သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမ၀တီ-မဲေဆာက္ နယ္စပ္ကုန္သြယ္မႈျပန္စေပမယ့္ အခက္အခဲရွိဆဲ


မဲေဆာက္ -ျမ၀တီကုန္သြယ္မႈဇုန္အခ်င္းအခ်င္းကုန္ပစၥည္းမ်ား တင္ပုိ႔ေနတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးေၾကာင့္ ရပ္နားထားရတဲ့ ထုိင္းႏုိိင္ငံမဲေဆာက္ၿမိဳ႕နဲ႔ ျမန္မာႏုိင္ငံ ျမ၀တီၿမိဳ႕ၾကား ကုန္သြယ္မႈေတြ ဒီကေန႔ ျပန္စခဲ့ေပမဲ့ အခက္အခဲေတြ ရွိေနဆဲျဖစ္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

မဲေဆာက္ -ျမ၀တီကုန္သြယ္မႈဇုန္အခ်င္းအခ်င္းကုန္ပစၥည္းမ်ား တင္ပုိ႔ေနတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၂၆၊ ၂၀၂၀)
မဲေဆာက္ -ျမ၀တီကုန္သြယ္မႈဇုန္အခ်င္းအခ်င္းကုန္ပစၥည္းမ်ား တင္ပုိ႔ေနတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၂၆၊ ၂၀၂၀)

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ တေက်ာ့ျပန္ကူးစက္မႈေတြ ႀကံဳရၿပီးေနာက္ ထုိင္းႏုိင္ငံနဲ႔ နယ္စပ္ကုန္သြယ္မႈေတြကုိ ပိတ္ထားတာ သီတင္းတပတ္ေက်ာ္ၾကာၿပီးေနာက္ ဒီကေန႔ပဲ ျပန္ဖြင့္ေပးလုိက္တာပါ။ ဒါေပမဲ့လည္း ထုိင္းႏုိင္ငံက ကပ္ေရာဂါထိန္းခ်ဳပ္ေရး ကန္႔သတ္ခ်က္ေတြ ရွိေနဆဲ ျဖစ္တာေၾကာင့္ ၂ ႏုိင္ငံ ကုန္သြယ္မႈေတြ အျပည့္အ၀ မလုပ္ႏုိင္ေသးပဲ ျဖစ္ေနတဲ့အေၾကာင္း ျမ၀တီခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာပါတယ္။ ၂ ႏုိင္ငံ နယ္စပ္မွာ သီးသန္႔ဇုန္နယ္ေျမ သတ္မွတ္ၿပီး ကုန္သြယ္တဲ့ အစီအစဥ္ေၾကာင့္ ဆုံး႐ႈံးမႈေတြ ရွိေနတယ္လုိ႔လည္း ေျပာပါတယ္။

"ကုန္သြယ္မူဆိုတဲ့ အေနအထားေတာ့ မျဖစ္ေသးဘူး။ BCF ဇုန္ အခ်င္းခ်င္းကုန္ပစၥည္းအခ်င္းခ်င္း အဆင္ေျပေအာင္လုပ္ေနတာပဲရွိတယ္။ ကုန္သြယ္မႈဆုိတာ ဟိုဘက္ဂိုေဒါင္နဲ႔ ဒီဘက္ဂိုေဒါင္အခ်င္းခ်င္းသြားခ်ိန္းမွ ကုန္ပစၥည္းခ်တာ ပို႔တာအဆင္ေျပမယ္။ ဂိုေဒါင္မွာက လိုအပ္တာ ကုန္တင္နာဆို ကုန္တင္နာ လိုက္မေရႊ႕တာေပါ့ တခ်ိဳ႕ဆို ကရိမ္းနဲ႔ မေရႊ႕ရတာေပါ့။ တခ်ိဳ႕ဆို ကုန္ပစၥည္းေပၚမူတည္ျပီး fork lift လုပ္ရတာ ရွိတယ္။ တခ်ိဳ႕ဆို ကုန္ပစၥည္းေပၚ မူတည္ျပီး ကြ်မ္းက်င္လုပ္သားနဲ႔ ခ်ရတယ္။ ဒါက ကုန္ပစၥည္း အတင္အခ်ေပါ့ ေနာက္တပုိင္းက နယ္စပ္ဇုန္ေတြမွာက ဂိုေဒါင္မရွိဘူး။

အမုိးအကာ မရွိဘူး၊ ေနပူရင္ ပ်က္စီးတဲ့ ပစည္းေတြက quality (အရည္အေသြး) က်မယ္။ မိုးရြာရင္အထိအခံတဲ့ ပစၥည္းေတြက မုိးရြာရင္ quality က်မယ္၊ ပ်က္ဆီးမွာရွိတယ္။ ေနာက္တခုက အႏၱရာယ္မ်ားတဲ့ဟာလည္းရတယ္ dangerous cargo ရွိတယ္။ ဥပမာ စက္သံုးဆီလိုဟာမ်ိဳးေတြ ေအာက္စီဂ်င္ ဟာမ်ိဳးေတြ ဂက္စ္လိုဟာမ်ိဳးေတြက အႏၱရယ္မ်ားတယ္။ ေနပူမခံတဲ့ပစၥည္းဆို ပလပ္စတစ္ဆုိ တြန္႔ၿပီးပ်က္ဆီးတယ္။ သံုးလို့မရေတာ့ဘူး။ အစားအေသာက္ဆိုလည္း ဓါတ္ျပယ္တာေတြရွိတယ္။ စကၠဴလိပ္လိုဟာမ်ိဳးေတြကလည္း မိုးရြာရင္ပ်က္ဆီးတာပဲ အခုကေတာ့မျဖစ္မေန တင္ပို႔ရမယ့္ ပစၥည္းေတြေလာက္ပဲ လုပ္ေနတဲ့သေဘာမ်ိဳးပါပဲ။"

ျမန္မာႏုိင္ငံက ကုန္တင္ကားေမာင္းသမား တခ်ဳိ႕မွာ ကုိဗစ္ေရာဂါပုိး ကူးစက္ေနတာ ထုိင္းႏုိင္ငံက စစ္ေဆးေတြ႔ရွိခဲ့ၿပီးေနာက္ ၂ ႏုိင္ငံၾကား အဓိကကုန္သြယ္ေရးလမ္းေၾကာင္းတခုျဖစ္တဲ့ မဲေဆာက္၊ ျမ၀တီ ကုန္သြယ္မႈေတြမွာ ယာဥ္ေမာင္းေတြကုုိ ထုိင္းႏုိင္ငံက ၀င္ထြက္ခြင့္ေတြ ကန္႔သတ္ထားတာပါ။ ေရာဂါကူးစက္မႈ အႏၱရာယ္ကုိ ထိန္းခ်ဳပ္ဖုိ႔ ေဒသခံေတြ ေတာင္းဆုိဆႏၵျပခဲ့ၾကတဲ့အတြက္ နယ္စပ္တံတားကေန ကုန္သြယ္မႈေတြကုိလည္း ထုိင္းႏုိင္ငံက ယာယီပိတ္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ေနာက္ပုိင္းမွာ ကုန္သည္ေတြရဲ႕ ေတာင္းဆုိမႈေၾကာင့္ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး လမ္းညႊန္ခ်က္ေတြအရ နယ္စပ္မွာ ကုန္သြယ္ေရးဇုန္ နယ္ေျမ သတ္မွတ္ၿပီး ကုန္သြယ္မႈေတြ ျပန္စခဲ့ၾကတာပါ။ ဒါေပမဲ့လည္း လက္ေတြ႔မွာ အခက္အခဲေတြ၊ ဆုံး႐ႈံးနစ္နာမႈေတြ ႀကံဳေနရတာေၾကာင့္ အစီအစဥ္ကုိ ျပန္သုံးသပ္ဖုိ႔ ျမန္မာအာဏာပုိင္ေတြဘက္က ထုိင္းႏုိင္ငံကုိ တင္ျပထားပါတယ္။

ႏွစ္စဥ္ခန္႔မွန္းေျခ အေမရိကန္ေဒၚလာသန္းေပါင္း ၂,၅၀၀ ေလာက္ ကုန္သြယ္မႈ ပမာဏရွိတဲ့ မဲေဆာက္၊ ျမ၀တီ နယ္စပ္ ကုန္သြယ္မႈေတြကုိ ျပန္ဖြင့္လုိက္ေပမဲ့ က်န္တဲ့နယ္စပ္ေတြမွာေတာ့ အ၀င္အထြက္ေတြနဲ႔ ကုန္သြယ္မႈေတြကုိ ထုိင္းႏုိင္ငံက ဆက္လက္ပိတ္ထားဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်မှုပြန်စပေမယ့် အခက်အခဲရှိဆဲ

ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးကြောင့် ရပ်နားထားရတဲ့ ထိုင်းနိုင်ငံမဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ မြဝတီမြို့ကြား ကုန်သွယ်မှုတွေ ဒီကနေ့ ပြန်စခဲ့ပေမဲ့ အခက်အခဲတွေ ရှိနေဆဲဖြစ်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေ ကြုံရပြီးနောက် ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုတွေကို ပိတ်ထားတာ သီတင်းတပတ်ကျော်ကြာပြီးနောက် ဒီကနေ့ပဲ ပြန်ဖွင့်ပေးလိုက်တာပါ။ ဒါပေမဲ့လည်း ထိုင်းနိုင်ငံက ကပ်ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေ ရှိနေဆဲ ဖြစ်တာကြောင့် ၂ နိုင်ငံ ကုန်သွယ်မှုတွေ အပြည့်အ၀ မလုပ်နိုင်သေးပဲ ဖြစ်နေတဲ့အကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။ ၂ နိုင်ငံ နယ်စပ်မှာ သီးသန့်ဇုန်နယ်မြေ သတ်မှတ်ပြီး ကုန်သွယ်တဲ့ အစီအစဉ်ကြောင့် ဆုံးရှုံးမှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

"ကုန်သွယ်မူဆိုတဲ့ အနေအထားတော့ မဖြစ်သေးဘူး။ BCF ဇုန် အချင်းချင်းကုန်ပစ္စည်းအချင်းချင်း အဆင်ပြေအောင်လုပ်နေတာပဲရှိတယ်။ ကုန်သွယ်မှုဆိုတာ ဟိုဘက်ဂိုဒေါင်နဲ့ ဒီဘက်ဂိုဒေါင်အချင်းချင်းသွားချိန်းမှ ကုန်ပစ္စည်းချတာ ပို့တာအဆင်ပြေမယ်။ ဂိုဒေါင်မှာက လိုအပ်တာ ကုန်တင်နာဆို ကုန်တင်နာ လိုက်မရွှေ့တာပေါ့ တချို့ဆို ကရိမ်းနဲ့ မရွှေ့ရတာပေါ့။ တချို့ဆို ကုန်ပစ္စည်းပေါ်မူတည်ပြီး fork lift လုပ်ရတာ ရှိတယ်။ တချို့ဆို ကုန်ပစ္စည်းပေါ် မူတည်ပြီး ကျွမ်းကျင်လုပ်သားနဲ့ ချရတယ်။ ဒါက ကုန်ပစ္စည်း အတင်အချပေါ့ နောက်တပိုင်းက နယ်စပ်ဇုန်တွေမှာက ဂိုဒေါင်မရှိဘူး။

အမိုးအကာ မရှိဘူး၊ နေပူရင် ပျက်စီးတဲ့ ပစည်းတွေက quality (အရည်အသွေး) ကျမယ်။ မိုးရွာရင်အထိအခံတဲ့ ပစ္စည်းတွေက မိုးရွာရင် quality ကျမယ်၊ ပျက်ဆီးမှာရှိတယ်။ နောက်တခုက အန္တရာယ်များတဲ့ဟာလည်းရတယ် dangerous cargo ရှိတယ်။ ဥပမာ စက်သုံးဆီလိုဟာမျိုးတွေ အောက်စီဂျင် ဟာမျိုးတွေ ဂက်စ်လိုဟာမျိုးတွေက အန္တရယ်များတယ်။ နေပူမခံတဲ့ပစ္စည်းဆို ပလပ်စတစ်ဆို တွန့်ပြီးပျက်ဆီးတယ်။ သုံးလို့မရတော့ဘူး။ အစားအသောက်ဆိုလည်း ဓါတ်ပြယ်တာတွေရှိတယ်။ စက္ကူလိပ်လိုဟာမျိုးတွေကလည်း မိုးရွာရင်ပျက်ဆီးတာပဲ အခုကတော့မဖြစ်မနေ တင်ပို့ရမယ့် ပစ္စည်းတွေလောက်ပဲ လုပ်နေတဲ့သဘောမျိုးပါပဲ။"

မြန်မာနိုင်ငံက ကုန်တင်ကားမောင်းသမား တချို့မှာ ကိုဗစ်ရောဂါပိုး ကူးစက်နေတာ ထိုင်းနိုင်ငံက စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ၂ နိုင်ငံကြား အဓိကကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်တဲ့ မဲဆောက်၊ မြဝတီ ကုန်သွယ်မှုတွေမှာ ယာဉ်မောင်းတွေကို ထိုင်းနိုင်ငံက ဝင်ထွက်ခွင့်တွေ ကန့်သတ်ထားတာပါ။ ရောဂါကူးစက်မှု အန္တရာယ်ကို ထိန်းချုပ်ဖို့ ဒေသခံတွေ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့အတွက် နယ်စပ်တံတားကနေ ကုန်သွယ်မှုတွေကိုလည်း ထိုင်းနိုင်ငံက ယာယီပိတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ ကုန်သည်တွေရဲ့ တောင်းဆိုမှုကြောင့် ကပ်ရောဂါ ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေအရ နယ်စပ်မှာ ကုန်သွယ်ရေးဇုန် နယ်မြေ သတ်မှတ်ပြီး ကုန်သွယ်မှုတွေ ပြန်စခဲ့ကြတာပါ။ ဒါပေမဲ့လည်း လက်တွေ့မှာ အခက်အခဲတွေ၊ ဆုံးရှုံးနစ်နာမှုတွေ ကြုံနေရတာကြောင့် အစီအစဉ်ကို ပြန်သုံးသပ်ဖို့ မြန်မာအာဏာပိုင်တွေဘက်က ထိုင်းနိုင်ငံကို တင်ပြထားပါတယ်။

နှစ်စဉ်ခန့်မှန်းခြေ အမေရိကန်ဒေါ်လာသန်းပေါင်း ၂,၅၀၀ လောက် ကုန်သွယ်မှု ပမာဏရှိတဲ့ မဲဆောက်၊ မြဝတီ နယ်စပ် ကုန်သွယ်မှုတွေကို ပြန်ဖွင့်လိုက်ပေမဲ့ ကျန်တဲ့နယ်စပ်တွေမှာတော့ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေကို ထိုင်းနိုင်ငံက ဆက်လက်ပိတ်ထားဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG