သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းမွာ အလုပ္လုပ္ခြင့္ တရားဝင္လမ္းေၾကာင္းနဲ႔လုပ္ဖို႔ ထိုင္းဝန္ႀကီး တိုက္တြန္း


ျမန္မာအလုပ္သမားကိုေငြလိမ္လည္ခဲ့တဲ့ အက်ိဳးေဆာင္ကုမၸဏီကုိ AAC အဖဲြ႔က ျမန္မာအလုပ္သမားေတြနဲ့အတူ ရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားခဲ့တဲ့ ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု - AAC)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ အရွိန္ေလ်ာ့လာေနတာေၾကာင့္ ႏိုင္ငံျခားသား အလုပ္သမားေတြကို ေခၚယူေနတဲ့ကာလမွာ တရား၀င္ အလုပ္သမားေအဂ်င္စီေတြနဲ႔ ဆက္သြယ္ေဆာင္ရြက္ဖုိ႔ ထုိင္းအလုပ္သမား၀န္ႀကီးက တုိက္တြန္းလုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္း ျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါကာလ ကန္႔သတ္ထိန္းခ်ဳပ္မႈေတြ ေလ်ာ့ေပါ့လာေနတဲ့ ထုိင္းႏုိင္ငံမွာ ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ ျပည္ပက အလုပ္သမားေတြ ေခၚယူေနခ်ိန္မွာ အလိမ္အညာ မခံရေအာင္ သတိျပဳၾကဖုိ႔ ထုိင္းအလုပ္သမား၀န္ႀကီးက သတိေပးလုိက္တာပါ။ ဘန္ေကာက္ၿမိဳ႕ေတာ္ အပါအ၀င္ နယ္ၿမိဳ႕နယ္ေတြမွာပါ အစုိးရက တရား၀င္ခြင့္ျပဳထားတဲ့ အလုပ္ကုမၸဏီ ၂၅၀ ေက်ာ္ရွိေၾကာင္းလည္း ထုိင္းအလုပ္သမား၀န္ႀကီး ႏိုင္စူခ်ာတ္ခ်ံဳကလင္ က အလုပ္သမားသစ္ေခၚယူေရး မူ၀ါဒေဆြးေႏြးပဲြျပီးတဲ့ေနာက္ ႀကာသပေတးေန႔က သတင္းေထာက္ေတြကုိ ေျပာဆုိလုိက္တာပါ။

"ထုိင္းႏိုင္ငံမွာ ကုိဗစ္ထိန္းခ်ဳပ္ႏိုင္ျပီး ႏိုင္ငံျခားသားအလုပ္သမားေတြ ေခၚယူေနတဲ့ကာလမွာ ပြဲစားအတုေတြ လိမ္လည္မႈေတြ အမ်ားအျပားျဖစ္ေနပါတယ္။ အလုပ္သမားေအဂ်င္စီေတြကလည္း အလုပ္သမားေတြဆီက ေငြေကာက္ခံမႈေတြ အမ်ားအျပားျဖစ္ပြားေနတယ္။ အဲဒီအတြက္ ထုိင္းမွာ အလုပ္လုပ္ကိုင္မဲ့ အလုပ္သမားေတြအေနနဲ႔ အလုပ္ရွင္ကုိယ္တုိင္ အလုပ္သမားကုိယ္တုိင္ တရား၀င္ေတြ အေထာက္အထားေတြကို ကုိယ္တိုင္လုပ္ၾကဖို႔၊ တရား၀င္ဖြင့္ထားတဲ့ ေအဂ်င္စီေတြနဲ႔သာ အလုပ္လုပ္ၾကဖို႔ တကယ္လို႔ တရားမ၀င္ ဆက္သြယ္ျပီး အလုပ္လုပ္မိရင္လည္း အေရးယူခံရမယ္။" ဆိုျပီး အလုပ္သမား၀န္ႀကီးက ထိုင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

ျပီးခဲ့တဲ့ သီတင္းတပတ္ေက်ာ္ကလည္း ျမန္မာအလုပ္သမားေတြအေပၚ ေငြလိမ္လည္မႈနဲ႔ တုိင္ၾကားခဲ့တာေၾကာင့္ ထိုင္းႏိုင္ငံ အလယ္ပုိင္း စမုပရာကမ္ခရိုင္က အက်ဳိးေဆာင္ကုမၸဏီတခုကုိ အာဏာပိုင္ေတြက ၀င္ေရာက္စီးနင္းခဲ့ပါတယ္။ ျမန္မာအလုပ္သမား ၅၀၀ ေက်ာ္ကုိ လိမ္လည္မႈေၾကာင့္ ဖမ္းဆီးအေရးယူမႈေတြ ျဖစ္ခဲ့ၿပီးေနာက္ အလုပ္သမား၀န္ႀကီးက သတိေပးခဲ့တာလုိ႔လည္း AAC အလုပ္သမား ကူညီေရးအဖဲြရဲ ့ေျပာခြင့္ရွိသူ ကုိရဲမင္းက ေျပာပါတယ္။

ျမန္မာအလုပ္သမားကိုေငြလိမ္လည္ခဲ့တဲ့ အက်ိဳးေဆာင္ကုမၸဏီကုိ AAC အဖဲြ႔က ျမန္မာအလုပ္သမားေတြနဲ့အတူ ရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားခဲ့တဲ့ ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု - AAC)
ျမန္မာအလုပ္သမားကိုေငြလိမ္လည္ခဲ့တဲ့ အက်ိဳးေဆာင္ကုမၸဏီကုိ AAC အဖဲြ႔က ျမန္မာအလုပ္သမားေတြနဲ့အတူ ရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားခဲ့တဲ့ ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု - AAC)

"တဦးကုိ ဘတ္ေငြ ၁၇,၀၀၀ ကေန ၁၈,၅၀၀ ေလာက္ထိ ႀကိဳတင္ေကာက္ခံျပီးေတာ့ တခ်ိဳ႕က်ေတာ့ ဗီဇာေလာက္ပဲ တိုးေပးတယ္။ work permit မလုပ္ေပးဘူး။ တခ်ဳိ႕ကေတာ့ ဘာမွကုိ လုပ္မေပးဘူး။ အဲဒါမ်ိဳးေတြ လုပ္ၾကတာေပါ့ေနာ္။"

ထိုင္းအလုပ္သမား၀န္ႀကီးကေတာ့ အခုလို လိမ္လည္မႈေတြ လုပ္ေနတဲ့ ပဲြစားေတြအေနနဲ႔ အေရးယူခံရမယ္ဆိုရင္ ေထာင္ဒဏ္ ၃ ႏွစ္ကေန ၁၀ ႏွစ္အထိ အေရးယူခံရမွာျဖစ္သလို့ ေငြဒဏ္ကလည္း ဘတ္ ၆၀၀,၀၀၀ ကေန ၁,၀၀၀,၀၀၀ အထိ ဒဏ္ေငြရိုက္ႏိုင္တဲ့ ဥပေဒရွိတယ္လို႔လည္း သတိေပးခဲ့ပါတယ္။

အလုပ္သမားေတြကို လိမ္လည္မႈေတြေၾကာင့္ ကုိဗစ္ကာလမွာ အေရးယူေဆာင္ရြက္ရတဲ့ ပဲြစားေတြအမ်ားအျပား ရွိခဲ့သလို ျပီးခဲ့တဲ့ႏွစ္ကုန္ကေန ဒီလပုိင္းအထိအလုပ္သမားဆိုင္ရာ ဥပေဒေတြ ခ်ိဳးေဖာက္လို႔ အေရးယူခဲ့တဲ့ အလုပ္ရွင္ေပါင္း ၁,၅၆၉ ဦးနဲ႔ လိမ္လည္မႈနဲ႔ ပတ္သက္ေနတဲ့ အလုပ္သမားေပါင္း ၁,၉၅၅ ဦး ရွိခဲ့တယ္လို႔လည္း ထုိင္းအာဏာပုိင္ေတြက ေျပာပါတယ္။ ျမန္မာႏုိင္ငံသား အမ်ားစုအပါအ၀င္ ထုိင္းႏုိင္ငံမွာ ပဲြစားေတြနဲ႔ ဗီဇာတံုးအတုေတြနဲ႔ ဖမ္းမိသူႏို္င္ငံျခားသားအလုပ္သမား ၁,၄၇၀ ဦး ကုိလည္း ေနရပ္ျပန္ပုိ႔ခဲ့တယ္လို႔ ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းမှာ အလုပ်လုပ်ခွင့် တရားဝင်လမ်းကြောင်းနဲ့လုပ်ဖို့ ထိုင်းဝန်ကြီး တိုက်တွန်း

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အရှိန်လျော့လာနေတာကြောင့် နိုင်ငံခြားသား အလုပ်သမားတွေကို ခေါ်ယူနေတဲ့ကာလမှာ တရားဝင် အလုပ်သမားအေဂျင်စီတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးက တိုက်တွန်းလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်း မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလ ကန့်သတ်ထိန်းချုပ်မှုတွေ လျော့ပေါ့လာနေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် ပြည်ပက အလုပ်သမားတွေ ခေါ်ယူနေချိန်မှာ အလိမ်အညာ မခံရအောင် သတိပြုကြဖို့ ထိုင်းအလုပ်သမားဝန်ကြီးက သတိပေးလိုက်တာပါ။ ဘန်ကောက်မြို့တော် အပါအဝင် နယ်မြို့နယ်တွေမှာပါ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ အလုပ်ကုမ္ပဏီ ၂၅၀ ကျော်ရှိကြောင်းလည်း ထိုင်းအလုပ်သမားဝန်ကြီး နိုင်စူချာတ်ချုံကလင် က အလုပ်သမားသစ်ခေါ်ယူရေး မူဝါဒဆွေးနွေးပွဲပြီးတဲ့နောက် ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။

"ထိုင်းနိုင်ငံမှာ ကိုဗစ်ထိန်းချုပ်နိုင်ပြီး နိုင်ငံခြားသားအလုပ်သမားတွေ ခေါ်ယူနေတဲ့ကာလမှာ ပွဲစားအတုတွေ လိမ်လည်မှုတွေ အများအပြားဖြစ်နေပါတယ်။ အလုပ်သမားအေဂျင်စီတွေကလည်း အလုပ်သမားတွေဆီက ငွေကောက်ခံမှုတွေ အများအပြားဖြစ်ပွားနေတယ်။ အဲဒီအတွက် ထိုင်းမှာ အလုပ်လုပ်ကိုင်မဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ကိုယ်တိုင် အလုပ်သမားကိုယ်တိုင် တရားဝင်တွေ အထောက်အထားတွေကို ကိုယ်တိုင်လုပ်ကြဖို့၊ တရားဝင်ဖွင့်ထားတဲ့ အေဂျင်စီတွေနဲ့သာ အလုပ်လုပ်ကြဖို့ တကယ်လို့ တရားမဝင် ဆက်သွယ်ပြီး အလုပ်လုပ်မိရင်လည်း အရေးယူခံရမယ်။" ဆိုပြီး အလုပ်သမားဝန်ကြီးက ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်ကလည်း မြန်မာအလုပ်သမားတွေအပေါ် ငွေလိမ်လည်မှုနဲ့ တိုင်ကြားခဲ့တာကြောင့် ထိုင်းနိုင်ငံ အလယ်ပိုင်း စမုပရာကမ်ခရိုင်က အကျိုးဆောင်ကုမ္ပဏီတခုကို အာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။ မြန်မာအလုပ်သမား ၅၀၀ ကျော်ကို လိမ်လည်မှုကြောင့် ဖမ်းဆီးအရေးယူမှုတွေ ဖြစ်ခဲ့ပြီးနောက် အလုပ်သမားဝန်ကြီးက သတိပေးခဲ့တာလို့လည်း AAC အလုပ်သမား ကူညီရေးအဖွဲရဲ့ပြောခွင့်ရှိသူ ကိုရဲမင်းက ပြောပါတယ်။

"တဦးကို ဘတ်ငွေ ၁၇,၀၀၀ ကနေ ၁၈,၅၀၀ လောက်ထိ ကြိုတင်ကောက်ခံပြီးတော့ တချို့ကျတော့ ဗီဇာလောက်ပဲ တိုးပေးတယ်။ work permit မလုပ်ပေးဘူး။ တချို့ကတော့ ဘာမှကို လုပ်မပေးဘူး။ အဲဒါမျိုးတွေ လုပ်ကြတာပေါ့နော်။"

ထိုင်းအလုပ်သမားဝန်ကြီးကတော့ အခုလို လိမ်လည်မှုတွေ လုပ်နေတဲ့ ပွဲစားတွေအနေနဲ့ အရေးယူခံရမယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်အထိ အရေးယူခံရမှာဖြစ်သလို့ ငွေဒဏ်ကလည်း ဘတ် ၆၀၀,၀၀၀ ကနေ ၁,၀၀၀,၀၀၀ အထိ ဒဏ်ငွေရိုက်နိုင်တဲ့ ဥပဒေရှိတယ်လို့လည်း သတိပေးခဲ့ပါတယ်။

အလုပ်သမားတွေကို လိမ်လည်မှုတွေကြောင့် ကိုဗစ်ကာလမှာ အရေးယူဆောင်ရွက်ရတဲ့ ပွဲစားတွေအများအပြား ရှိခဲ့သလို ပြီးခဲ့တဲ့နှစ်ကုန်ကနေ ဒီလပိုင်းအထိအလုပ်သမားဆိုင်ရာ ဥပဒေတွေ ချိုးဖောက်လို့ အရေးယူခဲ့တဲ့ အလုပ်ရှင်ပေါင်း ၁,၅၆၉ ဦးနဲ့ လိမ်လည်မှုနဲ့ ပတ်သက်နေတဲ့ အလုပ်သမားပေါင်း ၁,၉၅၅ ဦး ရှိခဲ့တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံသား အများစုအပါအဝင် ထိုင်းနိုင်ငံမှာ ပွဲစားတွေနဲ့ ဗီဇာတုံးအတုတွေနဲ့ ဖမ်းမိသူနိုင်ငံခြားသားအလုပ်သမား ၁,၄၇၀ ဦး ကိုလည်း နေရပ်ပြန်ပို့ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG