သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေရးေပၚအေျခအေနကို အန္တုတဲ့ ရွစ္ရက္ေျမာက္ ထိုင္းဆႏၵျပပဲြ


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေတြ႔ရတဲ့ ဆႏၵျပပဲြ ျမင္ကြင္း။ (ေအာက္တိုဘာ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေတြ႔ရတဲ့ ဆႏၵျပပဲြ ျမင္ကြင္း။ (ေအာက္တိုဘာ ၂၁၊ ၂၀၂၀)
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေတြ႔ရတဲ့ ဆႏၵျပပဲြ ျမင္ကြင္း။ (ေအာက္တိုဘာ ၂၁၊ ၂၀၂၀)

ထိုင္းႏုိင္ငံမွာ အစိုးရဆန္႔က်င္ေရး ဆႏၵျပသူေတြဟာ ၈ ရက္ ဆက္တို္က္အျဖစ္ ဒီကေန႔ ဗုဒၶဟူးေန႔မွာလည္း စုေဝးခဲ့ၾကပါတယ္။

ဆႏၵျပေခါင္းေဆာင္အမ်ားအျပား ဖမ္းဆီးခံထားရၿပီး လူေလးဦးထက္ ပိုၿပီး မစုေဝးဖို႔ ကန္႔သတ္တဲ့ ႏုိင္ငံေတာ္အေရးေပၚအေျခအေန ေၾကညာထားတဲ့ၾကားမွာပဲ ဆက္ၿပီး ဆႏၵျပ ေတာင္းဆိုေနၾကတာပါ။

ဝန္ႀကီးခ်ဳပ္ Prayuth China-ocha ႏုတ္ထြက္ေပးဖုိ႔၊ ဒီမိုကေရစီနဲ႔ ပိုၿပီးကုိုက္ညီတဲ့ အေျခခံဥပေဒတရပ္ ေရးဆြဲဖို႔နဲ႔ ဘုရင္စနစ္ကို ျပဳျပင္ေျပာင္းလဲဖို႔ ေတာင္းဆိုၿပီး ေန႔စဥ္ဆႏၵျပေနၾကတာျဖစ္ပါတယ္။

ဆႏၵျပပြဲေတြကို ထိန္းခ်ဳပ္ဖို႔ ၿပီးခဲ့ဲတဲ့ သီတင္းပတ္မွာ အစိုးရကထုတ္ျပန္ခဲ့တဲ့ ႏုိင္ငံေတာ္ အေရးေပၚအေျခအေနကို ျပန္႐ုပ္သိမ္းေပးဖို႔ ဆႏၵျပေက်ာင္းသားေတြက ဘန္ေကာက္ၿမိဳ႕ေတာ္ တရား႐ံုးတခုမွာ ဒီကေန႔ သြားေလ ွ်ာက္ခဲ့ပါေသးတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အဓိက႐ုဏ္း ႏွိမ္နင္းေရးရဲေတြက မီးသတ္ပိုက္ေတြ သံုးၿပီး ဆႏၵျပသူေတြကို ေရနဲ႔ထိုးဖ်န္း ၿဖိဳခြဲခဲ့ေပမဲ့လည္း ဆႏၵျပသူအေရအတြက္ဟာ ေလ်ာ့မသြားတဲ့အျပင္ ပိုေတာင္မ်ားလာတဲ့ပံု ရွိပါတယ္။

အဲဒီေန႔ကတည္းကစလို႔ ရဲတပ္ဖြဲ႔က ဆႏၵျပသူေတြနဲ႔ ထိပ္တိုက္မေတြ႔ေတာ့ဘဲ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးေတြကို ပိတ္ပစ္တာ၊ ဆႏၵျပပြဲေတြအတြက္ အြန္လိုင္းေပၚကေန စည္း႐ံုးစီစဥ္တာကို ပိတ္ပစ္တာေတြနဲ႔ ဆႏၵျပပြဲေတြျဖစ္မလာေအာင္ တားဆီးဖို႔ ႀကိဳးစားေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အရေးပေါ်အခြေအနေကို အန်တုတဲ့ ရှစ်ရက်မြောက် ထိုင်းဆန္ဒပြပွဲ

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ၈ ရက် ဆက်တိုက်အဖြစ် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာလည်း စုဝေးခဲ့ကြပါတယ်။

ဆန္ဒပြခေါင်းဆောင်အများအပြား ဖမ်းဆီးခံထားရပြီး လူလေးဦးထက် ပိုပြီး မစုဝေးဖို့ ကန့်သတ်တဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကြားမှာပဲ ဆက်ပြီး ဆန္ဒပြ တောင်းဆိုနေကြတာပါ။

ဝန်ကြီးချုပ် Prayuth China-ocha နုတ်ထွက်ပေးဖို့၊ ဒီမိုကရေစီနဲ့ ပိုပြီးကိုက်ညီတဲ့ အခြေခံဥပဒေတရပ် ရေးဆွဲဖို့နဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုပြီး နေ့စဉ်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေကို ထိန်းချုပ်ဖို့ ပြီးခဲ့ဲတဲ့ သီတင်းပတ်မှာ အစိုးရကထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေကို ပြန်ရုပ်သိမ်းပေးဖို့ ဆန္ဒပြကျောင်းသားတွေက ဘန်ကောက်မြို့တော် တရားရုံးတခုမှာ ဒီကနေ့ သွားလေ ျှာက်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက မီးသတ်ပိုက်တွေ သုံးပြီး ဆန္ဒပြသူတွေကို ရေနဲ့ထိုးဖျန်း ဖြိုခွဲခဲ့ပေမဲ့လည်း ဆန္ဒပြသူအရေအတွက်ဟာ လျော့မသွားတဲ့အပြင် ပိုတောင်များလာတဲ့ပုံ ရှိပါတယ်။

အဲဒီနေ့ကတည်းကစလို့ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်မတွေ့တော့ဘဲ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေကို ပိတ်ပစ်တာ၊ ဆန္ဒပြပွဲတွေအတွက် အွန်လိုင်းပေါ်ကနေ စည်းရုံးစီစဉ်တာကို ပိတ်ပစ်တာတွေနဲ့ ဆန္ဒပြပွဲတွေဖြစ်မလာအောင် တားဆီးဖို့ ကြိုးစားနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG