သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘုရားသံုးဆူနယ္စပ္ဂိတ္ ပိတ္ပင္မႈ ထိုင္းသက္တမ္းတိုး


ျပီးခဲ့တဲ့ စက္တင္ဘာလက ဘုရားသံုးဆူနယ္စပ္ကုိ စတင္ကန့္သတ္ခ်ိန္က ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု - ေဒသခံ)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ ႀကံဳေနရတဲ့ ျမန္မာႏုိင္ငံနဲ႔ အဓိကနယ္စပ္ ဆက္သြယ္ေရး လမ္းေၾကာင္း တခုျဖစ္တဲ့ ဘုရားသုံးဆူ နယ္စပ္ဂိတ္ကုိ ဆက္ပိတ္ထားဖုိ႔ ထုိင္းအာဏာပုိင္ေတြ ေၾကညာလုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပေပးထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါကူးစက္မႈေတြ ဆက္လက္ျဖစ္ပြားေနသလုိ ျမန္မာႏုိင္ငံက လာသူ တခ်ဳိ႕မွာပါ ေရာဂါကူးစက္မႈေတြ ေတြ႔ရွိရတာေၾကာင့္ ပ်ံ႕ႏွံ႔မွာ စုိးရိမ္ေနတဲ့ ထုိင္းႏုိင္ငံက နယ္စပ္ေတြမွာ ဆက္လက္တင္းၾကပ္ေနတာပါ။ ထုိင္းႏုိင္ငံ ကမ္ခ်ဘူရီခရိုင္ ဘုရားသံုးဆူ နယ္စပ္ဂိတ္ကိုလည္း သီတင္း ၂ ပတ္ၾကာပိတ္ထားတာကုိ တတိယအႀကိမ္အျဖစ္ သက္တမ္းတိုးလုိက္ေၾကာင္း ခရိုင္ကပ္ေရာဂါထိမ္းခ်ဳပ္ေရး ဥကၠ႒ Jirakiat Phumsawat ကေၾကညာခဲ့တာပါ။

အိမ္နီးခ်င္း ျမန္မာနိုင္ငံမွာ ကပ္ေရာဂါ ကူးဆက္ႏႈန္း ျမင့္လာေနတဲ့အခ်ိန္မွာ နယ္စပ္ခ်င္း ထိစပ္ေနတဲ့ ထိုင္းနိုင္ငံ ကမ္ခ်နဘူရီ ခရိုင္အတြင္းမွာလည္း ကပ္ေရာဂါကာကြယ္ေရး အတြက္ ျပန္ ့ပြားမလာေအာင္ထိန္းခ်ဳပ္နိုင္ဖိုအတြက္ အခုလို နယ္စပ္ကို ဆက္ပိတ္ခဲ့ရတာပါ- က်ေနာ္တို႔ ထိုင္းနိုင္ငံဘက္ ကမ္ခ်နာဘူရီခရိုင္မွာေတာ့ကိုဗစ္ေရာဂါ ကူးဆက္သူ မရွိေၾကာင္း ခရိုင္ကပ္ေရာဂါထိန္းခ်ဳပ္ေရး ဥကၠ႒က ထုိင္းဘာသာနဲ႔ ေျပာဆိုသြားတာပါ။

ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ျဖစ္ပြားရာက ဘုရားသုံးဆူ နယ္စပ္ အ၀င္အထြက္ကုိ သီတင္း ၂ ပတ္ၾကာ ယာယီပိတ္ထားဖုိ႔ ၿပီးခဲ့တဲ့လ ၂၂ ရက္ေန႔ကပဲ ထုိင္းအာဏာပုိင္ေတြက ေၾကညာခဲ့တာပါ။ ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါကူးစက္မႈေတြ က်ဆင္းမသြားေသးပဲ နယ္စပ္ေဒသေတြမွာပါ ကူးစက္မႈေတြ ေတြ႔ေနရတာေၾကာင့္ အခုလုိ ဆက္လက္ သက္တမ္းတုိးဖုိ႔ ဆုံးျဖတ္ခဲ့တာလုိ႔လည္း ေဒသခံအာဏာပုိင္ေတြက ေျပာပါတယ္။ ထုိင္းႏုိင္ငံနဲ႔ နယ္စပ္ ျမန္မာႏုိင္ငံက တခ်ဳိ႕ေဒသေတြမွာပါ ေရာဂါကူးစက္မႈေတြ ေတြ႔ရွိလာရာက ထုိင္းႏုိင္ငံက နယ္စပ္ေတြမွာ အ၀င္အထြက္ေတြကုိ ဆက္ပိတ္ထားတာလုိ႔လည္း ထိုင္းႏုိင္ငံအေျခစုိက္ပညာေရးနဲ႔ ဖြံျဖိဳးေရေဖာင္းေဒးရွင္းက အလုပ္သမားေရးတက္ၾကြလႈပ္ရွားဦးမင္းဦးကေျပာပါတယ္။

ျပီးခဲ့တဲ့ စက္တင္ဘာလက ဘုရားသံုးဆူနယ္စပ္ကုိ စတင္ကန့္သတ္ခ်ိန္က ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု - ေဒသခံ)
ျပီးခဲ့တဲ့ စက္တင္ဘာလက ဘုရားသံုးဆူနယ္စပ္ကုိ စတင္ကန့္သတ္ခ်ိန္က ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု - ေဒသခံ)

"မေန႔ကတုန္းက ၂၀ ရက္ေန႔ဆုိေတာ့ ပိတ္တာျပည့္တာေလ။ ဘုရားသံုးဆူဘက္မွာ ျမန္မာျပည္ ရန္ကုန္ဘက္ကျပန္လာတဲ့ အမ်ိဳးသမီးတဦး ပိုးေတြ႔တာကေန သူတို႔က အဲဒါနဲ႔ သက္ဆုိင္ျပီး သက္တမ္းထပ္တုိးတာလို႔ယူဆရပါတယ္။"

ကပ္ေရာဂါကူးစက္မႈ အႏၱရာယ္ကုိ ထိန္းခ်ဳပ္ဖုိ႔ ဘုရားသုံးဆူ အပါအ၀င္ ျမန္မာႏုိင္ငံနဲ႔ နယ္စပ္ အ၀င္အထြက္ေတြနဲ႔ ကုန္စည္ကူးသန္းေရာင္း၀ယ္မႈေတြကုိ ထုိင္းႏုိင္ငံက ကန္႔သတ္ထားပါတယ္။ ျမန္မာႏုိင္ငံသား အမ်ားအျပားရွိတဲ့ တာခ္ခ႐ုိင္ မဲေဆာက္ၿမိဳ႕မွာေတာ့ ေနရပ္ျပန္ခ်င္တဲ့ ျမန္မာေတြကုိ ျပန္ခြင့္ျပဳထားပါတယ္။ နယ္စပ္ဂိတ္ေတြ ပိတ္ထားဖုိ႔ ေနာက္ထပ္ သက္တမ္းတုိးလုိက္တဲ့ ကမ္ခ်နဘူရီခရိုင္မွာေတာ့ လူအ၀င္အထြက္ကုိပါ တားျမစ္ထားျပီး ကန္႔သတ္ခ်က္ေတြ ခ်ိဳးေဖါက္မယ္ဆိုရင္ေတာ့ ကပ္ေရာဂါဆိုင္ရာ ဥပေဒ ပုဒ္မ ၅၄ အရ ေထာင္ဒဏ္တစ္နွစ္နဲ ့ ဘတ္ေငြ ၁၀၀,၀၀၀ အထိ ခ်မွတ္မယ္လို႔လည္း အမိန္ ့ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘုရားသုံးဆူနယ်စပ်ဂိတ် ပိတ်ပင်မှု ထိုင်းသက်တမ်းတိုး

ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံနဲ့ အဓိကနယ်စပ် ဆက်သွယ်ရေး လမ်းကြောင်း တခုဖြစ်တဲ့ ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ဆက်ပိတ်ထားဖို့ ထိုင်းအာဏာပိုင်တွေ ကြေညာလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေသလို မြန်မာနိုင်ငံက လာသူ တချို့မှာပါ ရောဂါကူးစက်မှုတွေ တွေ့ရှိရတာကြောင့် ပျံ့နှံ့မှာ စိုးရိမ်နေတဲ့ ထိုင်းနိုင်ငံက နယ်စပ်တွေမှာ ဆက်လက်တင်းကြပ်နေတာပါ။ ထိုင်းနိုင်ငံ ကမ်ချဘူရီခရိုင် ဘုရားသုံးဆူ နယ်စပ်ဂိတ်ကိုလည်း သီတင်း ၂ ပတ်ကြာပိတ်ထားတာကို တတိယအကြိမ်အဖြစ် သက်တမ်းတိုးလိုက်ကြောင်း ခရိုင်ကပ်ရောဂါထိမ်းချုပ်ရေး ဥက္ကဋ္ဌ Jirakiat Phumsawat ကကြေညာခဲ့တာပါ။

အိမ်နီးချင်း မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကူးဆက်နှုန်း မြင့်လာနေတဲ့အချိန်မှာ နယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံ ကမ်ချနဘူရီ ခရိုင်အတွင်းမှာလည်း ကပ်ရောဂါကာကွယ်ရေး အတွက် ပြန့်ပွားမလာအောင်ထိန်းချုပ်နိုင်ဖိုအတွက် အခုလို နယ်စပ်ကို ဆက်ပိတ်ခဲ့ရတာပါ- ကျနော်တို့ ထိုင်းနိုင်ငံဘက် ကမ်ချနာဘူရီခရိုင်မှာတော့ကိုဗစ်ရောဂါ ကူးဆက်သူ မရှိကြောင်း ခရိုင်ကပ်ရောဂါထိန်းချုပ်ရေး ဥက္ကဋ္ဌက ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန်ဖြစ်ပွားရာက ဘုရားသုံးဆူ နယ်စပ် အဝင်အထွက်ကို သီတင်း ၂ ပတ်ကြာ ယာယီပိတ်ထားဖို့ ပြီးခဲ့တဲ့လ ၂၂ ရက်နေ့ကပဲ ထိုင်းအာဏာပိုင်တွေက ကြေညာခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ ကျဆင်းမသွားသေးပဲ နယ်စပ်ဒေသတွေမှာပါ ကူးစက်မှုတွေ တွေ့နေရတာကြောင့် အခုလို ဆက်လက် သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံနဲ့ နယ်စပ် မြန်မာနိုင်ငံက တချို့ဒေသတွေမှာပါ ရောဂါကူးစက်မှုတွေ တွေ့ရှိလာရာက ထိုင်းနိုင်ငံက နယ်စပ်တွေမှာ အဝင်အထွက်တွေကို ဆက်ပိတ်ထားတာလို့လည်း ထိုင်းနိုင်ငံအခြေစိုက်ပညာရေးနဲ့ ဖွံဖြိုးရေဖောင်းဒေးရှင်းက အလုပ်သမားရေးတက်ကြွလှုပ်ရှားဦးမင်းဦးကပြောပါတယ်။

"မနေ့ကတုန်းက ၂၀ ရက်နေ့ဆိုတော့ ပိတ်တာပြည့်တာလေ။ ဘုရားသုံးဆူဘက်မှာ မြန်မာပြည် ရန်ကုန်ဘက်ကပြန်လာတဲ့ အမျိုးသမီးတဦး ပိုးတွေ့တာကနေ သူတို့က အဲဒါနဲ့ သက်ဆိုင်ပြီး သက်တမ်းထပ်တိုးတာလို့ယူဆရပါတယ်။"

ကပ်ရောဂါကူးစက်မှု အန္တရာယ်ကို ထိန်းချုပ်ဖို့ ဘုရားသုံးဆူ အပါအဝင် မြန်မာနိုင်ငံနဲ့ နယ်စပ် အဝင်အထွက်တွေနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေကို ထိုင်းနိုင်ငံက ကန့်သတ်ထားပါတယ်။ မြန်မာနိုင်ငံသား အများအပြားရှိတဲ့ တာခ်ခရိုင် မဲဆောက်မြို့မှာတော့ နေရပ်ပြန်ချင်တဲ့ မြန်မာတွေကို ပြန်ခွင့်ပြုထားပါတယ်။ နယ်စပ်ဂိတ်တွေ ပိတ်ထားဖို့ နောက်ထပ် သက်တမ်းတိုးလိုက်တဲ့ ကမ်ချနဘူရီခရိုင်မှာတော့ လူအဝင်အထွက်ကိုပါ တားမြစ်ထားပြီး ကန့်သတ်ချက်တွေ ချိုးဖေါက်မယ်ဆိုရင်တော့ ကပ်ရောဂါဆိုင်ရာ ဥပဒေ ပုဒ်မ ၅၄ အရ ထောင်ဒဏ်တစ်နှစ်နဲ့ ဘတ်ငွေ ၁၀၀,၀၀၀ အထိ ချမှတ်မယ်လို့လည်း အမိန့်ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG