သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းေရာက္ MOU ျမန္မာအလုပ္သမားေတြ ဆက္အလုပ္လုပ္ႏိုင္ေရး ညိွႏိႈင္း


ပုစြန္ေတြကို စီေနတဲ့ ထိုင္းေရာက္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ားကို ထိုင္းႏိုင္ငံ Samut Sakhon ေဒသမွာ ေတြ႔ရ။ (ဇူလိုင္ ၀၄၊ ၂၀၁၇)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံမွာ အစုိးရခ်င္း သေဘာတူညီခ်က္ MoU နဲ႔ အလုပ္လုပ္ေနၾကတဲ့ ျမန္မာႏုိင္ငံသား အလုပ္သမားေတြ ေနထုိင္ခြင့္ သက္တမ္း ကုန္ဆုံးေပမဲ့ ကပ္ေရာဂါကာလမွာ ဆက္လက္ခြင့္ျပဳေပးဖုိ႔ ၂ ႏုိင္ငံ တာ၀န္ရွိသူေတြ ေဆြးေႏြးေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

တရားဝင္ အလုပ္လုပ္ခြင့္သက္တမ္း ၄ ႏွစ္ျပည့္ေတာ့မယ့္ ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားေတြကို ကပ္ေရာဂါကာလမွာ အေထာက္အထား ယာယီကင္းလြတ္ခြင့္ေပးဖို႔ ျမန္မာအစုိးရ တာ၀န္ရွိသူေတြ ထိုင္းအာဏာပုိင္ေတြနဲ႔ ေဆြးေႏြးေနတာပါ။ ဒီတပတ္ထဲမွာပဲ ျမန္မာသံအမတ္ႀကီးက ထုိင္းအလုပ္သမား၀န္ႀကီးနဲ႔ ေတြ႔ဆုံေဆြးေႏြးခဲ့ေၾကာင္းလည္း ဘန္ေကာက္ၿမိဳ႕ ျမန္မာသံ႐ုံးက အလုပ္သမားသံအရာရွိ ဦးေဝလင္းေမာင္က ဗြီအိုေအကို ေျပာပါတယ္။

“အားလုံးေတာ့ အဆင္ေျပပါတယ္ ဒါေတာ့ အျမန္ဆုံး ေဆာင္႐ြက္ေပးဖို႔ ႏွစ္ႏိုင္ငံ ညႇိေနပါတယ္ဗ်။ လက္ရွိကာလေတာ့ က်ေနာ္တို႔ ေဆြးေႏြးဆဲဆိုေတာ့ တခ်ိဳ႕ ဟာေလးေတြ တင္ျပရမယ့္ ဟာေလးေတြ လိုအပ္ေသးတာေပါ့။ ထိုင္းႏိုင္ငံဆိုင္ရာ သံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း ဦးေဆာင္ၿပီး က်ေနာ္တို႔ ဝန္ႀကီးနဲ႔ေတြ႕ၿပီးေတာ့ ေဆြးေႏြးထားတဲ့ အခ်က္ေတြေတာ့ ရွိပါတယ္။”

အိမ္နီးခ်င္း ျမန္မာ၊ လာအို၊ ကေမာၻဒီယား ေ႐ႊ႕ေျပာင္းလုပ္သားေတြကို ေနထိုင္ခြင့္နဲ႔ အလုပ္လုပ္ခြင့္သက္တမ္း ထပ္တိုးေပးမယ့္အေၾကာင္း ၾသဂုတ္လ ၄ ရက္ေန႔မွာပဲ ထုိင္းအစုိးရက ေၾကညာထားပါတယ္။ ေၾကညာခ်က္ကို အေကာင္အထည္ေဖာ္ဖို႔၊ အလုပ္စာခ်ဳပ္သက္တမ္း MoU ၄ ႏွစ္ျပည့္ေတာ့မယ့္ သူေတြကို အေထာက္အထား ယာယီကင္းလြတ္ခြင့္ေပးဖို႔၊ အလုပ္ရွင္နဲ႔ အလုပ္သမား သေဘာတူစာခ်ဳပ္မွာ အေရးေပၚအေျခအေနေတြနဲ႔ ပတ္သက္တဲ့ အခ်က္ေတြကိုလည္း စာခ်ဳပ္မွာ ထည့္သြင္းႏိုင္ဖို႔ ျမန္မာသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္းက ထိုင္းအလုပ္သမား ဝန္ႀကီးနဲ႔ ေအာက္တိုဘာ ၁၉ ရက္မွာ ေဆြးေႏြးခဲ့ပါတယ္။

ထိုင္းအစိုးရက MoU လုပ္သားအသစ္ ေခၚယူဖို႔ေတာ့ ကိုဗစ္ကပ္ေရာဂါ အေျခအေနေၾကာင့္ လတ္တေလာ ဆိုင္းငံ့ထားဖို႔ ရွိေနပါတယ္။ ဒီအတြက္လည္း ထုိင္းႏုိင္ငံမွာ အလုပ္သမား ရွားပါးတဲ့ ျပႆနာနဲ႔ မႀကံဳရေအာင္ ထုိင္းႏုိင္ငံက ျပင္ဆင္ေနတာလုိ႔လည္း ထိုင္းႏိုင္ငံ အလုပ္သမား ကူညီေစာင့္ေရွာက္ေရး မဟာမိတ္အဖြဲ႕ AAC အမႈေဆာင္ဒါ႐ိုက္တာ ဦးခိုင္ႀကီးက ဗြီအိုေအကို ေျပာပါတယ္။

“အခုဆိုရင္ MoU ကို ျမန္မာျပည္က COVID ကာလနဲ႔ ရပ္လိုက္တဲ့အတြက္ ထိုင္းမွာရွိတဲ့ ( ျမန္မာ) အလုပ္သမားေတြ တရားဝင္ျဖစ္သြားတယ္၊ ေျပာခ်င္တာက အလုပ္သမား ရွားပါးသြားတဲ့အတြက္ အလုပ္သမားကို တန္ဖိုးထားရမွန္း သိသြားတယ္။ အလုပ္သမားေတြ ေပါေနရင္ အေဟာင္းေတြကိုထုတ္ အသစ္ေတြကိုသြင္း။ အေဟာင္းေတြက ျပႆနာတက္ရင္ ေလ်ာ္ေၾကး၊ နစ္နာေၾကး ေပးရမွာ မ်ားတယ္၊ အသစ္ေတြက နည္းတဲ့အခါက်ေတာ့ MoU ေတြကိုပဲ အစားထိုးၿပီးေတာ့ လူေဟာင္းေတြကို အျပစ္ရွာၿပီး ထုတ္တာေပါ့ဗ်ာ အလုပ္ရွင္ေတြက။”

ထိုင္းႏိုင္ငံမွာ MoU နဲ႔ သြားေရာက္လုပ္ကိုင္ေနတဲ့ ျမန္မာလုပ္သားက အရင္က ၁,၀၀၀,၀၀၀ ေလာက္ရွိမယ္လုိ႔ ခန္႔မွန္းထားၿပီး ဒီအထဲက ကပ္ေရာဂါကာလမွာ ျမန္မာႏုိင္ငံ ျပန္လာတဲ့သူ ၁၃၀,၀၀၀ ေလာက္ ရွိမယ္လုိ႔လည္း အလုပ္သမားေရး လႈပ္ရွားသူေတြနဲ႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။ ထုိင္းႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၅၉ ေယာက္နဲ႔ ကူးစက္သူ ၃,၆၀၀ ေလာက္ ရွိခဲ့ေပမဲ့ ေရာဂါကူးစက္မႈေတြ ေလ်ာ့ပါးလာရာက ကန္႔သတ္ခ်က္ေတြ ျပန္လည္ေလွ်ာ့ေပါ့ေပးလာေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းရောက် MOU မြန်မာအလုပ်သမားတွေ ဆက်အလုပ်လုပ်နိုင်ရေး ညှိနှိုင်း

ထိုင်းနိုင်ငံမှာ အစိုးရချင်း သဘောတူညီချက် MoU နဲ့ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးပေမဲ့ ကပ်ရောဂါကာလမှာ ဆက်လက်ခွင့်ပြုပေးဖို့ ၂ နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

တရားဝင် အလုပ်လုပ်ခွင့်သက်တမ်း ၄ နှစ်ပြည့်တော့မယ့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေကို ကပ်ရောဂါကာလမှာ အထောက်အထား ယာယီကင်းလွတ်ခွင့်ပေးဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေ ထိုင်းအာဏာပိုင်တွေနဲ့ ဆွေးနွေးနေတာပါ။ ဒီတပတ်ထဲမှာပဲ မြန်မာသံအမတ်ကြီးက ထိုင်းအလုပ်သမားဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ဗွီအိုအေကို ပြောပါတယ်။

“အားလုံးတော့ အဆင်ပြေပါတယ် ဒါတော့ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ နှစ်နိုင်ငံ ညှိနေပါတယ်ဗျ။ လက်ရှိကာလတော့ ကျနော်တို့ ဆွေးနွေးဆဲဆိုတော့ တချို့ ဟာလေးတွေ တင်ပြရမယ့် ဟာလေးတွေ လိုအပ်သေးတာပေါ့။ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်ပြီး ကျနော်တို့ ဝန်ကြီးနဲ့တွေ့ပြီးတော့ ဆွေးနွေးထားတဲ့ အချက်တွေတော့ ရှိပါတယ်။”

အိမ်နီးချင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီယား ရွှေ့ပြောင်းလုပ်သားတွေကို နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်သက်တမ်း ထပ်တိုးပေးမယ့်အကြောင်း သြဂုတ်လ ၄ ရက်နေ့မှာပဲ ထိုင်းအစိုးရက ကြေညာထားပါတယ်။ ကြေညာချက်ကို အကောင်အထည်ဖော်ဖို့၊ အလုပ်စာချုပ်သက်တမ်း MoU ၄ နှစ်ပြည့်တော့မယ့် သူတွေကို အထောက်အထား ယာယီကင်းလွတ်ခွင့်ပေးဖို့၊ အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူစာချုပ်မှာ အရေးပေါ်အခြေအနေတွေနဲ့ ပတ်သက်တဲ့ အချက်တွေကိုလည်း စာချုပ်မှာ ထည့်သွင်းနိုင်ဖို့ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ထိုင်းအလုပ်သမား ဝန်ကြီးနဲ့ အောက်တိုဘာ ၁၉ ရက်မှာ ဆွေးနွေးခဲ့ပါတယ်။

ထိုင်းအစိုးရက MoU လုပ်သားအသစ် ခေါ်ယူဖို့တော့ ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် လတ်တလော ဆိုင်းငံ့ထားဖို့ ရှိနေပါတယ်။ ဒီအတွက်လည်း ထိုင်းနိုင်ငံမှာ အလုပ်သမား ရှားပါးတဲ့ ပြဿနာနဲ့ မကြုံရအောင် ထိုင်းနိုင်ငံက ပြင်ဆင်နေတာလို့လည်း ထိုင်းနိုင်ငံ အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ AAC အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“အခုဆိုရင် MoU ကို မြန်မာပြည်က COVID ကာလနဲ့ ရပ်လိုက်တဲ့အတွက် ထိုင်းမှာရှိတဲ့ ( မြန်မာ) အလုပ်သမားတွေ တရားဝင်ဖြစ်သွားတယ်၊ ပြောချင်တာက အလုပ်သမား ရှားပါးသွားတဲ့အတွက် အလုပ်သမားကို တန်ဖိုးထားရမှန်း သိသွားတယ်။ အလုပ်သမားတွေ ပေါနေရင် အဟောင်းတွေကိုထုတ် အသစ်တွေကိုသွင်း။ အဟောင်းတွေက ပြဿနာတက်ရင် လျော်ကြေး၊ နစ်နာကြေး ပေးရမှာ များတယ်၊ အသစ်တွေက နည်းတဲ့အခါကျတော့ MoU တွေကိုပဲ အစားထိုးပြီးတော့ လူဟောင်းတွေကို အပြစ်ရှာပြီး ထုတ်တာပေါ့ဗျာ အလုပ်ရှင်တွေက။”

ထိုင်းနိုင်ငံမှာ MoU နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားက အရင်က ၁,၀၀၀,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ဒီအထဲက ကပ်ရောဂါကာလမှာ မြန်မာနိုင်ငံ ပြန်လာတဲ့သူ ၁၃၀,၀၀၀ လောက် ရှိမယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ကူးစက်သူ ၃,၆၀၀ လောက် ရှိခဲ့ပေမဲ့ ရောဂါကူးစက်မှုတွေ လျော့ပါးလာရာက ကန့်သတ်ချက်တွေ ပြန်လည်လျှော့ပေါ့ပေးလာနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG