သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာနယ္စပ္ ယာဥ္ေမာင္းႏွစ္ဦး ကိုဗစ္ကူးစက္


ျမန္မာဘက္က ကုန္ကားေမာင္းသမားေတြကို ထုိင္းဘက္က COVID 19 စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ ( ေအာက္တိုဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ယာယီပိတ္ထားရတဲ့ ထုိင္း၊ ျမန္မာနယ္စပ္ ကုန္သြယ္ေရး ျပန္ဖြင့္လုိက္ၿပီး ရက္ပုိင္းအတြင္းမွာပဲ ျမန္မာႏုိင္ငံသား ယာဥ္ေမာင္း ၂ ေယာက္မွာ ေရာဂါပုိးကူးစက္ေနတာ စစ္ေဆးေတြ႔ရွိတာေၾကာင့္ ေစာင့္ၾကည့္စစ္ေဆးေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ထိုင္း ျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ထုိင္းႏုိင္ငံမဲေဆာက္ၿမိဳ႕နဲ႔ ျမန္မာႏုိင္ငံ ျမ၀တီၿမိဳ႕ၾကား နယ္စပ္ကုန္သြယ္ေရး ျပန္ဖြင့္ၿပီး ၄ ရက္အၾကာမွာပဲ ျမန္မာကုန္တင္ကားေမာင္းသမား ၂ ဦး ေရာဂါပုိးကူးစက္ေနတာ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။ ကပ္ေရာဂါေၾကာင့္ သီတင္းတပတ္ၾကာ ယာယီရပ္နားထားၿပီး တနလၤာေန႔ကစ ျပန္ဖြင့္ခဲ့ရာမွာေတာ့ ယာဥ္ေမာင္းေတြ၊ ကုန္တင္ကုန္ခ် အလုပ္သမားေတြ အပါအ၀င္ နယ္စပ္ကုန္သြယ္ေရးမွာ အလုပ္လုပ္ကုိင္ေနသူေတြကုိ မဲေဆာက္ၿမိဳ႕က ကုန္စည္လႊဲေျပာင္းေရး နယ္စပ္ေဒသက သတ္မွတ္နယ္ေျမမွာ ထုိင္းႏုိင္ငံက ေရာဂါပုိးရွိ၊ မရွိ ေစာင့္ၾကည့္ စစ္ေဆးေနတာပါ။ ဒီလုိစစ္ေဆးရာမွာ ျမန္မာႏုိင္ငံသား ယာဥ္ေမာင္း ၂ ဦးမွာ ေရာဂါကူးစက္ေနေၾကာင္း မေန႔တုန္းကပဲ စစ္ေဆးအတည္ျပဳခဲ့တာလုိ႔လည္း ကရင္ျပည္နယ္ ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာပါတယ္။

"မေန႔က ဟုတ္တယ္၊ ေလးဘီးကား ေျခာက္ဘီးကာ Light Truck, High Truck ကားအုပ္စုေတြထဲက ကားေလးေတြရွိတယ္။ ေဒသသံုးပစၥည္းေတြ သယ္တဲ့ကားေတြ ရွိတယ္။ ဒီဘက္ကေတာ့ ခါလီသြားတယ္။ ဟုိဘက္ကေတာ့ ကားေတြ ခ်ိန္းျပီး ကုန္ေတြ ေဒသသံုးပစၥည္းေတြကုိ ကုန္သြယ္တဲ့ကားေတြ ရွိတယ္။ ကားေလးေတြထဲက ၂ ဦးေတြ႔တယ္။ သူတို႔ေနတဲ့ေနရာမွာပဲ သူတုိ႔နဲ႔ ထိေတြ ့မႈရွိတယ္ က်ေနာ္တို႔ BCF ဇုန္မွာေတာ့ မရွိဘူး။ ကားေပၚက မဆင္းဘူး၊ တိုက္ရိုက္သြာတာေပါ့။"

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ တေက်ာ့ျပန္ ကူးစက္မႈေတြ တုိးလာေနခ်ိန္မွာပဲ နယ္စပ္ၿမိဳ႕ျဖစ္တဲ့ ျမ၀တီမွာလည္း ေရာဂါကူးစက္သူေတြ မ်ားလာေနသလုိ ေသဆုံးသူေတြလည္း ရွိေနတာေၾကာင့္ ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးစားေနတယ္လုိ႔လည္း ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာပါတယ္။

"မေန႔က အဲဒီ ၂ ဦးအပါအ၀င္ ၇၄ ဦး ရွိတယ္။ အဲဒီထဲက ၄၂ ဦးကေတာ့ေဆးရံုက ဆင္းသြားျပီ ပထမဦးဆံုးမွာေတာ့ ၃ ဦး ေသတာ ရွိတယ္။ အဓိကေတာ့ ပိုးေတြ ့ႏုိင္ေျခမ်ားတဲ့ primary contact COVID ေတြကိုေတာ့ အထူး ထားတဲ့ လံုးခ်င္းအိမ္ယာ ၅၀ အဲဒီေနရာမွာထားတယ္ secondary contact COVID ကေတာ့ တတ္ႏိုင္သမ်ွ Home quarantine ထားတယ္ ရပ္ကြက္ ၅ ကြ်န္းေတာေစ်းဘက္ဆိုရင္ တေယာက္ ၂ေယာက္ကေန ၃ ေယာက္ထိရွိလာျပီ။ လမ္းက ရွည္ေတာ့ အဲဒီ ေနရာေတြကို ကြင္းဆင္းစစ္ေဆးျပီးရင္ သူတို႔ကုိ ကိုဗစ္စစ္ေဆးေပးမယ္။"

နယ္စပ္ျမိဳံ႕ျဖစ္တဲ့ ျမ၀တီျမိဳံ႕မွာ အိမ္နီးခ်င္း ထုိင္းႏုိင္ငံကေန အေၾကာင္းအမ်ဳိးမ်ဳိးနဲ႔ ျပန္ေရာက္လာသူေတြ အပါအ၀င္ ေရာဂါကူးစက္မႈ မရွိေအာင္ သီးျခားခဲြ ေစာင့္ၾကည့္စစ္ေဆးတာေတြကုိလည္း ပုံမွန္လုပ္ေနတယ္လုိ႔ ေျပာပါတယ္။

"ပံုမွန္ကေတာ့ ၁၀၀ နဲ႔ ၂၀၀ၾကားမွာ primary contact တခုတည္းပဲေပါ့ ေနာက္ ခရီးသြားရာဇ၀တ္ရွိသူေတြ ဆုိရင္ ၁၀၀ ဝန္းက်င္းေလာက္ရွိတယ္။ ျပည္ေတာ္ျပန္တုိ႔ IDC (ထုိင္းလူ၀င္မႈႀကီးႀကပ္ေရးအခ်ဳပ္ေထာင္) က လာတဲ့သူေတြကေတာ့ ၄၀၀ ကေန ၅၀၀ ေလာက္ရွိတယ္၊ ေနရာမတူေအာင္ထားတယ္။ positive ခ်င္းတူရင္ေတာင္မွ အတူတူထားလို႔ မရဘူး။"

ထုိင္းႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၅၉ ေယာက္နဲ႔ ကူးစက္သူ ၃,၆၀၀ ေလာက္ရွိခဲ့ေပမဲ့ မၾကာေသးခင္ လေတြကစလုိ႔ ေရာဂါကူးစက္မႈေတြ က်ဆင္းလာေနရာက ကန္႔သတ္မႈေတြ ေလွ်ာ့ေပါ့လာခ်ိန္မွာပဲ ျမန္မာႏုိင္ငံမွာ ကူးစက္မႈေတြ ျမင့္တက္လာတာေၾကာင့္ နယ္စပ္ေဒသေတြမွာ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထားၿပီး ေစာင့္ၾကည့္ စစ္ေဆးေနတာပါ။ ျမန္မာႏုိင္ငံမွာေတာ့ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနရာမွာ အခုဆုိရင္ ေသဆုံးသူ ၁,၀၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၅၀,၀၀၀ ေက်ာ္အထိ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်း-မြန်မာနယ်စပ် ယာဉ်မောင်းနှစ်ဦး ကိုဗစ်ကူးစက်

ကိုဗစ်ကပ်ရောဂါကြောင့် ယာယီပိတ်ထားရတဲ့ ထိုင်း၊ မြန်မာနယ်စပ် ကုန်သွယ်ရေး ပြန်ဖွင့်လိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံသား ယာဉ်မောင်း ၂ ယောက်မှာ ရောဂါပိုးကူးစက်နေတာ စစ်ဆေးတွေ့ရှိတာကြောင့် စောင့်ကြည့်စစ်ဆေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်း မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ မြဝတီမြို့ကြား နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ပြီး ၄ ရက်အကြာမှာပဲ မြန်မာကုန်တင်ကားမောင်းသမား ၂ ဦး ရောဂါပိုးကူးစက်နေတာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ကပ်ရောဂါကြောင့် သီတင်းတပတ်ကြာ ယာယီရပ်နားထားပြီး တနင်္လာနေ့ကစ ပြန်ဖွင့်ခဲ့ရာမှာတော့ ယာဉ်မောင်းတွေ၊ ကုန်တင်ကုန်ချ အလုပ်သမားတွေ အပါအဝင် နယ်စပ်ကုန်သွယ်ရေးမှာ အလုပ်လုပ်ကိုင်နေသူတွေကို မဲဆောက်မြို့က ကုန်စည်လွှဲပြောင်းရေး နယ်စပ်ဒေသက သတ်မှတ်နယ်မြေမှာ ထိုင်းနိုင်ငံက ရောဂါပိုးရှိ၊ မရှိ စောင့်ကြည့် စစ်ဆေးနေတာပါ။ ဒီလိုစစ်ဆေးရာမှာ မြန်မာနိုင်ငံသား ယာဉ်မောင်း ၂ ဦးမှာ ရောဂါကူးစက်နေကြောင်း မနေ့တုန်းကပဲ စစ်ဆေးအတည်ပြုခဲ့တာလို့လည်း ကရင်ပြည်နယ် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

"မနေ့က ဟုတ်တယ်၊ လေးဘီးကား ခြောက်ဘီးကာ Light Truck, High Truck ကားအုပ်စုတွေထဲက ကားလေးတွေရှိတယ်။ ဒေသသုံးပစ္စည်းတွေ သယ်တဲ့ကားတွေ ရှိတယ်။ ဒီဘက်ကတော့ ခါလီသွားတယ်။ ဟိုဘက်ကတော့ ကားတွေ ချိန်းပြီး ကုန်တွေ ဒေသသုံးပစ္စည်းတွေကို ကုန်သွယ်တဲ့ကားတွေ ရှိတယ်။ ကားလေးတွေထဲက ၂ ဦးတွေ့တယ်။ သူတို့နေတဲ့နေရာမှာပဲ သူတို့နဲ့ ထိတွေ့မှုရှိတယ် ကျနော်တို့ BCF ဇုန်မှာတော့ မရှိဘူး။ ကားပေါ်က မဆင်းဘူး၊ တိုက်ရိုက်သွာတာပေါ့။"

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမှာလည်း ရောဂါကူးစက်သူတွေ များလာနေသလို သေဆုံးသူတွေလည်း ရှိနေတာကြောင့် ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့လည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

"မနေ့က အဲဒီ ၂ ဦးအပါအဝင် ၇၄ ဦး ရှိတယ်။ အဲဒီထဲက ၄၂ ဦးကတော့ဆေးရုံက ဆင်းသွားပြီ ပထမဦးဆုံးမှာတော့ ၃ ဦး သေတာ ရှိတယ်။ အဓိကတော့ ပိုးတွေ့နိုင်ခြေများတဲ့ primary contact COVID တွေကိုတော့ အထူး ထားတဲ့ လုံးချင်းအိမ်ယာ ၅၀ အဲဒီနေရာမှာထားတယ် secondary contact COVID ကတော့ တတ်နိုင်သမျှ Home quarantine ထားတယ် ရပ်ကွက် ၅ ကျွန်းတောဈေးဘက်ဆိုရင် တယောက် ၂ယောက်ကနေ ၃ ယောက်ထိရှိလာပြီ။ လမ်းက ရှည်တော့ အဲဒီ နေရာတွေကို ကွင်းဆင်းစစ်ဆေးပြီးရင် သူတို့ကို ကိုဗစ်စစ်ဆေးပေးမယ်။"

နယ်စပ်မြိုံ့ဖြစ်တဲ့ မြဝတီမြိုံ့မှာ အိမ်နီးချင်း ထိုင်းနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ ပြန်ရောက်လာသူတွေ အပါအဝင် ရောဂါကူးစက်မှု မရှိအောင် သီးခြားခွဲ စောင့်ကြည့်စစ်ဆေးတာတွေကိုလည်း ပုံမှန်လုပ်နေတယ်လို့ ပြောပါတယ်။

"ပုံမှန်ကတော့ ၁၀၀ နဲ့ ၂၀၀ကြားမှာ primary contact တခုတည်းပဲပေါ့ နောက် ခရီးသွားရာဇဝတ်ရှိသူတွေ ဆိုရင် ၁၀၀ ဝန်းကျင်းလောက်ရှိတယ်။ ပြည်တော်ပြန်တို့ IDC (ထိုင်းလူဝင်မှုကြီးကြပ်ရေးအချုပ်ထောင်) က လာတဲ့သူတွေကတော့ ၄၀၀ ကနေ ၅၀၀ လောက်ရှိတယ်၊ နေရာမတူအောင်ထားတယ်။ positive ချင်းတူရင်တောင်မှ အတူတူထားလို့ မရဘူး။"

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ကူးစက်သူ ၃,၆၀၀ လောက်ရှိခဲ့ပေမဲ့ မကြာသေးခင် လတွေကစလို့ ရောဂါကူးစက်မှုတွေ ကျဆင်းလာနေရာက ကန့်သတ်မှုတွေ လျှော့ပေါ့လာချိန်မှာပဲ မြန်မာနိုင်ငံမှာ ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် နယ်စပ်ဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပြီး စောင့်ကြည့် စစ်ဆေးနေတာပါ။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေရာမှာ အခုဆိုရင် သေဆုံးသူ ၁,၀၀၀ ကျော်နဲ့ ကူးစက်သူ ၅၀,၀၀၀ ကျော်အထိ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG