သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဘက္က ထုိင္းႏုိင္ငံထဲတရားမ၀င္ ၀င္လာတဲ့ တရုတ္ႏုိင္ငံသားေတြဖမ္းခံရ


ျမန္မာဘက္က ထြက္ေျပးလာတဲ့ တရုတ္ေလာင္းကစားသမားမ်ား။ (ဓာတ္ပံု - Thai Police ေအာက္တိုဘာ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာနိုင္ငံမွာ ကပ္ေရာဂါျဖစ္ႏွႈန္း ျမင့္တက္လာျပီး လူအေသအေပ်ာက္ေတြ မ်ားလာတဲ့အတြက္ ကာစီႏိုေလာင္းကစား စီးပြားေရးလုပ္ငန္းရွင္ တရုပ္ႏိုင္ငံသားမ်ား သန္းဂဏန္းရွိတဲ့ဘတ္ေငြကိုသယ္ေဆာင္ျပီး ထိုင္းႏိုင္ငံထဲကို ခိုး၀င္မႈေတြမ်ားလာပါတယ္။ ဒီသတင္းကုိ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ထိုင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ျမန္မာဘက္က ထြက္ေျပးလာတဲ့ တရုတ္ေလာင္းကစားသမားမ်ား။ (ဓာတ္ပံု - Thai Police ေအာက္တိုဘာ ၂၈၊ ၂၀၂၀)
ျမန္မာဘက္က ထြက္ေျပးလာတဲ့ တရုတ္ေလာင္းကစားသမားမ်ား။ (ဓာတ္ပံု - Thai Police ေအာက္တိုဘာ ၂၈၊ ၂၀၂၀)

ထိုင္းနိုင္ငံေျမာက္ပိုင္း ခ်င္းရိုင္ခရိုင္ မဲဆိုင္ျမိဳ႕ Phaholyothin လမ္းမေပၚမွာ ေအာက္တိုဘာလ ၂၇ ရက္ေန ့က တာခ်ီလိတ္ဘက္မွ ခိုး၀င္လာတဲ့ တရုတ္နိုင္ငံသား ေျခာက္ဦးပါ ပစ္ကပ္ကား တစ္စီးဟာ ရဲဂိတ္ကို ျဖတ္ေက်ာ္ေမာင္းေျပးခဲ့တာေၾကာင့္ လမ္းေတြပိတ္ဆို ့ျပီး ရဲကားေတြက လမ္းေၾကာင္းပိတ္ျပီး ဖမ္းဆီးခဲ့ရပါတယ္။ ဒီရက္ပုိင္းမွာပဲ တာခ်ိီလိတ္ကေနမဲဆိုင္၊ ျမ၀တီကေန မဲေဆာက္ကို ထြက္ေျပးလာေနတဲ့ ကာစီႏိုေလာင္းကစားသမားတရုပ္ႏုိင္ငံသားေတြ ဖမ္းမိေနတယ္လို႔လည္း ထုိင္းျမန္မာနယ္စပ္က ျမန္မာျပည္သားမ်ားအေရးပူးတဲြလႈပ္ရွားမႈ ေကာ္မတီဥကၠ႒ ဦးမုိးႀကိဳးကအခုလိုေျပာျပပါတယ္။

"အခု မေန႔ကပဲ တာခ်ီလိတ္ကေန ခိုး၀င္လာတဲ့ တရုတ္ႏိုင္ငံသား ၆ ေယာက္က သူတို႔ ကားတစီးက မဲဆိုင္ရဲဂိတ္ကို ျဖတ္ေမာင္းေတာ့ ရဲေတြက ပိတ္ဆို႔ၿပီးဖမ္းတာေပါ့။ မဲဆိုင္ရဲဂိတ္ကို ျဖတ္ေမာင္းတဲ့တရုတ္ေတြကေတာ့ ပထမ ကားေပၚက ဆင္းေျပးတယ္။ ဒါေပမဲ့ လံုျခံုေရး တပ္ေတြက ပိုက္စိတ္တိုက္ဖမ္းေတာ့ လက္ရဖမ္းမိတယ္။ ေအာက္တိုဘာလ ၂၄ ညကလည္း တရုတ္ႏိုင္ငံသား ၃ ဦး ဘတ္ေငြ သိန္း ၈၀ (ဘတ္ ၈,၀၀၀,၀၀၀) နဲ႔ အတူဖမ္းမိတယ္ ေသာင္ရင္းျမစ္ကုိ ကူးလာျပီး မယ္ကုကင္းဆုိတဲ့ေက်းရြာဘက္ကေန ကူးလာတာ တရုတ္ႏိုင္ငံသားေတြဟာ ျမန္မာဘက္မွာ ကာစီနုိတုိ႔ ေလာင္းကစားရံုတို႔ စားေသာက္ဆုိင္တို႔မွာ ရင္းႏွီးျမွုဳပ္ႏွံမႈေတြ လုပ္ထားတာ သူတို႔က တရုတ္ျပည္မကိုလည္း ျပန္လို႔ မျဖစ္ေသး၊ ဗီဇာသက္တမ္းကုန္ေနတာေတြ ျဖစ္ေနတာေတြေၾကာင့္အနီးဆံုး ထုိင္းႏိုင္ငံဘက္ကိုခိုး၀င္ဖို႔ ႀကိဳးစားလာခဲ့ၾကတာဗ်။"

အဂၤါေန႔က ဖမ္းမိတဲ့ တရုတ္ႏိုင္ငံသားေတြနဲ႔ ပတ္သက္ျပီး မဲဆိုင္ရဲတပ္ဖြဲ ့မွဴး Pol. Lt. Col. Nattawut Saengduean က သတင္းထုတ္ျပန္သြားရာမွာေတာ့ အခုုဖမ္းမိတဲ့ တရုတ္နိုင္ငံသားေတြဟာ ျမန္မာနိုင္ငံဘက္က ေလာင္းကစားရံုေတြမွာ အဓီကစီးပြားေရးလုပ္ေနသူေတြျဖစ္ျပီး ျမန္မာႏိုင္ငံဘက္က ကိုဗစ္-၁၉ ေရာဂါကူးစက္ျပန္႔ပြားေနတဲ့ အေျခအေနကေန လြတ္ေျမာက္ဖို ့ ထိုင္းနိုင္ငံဘက္ကို အသုတ္လိုက္ ထြက္ေျပးလာခဲ့ၾကတာလို ့ဆုိပါတယ္။

ေနာက္ထပ္ ထြက္ေျပးလြတ္ေျမာက္ေနေသးတဲ့ တရုတ္နိုင္ငံသားေတြကိုလည္း ခ်င္းရိုင္ခရိုင္ရဲတပ္ဖြဲ ့က လမ္းမေတြကို ပိတ္ဆို ့စစ္ေဆးရွာေဖြေနတယ္လို႔ ဆိုပါတယ္။

အခု ထြက္ေျပးလာတဲ့ သူေတြက ရဲေတြရဲ့ အဖမ္းအဆီးကို မခံဘဲ ထြက္ေျပးတာေႀကာင့္ ထိုင္းႏိုင္ငံအတြက္လည္း ကိုဗစ္ထိန္းခ်ဳပ္ေရးအရအႏၱရာယ္ရွိတယ္လို႔ ဆုိပါတယ္ ဒီအတြက္ သူတို႔ကို ကုိဗစ္ထိမ္းခ်ဳပ္အေရးေပၚဥပေဒနဲ႔ အေရးယူမွာျဖစ္သလို တျခားလူ၀င္မႈႀကီးၾကပ္ေရး ဥပေဒနဲ႔လည္း အေရးယူသြားမယ္လုိ႔ ဆုိပါတယ္။ ေလာေလာဆယ္မွာေတာ့ သူတို႔ကုိ ကုိဗစ္ကပ္ေရာဂါပိုးရွိ၊ မရွိ ေဆးစစ္မႈေတြ ဆက္လုပ္ေနပါတယ္။

အိမ္းနီးခ်င္းျဖစ္တဲ့ ျမန္မာႏိုင္ငံမွာ ကုိဗစ္ကပ္ေရာဂါပိုးေတြ ့ရွိမႈ ျမင့္တက္လာခ်ိန္ဒီလပုိင္းမွာပဲ ထိုင္းနိုင္ငံအတြင္း ထြက္ေျပးလာေနတဲ့ တရုတ္နိုင္ငံသား အေရအတြက္ ၁၀၀ ၀န္းက်င္ေလာက္ ရွိျပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

မြန်မာနိုင်ငံမှာ ကပ်ရောဂါဖြစ်နှှုန်း မြင့်တက်လာပြီး လူအသေအပျောက်တွေ များလာတဲ့အတွက် ကာစီနိုလောင်းကစား စီးပွားရေးလုပ်ငန်းရှင် တရုပ်နိုင်ငံသားများ သန်းဂဏန်းရှိတဲ့ဘတ်ငွေကိုသယ်ဆောင်ပြီး ထိုင်းနိုင်ငံထဲကို ခိုးဝင်မှုတွေများလာပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မဲဆိုင်မြို့ Phaholyothin လမ်းမပေါ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့က တာချီလိတ်ဘက်မှ ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား ခြောက်ဦးပါ ပစ်ကပ်ကား တစ်စီးဟာ ရဲဂိတ်ကို ဖြတ်ကျော်မောင်းပြေးခဲ့တာကြောင့် လမ်းတွေပိတ်ဆို့ပြီး ရဲကားတွေက လမ်းကြောင်းပိတ်ပြီး ဖမ်းဆီးခဲ့ရပါတယ်။ ဒီရက်ပိုင်းမှာပဲ တာချီလိတ်ကနေမဲဆိုင်၊ မြဝတီကနေ မဲဆောက်ကို ထွက်ပြေးလာနေတဲ့ ကာစီနိုလောင်းကစားသမားတရုပ်နိုင်ငံသားတွေ ဖမ်းမိနေတယ်လို့လည်း ထိုင်းမြန်မာနယ်စပ်က မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးကအခုလိုပြောပြပါတယ်။

"အခု မနေ့ကပဲ တာချီလိတ်ကနေ ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား ၆ ယောက်က သူတို့ ကားတစီးက မဲဆိုင်ရဲဂိတ်ကို ဖြတ်မောင်းတော့ ရဲတွေက ပိတ်ဆို့ပြီးဖမ်းတာပေါ့။ မဲဆိုင်ရဲဂိတ်ကို ဖြတ်မောင်းတဲ့တရုတ်တွေကတော့ ပထမ ကားပေါ်က ဆင်းပြေးတယ်။ ဒါပေမဲ့ လုံခြုံရေး တပ်တွေက ပိုက်စိတ်တိုက်ဖမ်းတော့ လက်ရဖမ်းမိတယ်။ အောက်တိုဘာလ ၂၄ ညကလည်း တရုတ်နိုင်ငံသား ၃ ဦး ဘတ်ငွေ သိန်း ၈၀ (ဘတ် ၈,၀၀၀,၀၀၀) နဲ့ အတူဖမ်းမိတယ် သောင်ရင်းမြစ်ကို ကူးလာပြီး မယ်ကုကင်းဆိုတဲ့ကျေးရွာဘက်ကနေ ကူးလာတာ တရုတ်နိုင်ငံသားတွေဟာ မြန်မာဘက်မှာ ကာစီနိုတို့ လောင်းကစားရုံတို့ စားသောက်ဆိုင်တို့မှာ ရင်းနှီးမြှုုပ်နှံမှုတွေ လုပ်ထားတာ သူတို့က တရုတ်ပြည်မကိုလည်း ပြန်လို့ မဖြစ်သေး၊ ဗီဇာသက်တမ်းကုန်နေတာတွေ ဖြစ်နေတာတွေကြောင့်အနီးဆုံး ထိုင်းနိုင်ငံဘက်ကိုခိုးဝင်ဖို့ ကြိုးစားလာခဲ့ကြတာဗျ။"

အင်္ဂါနေ့က ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး မဲဆိုင်ရဲတပ်ဖွဲ့မှူး Pol. Lt. Col. Nattawut Saengduean က သတင်းထုတ်ပြန်သွားရာမှာတော့ အခုဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံဘက်က လောင်းကစားရုံတွေမှာ အဓီကစီးပွားရေးလုပ်နေသူတွေဖြစ်ပြီး မြန်မာနိုင်ငံဘက်က ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားနေတဲ့ အခြေအနေကနေ လွတ်မြောက်ဖို့ ထိုင်းနိုင်ငံဘက်ကို အသုတ်လိုက် ထွက်ပြေးလာခဲ့ကြတာလို့ဆိုပါတယ်။

နောက်ထပ် ထွက်ပြေးလွတ်မြောက်နေသေးတဲ့ တရုတ်နိုင်ငံသားတွေကိုလည်း ချင်းရိုင်ခရိုင်ရဲတပ်ဖွဲ့က လမ်းမတွေကို ပိတ်ဆို့စစ်ဆေးရှာဖွေနေတယ်လို့ ဆိုပါတယ်။

အခု ထွက်ပြေးလာတဲ့ သူတွေက ရဲတွေရဲ့ အဖမ်းအဆီးကို မခံဘဲ ထွက်ပြေးတာကြောင့် ထိုင်းနိုင်ငံအတွက်လည်း ကိုဗစ်ထိန်းချုပ်ရေးအရအန္တရာယ်ရှိတယ်လို့ ဆိုပါတယ် ဒီအတွက် သူတို့ကို ကိုဗစ်ထိမ်းချုပ်အရေးပေါ်ဥပဒေနဲ့ အရေးယူမှာဖြစ်သလို တခြားလူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့လည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ သူတို့ကို ကိုဗစ်ကပ်ရောဂါပိုးရှိ၊ မရှိ ဆေးစစ်မှုတွေ ဆက်လုပ်နေပါတယ်။

အိမ်းနီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိမှု မြင့်တက်လာချိန်ဒီလပိုင်းမှာပဲ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးလာနေတဲ့ တရုတ်နိုင်ငံသား အရေအတွက် ၁၀၀ ဝန်းကျင်လောက် ရှိပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG