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၄၈,ဝဝ၀ ကျော် ရှိခဲ့ပေမယ့် ဒါဟာ တလအတွင်း ကူးစက်မှု ဖြေးဖြေးချင်း ပြန်ကျလာနေတာပါ။ စုစုပေါင်း ကူးစက်ခံရသူကတော့ ၈ သန်းရှိနေပါပြီ။ ၂၄ နာရီအတွင်း သေဆုံးသူ ၅၆၃ ယောက်နဲ့ပေါင်းရင် စုစုပေါင်း သေဆုံးသူ ၁၂၁,၀၉၀ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးကလည်း သတင်းထုတ်ပြန်ထားပါတယ်။

သီရိလင်္ကာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်မြင့်တက်လာနေတာကြောင့် အများဆုံး ကူးစက်ပျံ့နှံနေတဲ့ အဓိက မြို့ကြီးတွေက အစိုးရဝန်ထမ်းတွေ အိမ်ကနေ အလုပ်လုပ်ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

လောလောဆယ်အထိ သီရိလင်္ကာနိုင်ငံမှာ သေဆုံးသူ ၁၉ ယောက်အပါအဝင် COVID 19 လူနာ ၉,၇၉၁ ယောက်ရှိထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG