သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းက နုိင္ငံျခားသားအလုပ္သမားေတြ အလုပ္လုပ္ခြင့္သက္တမ္းတိုးဖို႔ သတိေပးေန


ကုိဗစ္အေရးေပၚကာလမွာ ဗီဇာနဲ႔ အလုပ္လုပ္ခြင့္အေထာက္အထားမ်ား သက္တမ္းတုိးေနတဲ့ ႏိုင္ငံျခားသားအလုပ္သမားမ်ား။ (ဓာတ္ပံု - ထိုင္းလ၀က - ေအာက္တိုဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ ထုိင္းႏုိင္ငံေရာက္ ႏုိင္ငံျခားသား အလုပ္သမားေတြ ကုိဗစ္ကပ္ေရာဂါကာလ ေနထုိင္ခြင့္ဗီဇာ သက္တမ္းတုိးရမယ့္ ေနာက္ဆုံးရက္နီးလာတာေၾကာင့္ ထုိင္းအာဏာပုိင္ေတြ သတိေပးေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

ကုိဗစ္အေရးေပၚကာလမွာ ဗီဇာနဲ႔ အလုပ္လုပ္ခြင့္အေထာက္အထားမ်ား သက္တမ္းတုိးေနတဲ့ ႏိုင္ငံျခားသားအလုပ္သမားမ်ား။ (ဓာတ္ပံု - ထိုင္းလ၀က - ေအာက္တိုဘာ ၂၉၊ ၂၀၂၀)
ကုိဗစ္အေရးေပၚကာလမွာ ဗီဇာနဲ႔ အလုပ္လုပ္ခြင့္အေထာက္အထားမ်ား သက္တမ္းတုိးေနတဲ့ ႏိုင္ငံျခားသားအလုပ္သမားမ်ား။ (ဓာတ္ပံု - ထိုင္းလ၀က - ေအာက္တိုဘာ ၂၉၊ ၂၀၂၀)

ျမန္မာ၊ ကေမၻာဒီးယားနဲ႔ လာအိုႏုိင္ငံေတြက အလုပ္သမားေတြ ထုိင္းႏုိင္ငံမွာ ကပ္ေရာဂါကာလ ေနထုိင္အလုပ္လုပ္ခြင့္ သက္တမ္း ထပ္တုိးဖုိ႔ ဒီလကုန္ ေနာက္ဆုံး သတ္မွတ္ထားတာေၾကာင့္ အခ်ိန္မွီ ေဆာင္ရြက္ၾကဖုိ႔နဲ႔ ပ်က္ကြက္ခဲ့မယ္ဆုိရင္ အေရးယူခံရမွာျဖစ္ေၾကာင္း သတိေပးေနတာပါ။ သတ္မွတ္ရက္အမီ ဗီဇာသက္တမ္းတုိးဖုိ႔ ပ်က္ကြက္မယ္ဆုိရင္ ဒဏ္ေငြအျဖစ္ ထုိင္းဘတ္ေငြ ၁၀၀,၀၀၀ အထိ ေပးေဆာင္ရမွာ ျဖစ္ေၾကာင္း ထုိင္းႏုိင္ငံျပည္ထဲေရးနဲ႔ အလုပ္အကုိင္ရွာေဖြေရးဌာနေတြက ဒီတပတ္ထဲမွာပဲ သတိေပးထားေၾကာင္း ျမန္မာအလုပ္သမားေရး ေဆာင္ရြက္ေနတဲ့ ေရႊ ႔ေျပာင္းအလုပ္သမားအခြင့္အေရးကြန္ယက္ရဲ ့ဥကၠ႒ ဦးေအာင္ေက်ာ္က ေျပာပါတယ္။

"ခြင္ျ့ပဳထားတာ COVID 19 ကာလမွာ ေအာက္တုိဘာလ ၃၁ ရက္ထိပဲ ခြင့္ျပဳထားတာ ကုိဗစ္ ကာလမွာ အလုပ္သမားေတြ တရား၀မင္စာရြက္စာတမ္းေတြလုပ္ဖို႔ ခက္ခဲတာ ျမန္မာႏိုင္ငံမွာ စာအုပ္ေတြျပန္လုပ္ဖို႔ ခက္ခဲတာေႀကာင့္ ကင္းလြတ္ခြင့္ျပဳထားတာ အခုခ်ိန္မွာေတာ့ ဌာနဆိုင္ရာရံုးေတြကလည္း ပံုမွန္ျပန္လုပ္ေနျပီဆိုေတာ့ သူတို႔က သက္ဆုိင္ရာလုပ္ငန္းရွင္ အေဟာင္းပဲျဖစ္ျဖစ္ လုပ္ငန္းရွင္အသစ္မွာပဲျဖစ္ျဖစ္ တရား၀င္ အလုပ္လုပ္ခြင့္ လက္မွတ္ရေအာင္လုပ္ဖုိ့ ဗီဇာသက္တမ္းတုိးတာကို ၃၁ ရက္ေန႔ထိ ေနာက္ဆံုးထားလုပ္ဖို႔ေျပာထားတာ ဒီလိုမလုပ္ရင္ေတာ့ ေငြဒဏ္ေတြ က်မခံဖို႔ ျပစ္ဒဏ္ေတြ ထုတ္ျပန္ထားတာကိုေတြ ့ရတယ္။"

ထုိင္းျပည္ထဲေရး ၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ အခ်ိန္မီသက္တမ္းမတုိးတဲ့ အလုပ္သမားေတြကုိ အေရးယူမွာ ျဖစ္တာေၾကာင့္ သက္ဆုိင္ရာ ႏုိင္ငံေတြက သံ႐ုံးေတြ အေနနဲ႔ မိမိႏုိင္ငံသားေတြကုိ အသိေပးႏႈိးေဆာ္ဖုိ႔လည္း တုိက္တြန္းထားပါတယ္။ ဗီဇာသက္တမ္းတုိးဖုိ႔ ပ်က္ကြက္ေနသူေတြ ရက္ေပါင္း ၉၀ အတြင္း အေၾကာင္းမၾကားရင္၊ ေထာင္ဒဏ္ေငြဒဏ္ ျပည္ႏွင္ဒဏ္အျပင္ နာမည္ပ်က္ အမည္မည္း စာရင္းသြင္းၿပီး ထိုင္းႏိုင္ငံ၀င္ေရာက္ခြင့္ကုိပါ ရာသက္ပန္ ပိတ္ပင္ခံရမယ္လုိ႔လည္း သတိေပးထားပါတယ္။ ထုိင္းအာဏာပုိင္ေတြက အခုလုိ သတိေပးေနေပမဲ့ လက္ေတြ႔လုပ္ဖုိ႔ အခက္အခဲေတြ ရွိေနတုန္းပဲလုိ႔လည္း ထုိင္းႏုိင္ငံ အေျခစုိက္ ပညာေရးနဲ႔ ဖြံၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးလႈပ္ရွားသူ ဦးမင္းဦးက ေျပာပါတယ္။

"လူေတြက အလုပ္လည္း မရွိ၊ သက္တမ္းတုိးဖို႔ကလည္း အခက္အခဲရွိတယ္ေလ။ သူတို႔က ေလွ်ာ့ေပးလိုက္တယ္ဆိုတာက အလုပ္ရွင္ အသစ္ေျပာင္းဖို႔အတြက္ ေနာက္က်ေနတာတို႔၊ အလုပ္ရွင္ မေျပာင္းျဖစ္တာတို႔ ေျပာရရင္ေတာ့ အလုပ္လဲႊေျပာင္းစာ ေသတာကို... ကာလကို အကန္႔အသတ္မရွိဘဲ ေပးတုိးတယ္။ ေအာက္တုိဘာ ၃၁ ရက္ေန႔ထိ တုိးေပးလိုက္တာ တခ်ိဳ႕ကေတာ့ အက်ိဳးခံစားခြင့္ေတြ မရွိဘူး မဟုတ္ဘူး။ ရွိတယ္ အမ်ားစုကေတာ့ ဒီကိုဗစ္ကာလမွာ သက္တမ္းတိုးဖို႔က အမ်ားစုကေတာ့ သက္တမ္းတိုးႏိုင္သူနည္းလိမ့္မယ္ ဒုကၡေတြေရာက္မွာေပါ့ဗ်ာ။"

ကပ္ေရာဂါေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ခဲ့တဲ့ ထုိင္းႏုိင္ငံမွာ အလုပ္အကုိင္နဲ႔ စား၀တ္ေနေရး အခက္အခဲေတြေၾကာင့္ သန္းနဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြထဲက ေနရပ္ျပန္ၾကသူေတြလည္း သိန္းဂဏန္းအထိ ရွိခဲ့ပါတယ္။ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၅၉ ေယာက္နဲ႔ ကူးစက္သူ ၃,၆၀၀ ေလာက္ရွိခဲ့တဲ့ ထိုင္းႏုိင္ငံမွာ မၾကာေသးခင္လေတြကစလုိ႔ ေရာဂါကူးစက္မႈေတြ ေလ်ာ့ပါးလာရာက လုပ္ငန္းေတြ ျပန္လည္ လည္ပတ္လာရာက အလုပ္သမား လုိအပ္ခ်က္ေတြ ရွိေနတာေၾကာင့္ ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ အိမ္နီးခ်င္းႏုိင္ငံေတြက ေရႊ႕ေျပာင္းအလုပ္သမားေတြကုိ အလုပ္လုပ္ခြင့္ေပးဖုိ႔လည္း စီစဥ္ေနတာပါ။ ဒါေပမဲ့လည္း ျမန္မာႏုိင္ငံမွာ ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ တုိးလာေနတာေၾကာင့္ အလုပ္သမားေတြ ေခၚယူဖုိ႔အတြက္လည္း ထုိင္းႏုိင္ငံဘက္က တြန္႔ဆုတ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံသားတွေ အပါအဝင် ထိုင်းနိုင်ငံရောက် နိုင်ငံခြားသား အလုပ်သမားတွေ ကိုဗစ်ကပ်ရောဂါကာလ နေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးရမယ့် နောက်ဆုံးရက်နီးလာတာကြောင့် ထိုင်းအာဏာပိုင်တွေ သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက အလုပ်သမားတွေ ထိုင်းနိုင်ငံမှာ ကပ်ရောဂါကာလ နေထိုင်အလုပ်လုပ်ခွင့် သက်တမ်း ထပ်တိုးဖို့ ဒီလကုန် နောက်ဆုံး သတ်မှတ်ထားတာကြောင့် အချိန်မှီ ဆောင်ရွက်ကြဖို့နဲ့ ပျက်ကွက်ခဲ့မယ်ဆိုရင် အရေးယူခံရမှာဖြစ်ကြောင်း သတိပေးနေတာပါ။ သတ်မှတ်ရက်အမီ ဗီဇာသက်တမ်းတိုးဖို့ ပျက်ကွက်မယ်ဆိုရင် ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၁၀၀,၀၀၀ အထိ ပေးဆောင်ရမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံပြည်ထဲရေးနဲ့ အလုပ်အကိုင်ရှာဖွေရေးဌာနတွေက ဒီတပတ်ထဲမှာပဲ သတိပေးထားကြောင်း မြန်မာအလုပ်သမားရေး ဆောင်ရွက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်ရဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

"ခွင်ြ့ပုထားတာ COVID 19 ကာလမှာ အောက်တိုဘာလ ၃၁ ရက်ထိပဲ ခွင့်ပြုထားတာ ကိုဗစ် ကာလမှာ အလုပ်သမားတွေ တရားဝမင်စာရွက်စာတမ်းတွေလုပ်ဖို့ ခက်ခဲတာ မြန်မာနိုင်ငံမှာ စာအုပ်တွေပြန်လုပ်ဖို့ ခက်ခဲတာကြောင့် ကင်းလွတ်ခွင့်ပြုထားတာ အခုချိန်မှာတော့ ဌာနဆိုင်ရာရုံးတွေကလည်း ပုံမှန်ပြန်လုပ်နေပြီဆိုတော့ သူတို့က သက်ဆိုင်ရာလုပ်ငန်းရှင် အဟောင်းပဲဖြစ်ဖြစ် လုပ်ငန်းရှင်အသစ်မှာပဲဖြစ်ဖြစ် တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်ရအောင်လုပ်ဖို့ ဗီဇာသက်တမ်းတိုးတာကို ၃၁ ရက်နေ့ထိ နောက်ဆုံးထားလုပ်ဖို့ပြောထားတာ ဒီလိုမလုပ်ရင်တော့ ငွေဒဏ်တွေ ကျမခံဖို့ ပြစ်ဒဏ်တွေ ထုတ်ပြန်ထားတာကိုတွေ့ရတယ်။"

ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အချိန်မီသက်တမ်းမတိုးတဲ့ အလုပ်သမားတွေကို အရေးယူမှာ ဖြစ်တာကြောင့် သက်ဆိုင်ရာ နိုင်ငံတွေက သံရုံးတွေ အနေနဲ့ မိမိနိုင်ငံသားတွေကို အသိပေးနှိုးဆော်ဖို့လည်း တိုက်တွန်းထားပါတယ်။ ဗီဇာသက်တမ်းတိုးဖို့ ပျက်ကွက်နေသူတွေ ရက်ပေါင်း ၉၀ အတွင်း အကြောင်းမကြားရင်၊ ထောင်ဒဏ်ငွေဒဏ် ပြည်နှင်ဒဏ်အပြင် နာမည်ပျက် အမည်မည်း စာရင်းသွင်းပြီး ထိုင်းနိုင်ငံဝင်ရောက်ခွင့်ကိုပါ ရာသက်ပန် ပိတ်ပင်ခံရမယ်လို့လည်း သတိပေးထားပါတယ်။ ထိုင်းအာဏာပိုင်တွေက အခုလို သတိပေးနေပေမဲ့ လက်တွေ့လုပ်ဖို့ အခက်အခဲတွေ ရှိနေတုန်းပဲလို့လည်း ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးက ပြောပါတယ်။

"လူတွေက အလုပ်လည်း မရှိ၊ သက်တမ်းတိုးဖို့ကလည်း အခက်အခဲရှိတယ်လေ။ သူတို့က လျှော့ပေးလိုက်တယ်ဆိုတာက အလုပ်ရှင် အသစ်ပြောင်းဖို့အတွက် နောက်ကျနေတာတို့၊ အလုပ်ရှင် မပြောင်းဖြစ်တာတို့ ပြောရရင်တော့ အလုပ်လွဲှပြောင်းစာ သေတာကို... ကာလကို အကန့်အသတ်မရှိဘဲ ပေးတိုးတယ်။ အောက်တိုဘာ ၃၁ ရက်နေ့ထိ တိုးပေးလိုက်တာ တချို့ကတော့ အကျိုးခံစားခွင့်တွေ မရှိဘူး မဟုတ်ဘူး။ ရှိတယ် အများစုကတော့ ဒီကိုဗစ်ကာလမှာ သက်တမ်းတိုးဖို့က အများစုကတော့ သက်တမ်းတိုးနိုင်သူနည်းလိမ့်မယ် ဒုက္ခတွေရောက်မှာပေါ့ဗျာ။"

ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေထဲက နေရပ်ပြန်ကြသူတွေလည်း သိန်းဂဏန်းအထိ ရှိခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ကူးစက်သူ ၃,၆၀၀ လောက်ရှိခဲ့တဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင်လတွေကစလို့ ရောဂါကူးစက်မှုတွေ လျော့ပါးလာရာက လုပ်ငန်းတွေ ပြန်လည် လည်ပတ်လာရာက အလုပ်သမား လိုအပ်ချက်တွေ ရှိနေတာကြောင့် မြန်မာနိုင်ငံသားတွေ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်လုပ်ခွင့်ပေးဖို့လည်း စီစဉ်နေတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှုတွေ တကျော့ပြန် တိုးလာနေတာကြောင့် အလုပ်သမားတွေ ခေါ်ယူဖို့အတွက်လည်း ထိုင်းနိုင်ငံဘက်က တွန့်ဆုတ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG