သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘုရားသံုးဆူနယ္စပ္ဂိတ္ တရက္တာဖြင့္ေပး


ဘုရားသံုးဆူေဒသမွာ ေအာက္တုိဘာလ ၂၇ ရက္ေန့က တရက္တာ ယာယီကုန္စည္သြြားလာမႈ ျမင္ကြင္း။ (ဓာတ္ပံု - ေဒသခံ - ေအာက္တိုဘာ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ ယာယီပိတ္ထားတဲ့ ထုိင္း၊ ျမန္မာနယ္စပ္ ဘုရားသုံးဆူ နယ္စပ္ကုန္သြယ္မႈေတြကုိ ထုိင္းႏုိင္ငံက ဒီေန႔တရက္ ေခတၱျပန္ဖြင့္ေပးလုိက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

ထုိင္းႏုိင္ငံ ကမ္ခ်နပူရီခရိုင္ ဘုရားသံုးဆူေဒသ ေနာင္လု Nong Lu နယ္ျခားဂိတ္ကို ထိုင္းႏုိင္ငံဘက္က ဒီေန႔မနက္ ၈နာရီကေန ညေန ၆ နာရီအထိ ယာယီ ဖြင့္လွစ္ေပးလုိက္တာ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္ျဖစ္ပြားရာက ကူးစက္မႈေတြ ပ်ံ႕ႏွံ႔လာမွာ စုိးရိမ္တာေၾကာင့္ ထုိင္းႏုိင္ငံက ဘုရားသုံးဆူ အပါအ၀င္ နယ္စပ္ေဒသေတြမွာ အ၀င္အထြက္ေတြနဲ႔ ကုန္သြယ္မႈေတြကုိ တားျမစ္ထားတာေၾကာင့္ ကုန္စည္စီးဆင္းမႈေတြမွာ အဟန္႔အတားေတြနဲ႔ နစ္နာဆုံး႐ႈံးမႈေတြ ႀကံဳေနရတာေၾကာင့္ တရက္တာ ယာယီဖြင့္ေပးလုိက္တာလုိ႔လည္း ကမ္ခ်နဘူရီ ျမိဳ႕ပိုင္ Jirakiat Phumsawat က သတင္းထုတ္ျပန္ထားပါတယ္။

နယ္စပ္ဂိတ္ေတြ ပိတ္ထားတာေၾကာင့္ နစ္နာဆုံး႐ႈံးမႈေတြ ႀကံဳေနရခ်ိန္မွာ အခုလုိ ယာယီဖြင့္ေပးလုိက္တဲ့အေပၚ ကုန္သည္ေတြက ႀကိဳဆုိခဲ့ၾကပါတယ္။

"တပတ္တခါ ဖြင့္ေပးမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ အသက္ရူ နည္းနည္းေခ်ာင္တာေပါ့။ ကုန္ပစၥည္းေတြက ျမန္မာဘက္ကုိ မပို႔ဘဲ ရပ္ျပီးေစာင့္ေနရမယ္ဆိုရင္ က်ေနာ္တို႔အေနနဲ႔ ဆံုးရႈံးနစ္နာမႈေတြျဖစ္ေနရပါတယ္။ ဒီဘက္က ကုန္ပစၥည္းေတြကုိ ဟိုဘက္ကုိေရာက္ၿပီဆိုရင္ ဂိုေဒါင္ေတြ မွာထားျပီး ျဖန္႔ခ်ီေပးလို႔လည္း ရပါတယ္။ ဒီလိုလုပ္ေပးမယ္ဆုိရင္ေတာ့ ႏွစ္ဘက္ကုန္သည္ေတြ ဆံုးရႈံး နစ္နာမႈေတြ နည္းလာပါလိမ့္မယ္ဆုိျပီး ထုိင္းကုန္သည္တေယာက္ ေျပာသြားတာပါ။"

ဒီကေန ့မနက္ ကုန္သြယ္မႈေတြ ယာယီျပန္ဖြင့္ေပးလုိက္တဲ့အခ်ိန္မွာ ကုန္ကားေတြကုိ ပိုးသတ္ေဆးဖ်န္းတာ၊ စာရင္းေကာက္ယူတာ၊ ျဖတ္သန္းသြားလာသူေတြကို ကပ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး စည္းကမ္းခ်က္ေတြနဲ႔အညီ ကန္႔သတ္စစ္ေဆးတာေတြလည္း ရွိခဲ့ပါတယ္။

ထုိင္းအာဏာပုိင္ေတြကေတာ့ ကပ္ေရာဂါ ကူးစက္မႈအေျခအေနေတြကုိ ထိန္းခ်ဳပ္ႏုိင္တဲ့အေပၚ မူတည္ၿပီး နယ္စပ္ကုန္သြယ္ေရးေတြကို ျပန္ဖြင့္ဖုိ႔ လုိလားေနတယ္လုိ႔လည္း ထိုင္းႏုိင္ငံအေျခစုိက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရး လႈပ္ရွားသူဦးမင္းဦးက ေျပာပါတယ္။

"ထိုင္းကာကြယ္ေရးဦးစီးခ်ဳပ္က ျပီးခဲ့တဲ့ရက္က ရေနာင္းမွာ လာေျပာတယ္။ နယ္စပ္ေတြ ဖြင့္ေပးဖို႔ ကိုဗစ္နဲ႔ ပတ္သက္လို႔ ကုိယ့္ဘက္ကလည္း တားဆီးကာကြယ္ႏို္င္တယ္။ ျမန္မာဘက္ကလည္း ေရာဂါကူးစက္မႈ သိပ္မမ်ားဘူးဆိုရင္ ႏွစ္ႏိုင္နယ္စပ္ပံုမွန္အေျခအေနျပန္ေရာက္ဖို႔ ထုိင္းဘက္ျခမ္းကို အဓိက ေျပာသြားတယ္ ကုိဗစ္နဲ႔ ပတ္သက္တဲ့ ကန္႔သတ္တာေတြေျဖေလ်ာ့ေပးဖို႔ ဒါမွာသာ ႏွစ္အလုပ္ကိစၥေတြ၊ အလုပ္သမားကိစၥေတြေရာ၊ ကုန္စည္စီးဆင္းမႈေတြပါ အဆင္ေျပႏိုင္မယ္ဆိုျပီး ကာကြယ္ေရးဦးစီးခ်ဳပ္က ဌာနဆိုင္ရာေတြကို တုိက္တြန္းသြားတာေတြ ့တယ္။"

ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ျဖစ္ပြားရာက ဘုရားသုံးဆူ နယ္စပ္ အ၀င္အထြက္ကုိ သီတင္း ၂ ပတ္ၾကာ ယာယီပိတ္ထားဖုိ႔ ၿပီးခဲ့တဲ့လ ၂၂ ရက္ေန႔ကပဲ ထုိင္းအာဏာပုိင္ေတြက ေၾကညာခဲ့ၿပီး သက္တမ္း ထပ္တုိးေနတာ အခုဆုိရင္ တတိယအႀကိမ္အထိ ရွိသြားပါၿပီ။ ထုိင္းႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၅၉ ေယာက္နဲ႔ ကူးစက္သူ ၃,၆၀၀ ေလာက္ရွိခဲ့ေပမဲ့ မၾကာေသးခင္ လေတြကစလုိ႔ ေရာဂါကူးစက္မႈေတြ က်ဆင္းလာေနရာက ကန္႔သတ္မႈေတြ ေလ်ာ့ေပါ့လာခ်ိန္မွာပဲ ျမန္မာႏုိင္ငံမွာ ကူးစက္မႈေတြ ျမင့္တက္လာတာေၾကာင့္ နယ္စပ္ေဒသေတြမွာ လုံၿခံဳေရးတင္းၾကပ္ထားၿပီး အ၀င္အထြက္ေတြကုိလည္း တားျမစ္ထားတာ ျဖစ္ပါတယ္ရွင္။

ဘုရားသံုးဆူနယ္စပ္ဂိတ္ တရက္တာဖြင့္ေပး
please wait

No media source currently available

0:00 0:03:15 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘုရားသုံးဆူနယ်စပ်ဂိတ် တရက်တာဖွင့်ပေး

ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် ယာယီပိတ်ထားတဲ့ ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်မှုတွေကို ထိုင်းနိုင်ငံက ဒီနေ့တရက် ခေတ္တပြန်ဖွင့်ပေးလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ထိုင်းနိုင်ငံ ကမ်ချနပူရီခရိုင် ဘုရားသုံးဆူဒေသ နောင်လု Nong Lu နယ်ခြားဂိတ်ကို ထိုင်းနိုင်ငံဘက်က ဒီနေ့မနက် ၈နာရီကနေ ညနေ ၆ နာရီအထိ ယာယီ ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန်ဖြစ်ပွားရာက ကူးစက်မှုတွေ ပျံ့နှံ့လာမှာ စိုးရိမ်တာကြောင့် ထိုင်းနိုင်ငံက ဘုရားသုံးဆူ အပါအဝင် နယ်စပ်ဒေသတွေမှာ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေကို တားမြစ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေမှာ အဟန့်အတားတွေနဲ့ နစ်နာဆုံးရှုံးမှုတွေ ကြုံနေရတာကြောင့် တရက်တာ ယာယီဖွင့်ပေးလိုက်တာလို့လည်း ကမ်ချနဘူရီ မြို့ပိုင် Jirakiat Phumsawat က သတင်းထုတ်ပြန်ထားပါတယ်။

နယ်စပ်ဂိတ်တွေ ပိတ်ထားတာကြောင့် နစ်နာဆုံးရှုံးမှုတွေ ကြုံနေရချိန်မှာ အခုလို ယာယီဖွင့်ပေးလိုက်တဲ့အပေါ် ကုန်သည်တွေက ကြိုဆိုခဲ့ကြပါတယ်။

"တပတ်တခါ ဖွင့်ပေးမယ်ဆိုရင်တော့ ကျနော်တို့ အသက်ရူ နည်းနည်းချောင်တာပေါ့။ ကုန်ပစ္စည်းတွေက မြန်မာဘက်ကို မပို့ဘဲ ရပ်ပြီးစောင့်နေရမယ်ဆိုရင် ကျနော်တို့အနေနဲ့ ဆုံးရှုံးနစ်နာမှုတွေဖြစ်နေရပါတယ်။ ဒီဘက်က ကုန်ပစ္စည်းတွေကို ဟိုဘက်ကိုရောက်ပြီဆိုရင် ဂိုဒေါင်တွေ မှာထားပြီး ဖြန့်ချီပေးလို့လည်း ရပါတယ်။ ဒီလိုလုပ်ပေးမယ်ဆိုရင်တော့ နှစ်ဘက်ကုန်သည်တွေ ဆုံးရှုံး နစ်နာမှုတွေ နည်းလာပါလိမ့်မယ်ဆိုပြီး ထိုင်းကုန်သည်တယောက် ပြောသွားတာပါ။"

ဒီကနေ့မနက် ကုန်သွယ်မှုတွေ ယာယီပြန်ဖွင့်ပေးလိုက်တဲ့အချိန်မှာ ကုန်ကားတွေကို ပိုးသတ်ဆေးဖျန်းတာ၊ စာရင်းကောက်ယူတာ၊ ဖြတ်သန်းသွားလာသူတွေကို ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်တွေနဲ့အညီ ကန့်သတ်စစ်ဆေးတာတွေလည်း ရှိခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ ကပ်ရောဂါ ကူးစက်မှုအခြေအနေတွေကို ထိန်းချုပ်နိုင်တဲ့အပေါ် မူတည်ပြီး နယ်စပ်ကုန်သွယ်ရေးတွေကို ပြန်ဖွင့်ဖို့ လိုလားနေတယ်လို့လည်း ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေး လှုပ်ရှားသူဦးမင်းဦးက ပြောပါတယ်။

"ထိုင်းကာကွယ်ရေးဦးစီးချုပ်က ပြီးခဲ့တဲ့ရက်က ရနောင်းမှာ လာပြောတယ်။ နယ်စပ်တွေ ဖွင့်ပေးဖို့ ကိုဗစ်နဲ့ ပတ်သက်လို့ ကိုယ့်ဘက်ကလည်း တားဆီးကာကွယ်နိုင်တယ်။ မြန်မာဘက်ကလည်း ရောဂါကူးစက်မှု သိပ်မများဘူးဆိုရင် နှစ်နိုင်နယ်စပ်ပုံမှန်အခြေအနေပြန်ရောက်ဖို့ ထိုင်းဘက်ခြမ်းကို အဓိက ပြောသွားတယ် ကိုဗစ်နဲ့ ပတ်သက်တဲ့ ကန့်သတ်တာတွေဖြေလျော့ပေးဖို့ ဒါမှာသာ နှစ်အလုပ်ကိစ္စတွေ၊ အလုပ်သမားကိစ္စတွေရော၊ ကုန်စည်စီးဆင်းမှုတွေပါ အဆင်ပြေနိုင်မယ်ဆိုပြီး ကာကွယ်ရေးဦးစီးချုပ်က ဌာနဆိုင်ရာတွေကို တိုက်တွန်းသွားတာတွေ့တယ်။"

မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန်ဖြစ်ပွားရာက ဘုရားသုံးဆူ နယ်စပ် အဝင်အထွက်ကို သီတင်း ၂ ပတ်ကြာ ယာယီပိတ်ထားဖို့ ပြီးခဲ့တဲ့လ ၂၂ ရက်နေ့ကပဲ ထိုင်းအာဏာပိုင်တွေက ကြေညာခဲ့ပြီး သက်တမ်း ထပ်တိုးနေတာ အခုဆိုရင် တတိယအကြိမ်အထိ ရှိသွားပါပြီ။ ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ကူးစက်သူ ၃,၆၀၀ လောက်ရှိခဲ့ပေမဲ့ မကြာသေးခင် လတွေကစလို့ ရောဂါကူးစက်မှုတွေ ကျဆင်းလာနေရာက ကန့်သတ်မှုတွေ လျော့ပေါ့လာချိန်မှာပဲ မြန်မာနိုင်ငံမှာ ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် နယ်စပ်ဒေသတွေမှာ လုံခြုံရေးတင်းကြပ်ထားပြီး အဝင်အထွက်တွေကိုလည်း တားမြစ်ထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG