သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမဝတီက Star ကာဆီႏုိဝန္ထမ္း ၆ ဦး ထုိင္းမွာ အဖမ္းခံရ


ထိုင္း - ျမန္မာနယ္စပ္ ျမင္ကြင္း။ (ဓာတ္ပံု - Thai Official - ၾသဂုတ္ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံ၊ ျမဝတီဘက္ကေန ထုိင္းႏုိင္ငံထဲ တိတ္တဆိတ္ဝင္လာတဲ့ ထုိင္းႏုိင္ငံသား ၅ ဦးနဲ႔ တ႐ုတ္ႏုိင္ငံသား တဦးတုိ႔ကုိ ထုိင္းအာဏာပုိင္ေတြက စေနေန႔မနက္ ေစာေစာမွာ ဖမ္းဆီးလုိက္ပါတယ္။

သူတုိ႔ဟာ ျမန္မာႏုိင္ငံဘက္အျခမ္း Star ကာဆီႏုိနဲ႔ ဆန္႔က်င္ဘက္ Tha Sailuad အရပ္ကေန ဝင္လာေနတဲ့အခ်ိန္ စစ္တပ္ကင္းလွည့္အဖြဲ႔က ေတြ႔ရွိၿပီး ဖမ္းဆီးလုိက္တာပါ။ သူတုိ႔ကုိ ထုိင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕ ရဲစခန္းကုိ ေခၚသြားၿပီး ထုိင္းႏုိင္ငံအတြင္း တရားမဝင္လမ္းေၾကာင္းက ဝင္ေရာက္မႈ၊ တာ့ခ္ခ႐ုိင္က ျပ႒ာန္းထားတဲ့ ကပ္ေရာဂါဆုိင္ရာ ကန္႔သတ္ခ်က္ေတြ ခ်ဳိးေဖာက္မႈတုိ႔နဲ႔ စြဲခ်က္တင္ထားတယ္လုိ႔ ဆုိပါတယ္။

သူတုိ႔ေတြဟာ ျမန္မာႏုိင္ငံ၊ ျမဝတီၿမိဳ႕ဘက္အျခမ္းက ေသာင္ရင္းျမစ္ကမ္းပါးမွာ ဖြင့္ထားတဲ့ Star ကာဆီႏုိမွာ အလုပ္ လုပ္ၾကသူေတြျဖစ္္တယ္လို႔ ေျဖာင့္ခ်က္ေပးခဲ့ၾကေၾကာင္း ထုိင္းႏုိင္ငံကလာတဲ့ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

Star ကာဆီႏုိဟာ ျမန္မာႏုိင္ငံဘက္အျခမ္းမွာ ဖြင့္ထားေပမယ့္ ထုိင္းဘက္ကေန ကာဆီႏုိမွာ လာကစားၾကသူေတြဟာ ထုိင္းဘက္အျခမ္းမွာရွိတဲ့ ယာဥ္ရပ္နားရာေနရာမွာ ကားကုိရပ္ထားၿပီး ကုတုိ႔နဲ႔ ျမန္မာဘက္အျခမ္းမွာ သြားကစားၾကတာလုိ႔ ဆုိပါတယ္။

ျမန္မာႏုိင္ငံအတြင္း COVID-19 ကူးစက္ျပန္႔ပြားမႈ အရွိန္ျမင့္ ျဖစ္ေပၚေနတာေၾကာင့္ ထုိင္းအာဏာပုိင္ေတြက နယ္စပ္ေဒသတေလွ်ာက္မွာ လုံၿခံဳေရးေတြကုိ တင္းက်ပ္ထားတဲ့ကာလ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ ထုိင္းဘက္က ခ႐ုိင္ ၁၀ ခုမွာ လုံၿခံဳေရးေတြ တင္းက်ပ္ဖုိ႔ ထုိင္းျပည္ထဲေရးဝန္ႀကီးဌာနက ၾသဂုတ္လ ၂၈ ရက္ေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ထားၿပီး ႏွစ္ႏုိင္ငံျပည္သူေတြ ပုံမွန္ ျဖတ္သန္းသြားလာေလ့ရွိတဲ့ နယ္စပ္ေဒသေတြမွာလည္း ထုိင္းဘက္က သံဆူးႀကိဳးေတြခ်ၿပီး ပိတ္ပင္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

မြဝတီက Star ကာဆီနိုဝန်ထမ်း ၆ ဦး ထိုင်းမှာ အဖမ်းခံရ

မြန်မာနိုင်ငံ၊ မြဝတီဘက်ကနေ ထိုင်းနိုင်ငံထဲ တိတ်တဆိတ်ဝင်လာတဲ့ ထိုင်းနိုင်ငံသား ၅ ဦးနဲ့ တရုတ်နိုင်ငံသား တဦးတို့ကို ထိုင်းအာဏာပိုင်တွေက စနေနေ့မနက် စောစောမှာ ဖမ်းဆီးလိုက်ပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံဘက်အခြမ်း Star ကာဆီနိုနဲ့ ဆန့်ကျင်ဘက် Tha Sailuad အရပ်ကနေ ဝင်လာနေတဲ့အချိန် စစ်တပ်ကင်းလှည့်အဖွဲ့က တွေ့ရှိပြီး ဖမ်းဆီးလိုက်တာပါ။ သူတို့ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ရဲစခန်းကို ခေါ်သွားပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင်လမ်းကြောင်းက ဝင်ရောက်မှု၊ တာ့ခ်ခရိုင်က ပြဋ္ဌာန်းထားတဲ့ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေ ချိုးဖောက်မှုတို့နဲ့ စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။

သူတို့တွေဟာ မြန်မာနိုင်ငံ၊ မြဝတီမြို့ဘက်အခြမ်းက သောင်ရင်းမြစ်ကမ်းပါးမှာ ဖွင့်ထားတဲ့ Star ကာဆီနိုမှာ အလုပ် လုပ်ကြသူတွေဖြစ်တယ်လို့ ဖြောင့်ချက်ပေးခဲ့ကြကြောင်း ထိုင်းနိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Star ကာဆီနိုဟာ မြန်မာနိုင်ငံဘက်အခြမ်းမှာ ဖွင့်ထားပေမယ့် ထိုင်းဘက်ကနေ ကာဆီနိုမှာ လာကစားကြသူတွေဟာ ထိုင်းဘက်အခြမ်းမှာရှိတဲ့ ယာဉ်ရပ်နားရာနေရာမှာ ကားကိုရပ်ထားပြီး ကုတို့နဲ့ မြန်မာဘက်အခြမ်းမှာ သွားကစားကြတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ပြန့်ပွားမှု အရှိန်မြင့် ဖြစ်ပေါ်နေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတလျှောက်မှာ လုံခြုံရေးတွေကို တင်းကျပ်ထားတဲ့ကာလ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းဘက်က ခရိုင် ၁၀ ခုမှာ လုံခြုံရေးတွေ တင်းကျပ်ဖို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ်လ ၂၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပြီး နှစ်နိုင်ငံပြည်သူတွေ ပုံမှန် ဖြတ်သန်းသွားလာလေ့ရှိတဲ့ နယ်စပ်ဒေသတွေမှာလည်း ထိုင်းဘက်က သံဆူးကြိုးတွေချပြီး ပိတ်ပင်ထားပါတယ်။

XS
SM
MD
LG