သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ COVID ကူးစက်ခံရသူ ၉ သန်း နီးပါး ရှိလာပြီ


Wisconsin ပြည်နယ်တွင် COVID ရှိ မရှိ စမ်းသပ်
Wisconsin ပြည်နယ်တွင် COVID ရှိ မရှိ စမ်းသပ်

(Zawgyi/Unicode)

အမေရိကန်နိုင်ငံမှာ ကြာသပတေးနေ့က တရက်အတွင်း COVID 19 အကူးစက်ခံရသူ ၉ သောင်းနီးပါး (၈၈,၅၂၁) နဲ့ စံချိန်တင်သွားခဲ့ပြီး သောကြာနေ့မှာတော့ ဒီရောဂါအကူးစက်ခံရသူ ၉ သန်းနီးပါး (၈,၉၈၂,၈၀၄) ရှိနေပြီလို့ Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းမှာ ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်က အကူးစက်ခံရသူ ၈ သန်းရှိနေရာကနေ ၁၅ ရက်အတွင်း တသန်းတိုးပြီး ၉ သန်းနီးပါး ဖြစ်လာခဲ့တာပါ။ ကြာသပတေးနေ့က အမေရိကန် အနောက်အလယ်ပိုင်းက Illinois ၊ Wisconsin နဲ့ Ohio ပြည်နယ်တွေအပြင် တောင်ပိုင်းက Texas ၊ ဖလော်ရီဒါနဲ့ အနောက်ဖက်က ကယ်လီဖိုးနီးယား ပြည်နယ် အပါအဝင် ပြည်နယ်တချို့မှာ တရက်အတွင်း ကူးစက်မှုနှုန်း သိသိသာသာ တိုးလာနေတာ ဖြစ်ပါတယ်။

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နောက်တချီ တိုးလာနေတာကြောင့် နိုင်ငံ့ခေါင်းဆောင်တွေဟာ သူတို့နိုင်ငံတွေအတွက် ကန့်သတ်မှုအသစ်တွေ ချမှတ်ဖို့ စဉ်းစားလာကြပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကတော့ ဗြိတိန်မှာ ဒီရောဂါပိုးမပြန့်ပွားအောင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အသွားအလာ ပိတ်ပင် ကန့်သတ်တာထက် စည်းမျဉ်းစည်းကမ်းတွေကို ဒေသအလိုက် တင်းတင်းကြပ်ကြပ် ချမှတ် လုပ်ဆောင်တာက ပိုထိရောက်နိုင်တယ်လို့ ပြောပါတယ်။

ပြင်သစ်နဲ့ ဂျာမဏီမှာတော့ ဒီရောဂါကူးစက်မှု ကိုထိန်းချုပ်ဖို့ တားမြစ် ကန့်သတ်မှုအသစ်တွေ ပြဌာန်းခဲ့ပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron က သောကြာနေ့မှာ စတင်တဲ့ တလကြာ တနိုင်ငံလုံး အတိုင်းအတာနဲ့ lockdown ချ တားမြစ်ကြောင်း ကြေညာခဲ့ပြီး စားသောက်ဆိုင်တွေ၊ ကဖေးဆိုင်တွေ၊ အရက်ဘားတွေနဲ့ ပိတ်ထားလို့ရတဲ့ လုပ်ငန်းတွေ အားလုံး ပိတ်ထားခိုင်းပြီး အလုပ်နဲ့ဈေးဝယ်တာကလွဲပြီး နေအိမ်တွေမှာပဲ နေခိုင်းခဲ့တာပါ။ ဂျာမဏီဝန်ကြီးချုပ် Angela Merkel ကလည်း တနင်္လာနေ့မှာ စတင်တဲ့ တလကြာ lockdown ချ တားမြစ်မှု ချမှတ်ကြောင်း ကြေညာခဲ့ပါတယ်။

သောကြာနေ့မှာ ကမ္ဘာတလွှား COVID-19 အကူးစက်ခံရသူ ၄၅ သန်းကျော် နဲ့ သေဆုံးရသူက ၁.၂ သန်း (၁,၁၈၄,၅၆၅) နီးပါး ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Unicode)







XS
SM
MD
LG