သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Trump နဲ႔ Biden ဖေလာ္ရီဒါ မွာ အၿပိဳင္အဆိုင္ မဲဆြယ္


Trump နဲ႔ Biden ဖေလာ္ရီဒါ မွာ အၿပိဳင္အဆိုင္ မဲဆြယ္

(Zawgyi/Unicode)

အေမရိကန္ ေရြးေကာက္ပြဲ က်င္းပဖုိ႔ ရက္ပိုင္းပဲ လုိပါေတာ့တယ္။ ၾကာသပေတးေန႔က ရီပတ္ဘလစ္ကင္ပါတီက သမၼတ ေဒၚနယ္ထရမ့္နဲ႔ ဒီမိုကရက္တစ္ပါတီက ၿပိဳင္ဘက္ ဂ်ိဳးဘိုင္ဒင္တုိ႔ ၂ ေယာက္စလံုးဟာ သူတုိ႔ ၂ ဦး အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရဖုိ႔ ရွိတဲ့ ဖေလာ္ရီဒါျပည္နယ္မွာ အၿပိဳင္ မဲဆြယ္ေနၾကၿပီး ေရွ႕တပတ္အဂၤါ ႏိုဝင္ဘာ ၃ ရက္ ေရြးေကာက္ပြဲေန႔မွာ မဲလာထည့္ၾကဖုိ႔ ဦးစားေပး ေဆာ္ၾသေနၾကပါတယ္။

အေမရိကန္ႏုိင္ငံသား ၇၃ သန္းေက်ာ္က ႀကိဳတင္မဲေပး ခဲ့ၾကၿပီးျဖစ္သလို တခ်ိဳ႕ မဲရံုေတြမွာ ႀကိဳတင္မဲေပးခဲ့သလို တခ်ိဳ႕ကလည္း စာတုိက္ကေန မဲထည့္ခဲ့ၾကတာပါ။ က်န္ေနေသးတဲ့ မဲမေပးရေသးသူ သန္းေပါင္းမ်ားစြာကို အဂၤါေန႔မွာ မဲသြားေပးၾကဖို႔ တိုက္တြန္းေနၾကတာ ျဖစ္ပါတယ္။ ဒီမိုကရက္ေတြက ႀကိဳတင္မဲေပးေလ့ရွိသလို ရီပတ္ဘလစ္ကင္ေတြက မဲေပးရမယ့္ေန႔ မဲရံုေတြမွာ မဲေပးေလ့ရွိေပမယ့္ အေမရိကန္ႏုိင္ငံမွာ လူေပါင္း ၂ သိန္းေက်ာ္ ေသဆံုးခဲ့ရၿပီးျဖစ္တဲ့ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ မဲေပးမႈကို တြက္ဆလို႔ မရပဲ ျဖစ္ေနတာပါ။

သမၼတထရမ့္ေရာ ဂ်ိဳးဘိုင္ဒင္ပါ ၾကာသပေတးေန႔က ဖေလာ္ရီဒါျပည္နယ္ Tampa ၿမိဳ႕မွာ က်င္းပတဲ့ လူထုစုေဝးပြဲေတြမွာ မဲဆြယ္ခဲ့ၾကပါတယ္။

သမၼတထရမ့္ အတြက္ေတာ့ ဇူလိုင္ကေန စက္တင္ဘာအတြင္း စီးပြါးေရးႀကီးထြားမႈႏႈန္း က ၃၃.၁ % ရွိေနတယ္ဆိုတဲ့ ေနာက္ဆံုး ခန္႔မွန္းခ်က္ေတြ ေၾကာင့္ မဲဆြယ္မႈမွာ မ်က္ႏွာပန္းလွေနတာပါ။ ဒါေပမယ့္ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္မႈ ျပန္တိုးလာတာနဲ႔ အမ ွ် အလုပ္သမား ေတြ အလုပ္ျပန္ရေရး ေႏွးေကြးလာေနတာေၾကာင့္ စီးပြါးေရးေနာက္တခ်ီ ျပန္အားနည္းလာ ေနတယ္လို႔ စီးပြားေရး ကၽြမ္းက်င္သူေတြက သတိေပးေနပါတယ္။

ဒီမိုကရက္တစ္ပါတီက ဂ်ိဳးဘိုင္ဒင္ကေတာ့ အခုလို စီးပြားေရးႀကီးထြားမႈ ဆို္င္ရာထုတ္ျပန္တဲ့ ခန္႔မွန္းခ်က္ အေပၚ ေဝဖန္လိုက္ပါတယ္။ ဒီ စီးပြါးေရး နလံထူမႈဟာ သိပ္ေႏွးေကြးေနတာ ျဖစ္ၿပီး လက္ရိွ တိုးတက္မႈက အေထာက္အကူျဖစ္ေစေပမယ့္ ကုေဋနဲ႔ခ်ီတဲ့ လက္လုပ္လက္စား မိသားစုေတြနဲ႔ အေသးစားလုပ္ငန္းရွင္ေလးေတြ အဖို႔ကေတာ့ ဒုကၡေရာက္ေနဆဲပဲ လို႔ ေျပပါတယ္။ ဒါ့အျပင္ COVID-19 အတြက္ သမၼတရဲ့ ကိုင္တြယ္ပံုကိုပါ ေဝဖန္ခဲ့တာပါ။

သမၼတထရမ့္ဟာ ဗုဒၶဟူးေန႔က Arizona မွာ မဲဆြယ္ခဲ့သလို ဖေလာ္ရီဒါ၊ Michigan နဲ႔ ေဂ်ာ္ဂ်ီယာ အပါအဝင္ သူအႀကိတ္အနယ္ယွဥ္ၿပိဳင္ရဖုိ႔ ရွိတဲ့ ျပည္နယ္ေတြကို မသြားခင္ စေနေန႔က Pennsylvania မွာ မဲဆြယ္ပြဲေတြ က်င္းပခဲ့တာပါ။

ဂ်ိဳးဘိုင္ဒင္ကေတာ့ ဒီသီတင္းပတ္ ေႏွာင္းပိုင္းမွာ ၂၀၁၆ တုန္းက သမၼတထရမ့္ အႏိုင္ရခဲ့တဲ့ Iowa ၊ Wisconsin နဲ႔ Michigan ျပည္နယ္ေတြကို သြားေရာက္ဖုိ႔ ရွိပါတယ္။

Trump နဲ႔ Biden ဖေလာ္ရီဒါ မွာ အၿပိဳင္အဆိုင္ မဲဆြယ္
please wait

No media source currently available

0:00 0:01:33 0:00
တိုက္႐ိုက္ လင့္ခ္


.............

(Unicode)

အမေရိကန် ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ ကြာသပတေးနေ့က ရီပတ်ဘလစ်ကင်ပါတီက သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက် ဂျိုးဘိုင်ဒင်တို့ ၂ ယောက်စလုံးဟာ သူတို့ ၂ ဦး အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိတဲ့ ဖလော်ရီဒါပြည်နယ်မှာ အပြိုင် မဲဆွယ်နေကြပြီး ရှေ့တပတ်အင်္ဂါ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲနေ့မှာ မဲလာထည့်ကြဖို့ ဦးစားပေး ဆော်သြနေကြပါတယ်။

အမေရိကန်နိုင်ငံသား ၇၃ သန်းကျော်က ကြိုတင်မဲပေး ခဲ့ကြပြီးဖြစ်သလို တချို့ မဲရုံတွေမှာ ကြိုတင်မဲပေးခဲ့သလို တချို့ကလည်း စာတိုက်ကနေ မဲထည့်ခဲ့ကြတာပါ။ ကျန်နေသေးတဲ့ မဲမပေးရသေးသူ သန်းပေါင်းများစွာကို အင်္ဂါနေ့မှာ မဲသွားပေးကြဖို့ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။ ဒီမိုကရက်တွေက ကြိုတင်မဲပေးလေ့ရှိသလို ရီပတ်ဘလစ်ကင်တွေက မဲပေးရမယ့်နေ့ မဲရုံတွေမှာ မဲပေးလေ့ရှိပေမယ့် အမေရိကန်နိုင်ငံမှာ လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့ရပြီးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မဲပေးမှုကို တွက်ဆလို့ မရပဲ ဖြစ်နေတာပါ။

သမ္မတထရမ့်ရော ဂျိုးဘိုင်ဒင်ပါ ကြာသပတေးနေ့က ဖလော်ရီဒါပြည်နယ် Tampa မြို့မှာ ကျင်းပတဲ့ လူထုစုဝေးပွဲတွေမှာ မဲဆွယ်ခဲ့ကြပါတယ်။

သမ္မတထရမ့် အတွက်တော့ ဇူလိုင်ကနေ စက်တင်ဘာအတွင်း စီးပွါးရေးကြီးထွားမှုနှုန်း က ၃၃.၁ % ရှိနေတယ်ဆိုတဲ့ နောက်ဆုံး ခန့်မှန်းချက်တွေ ကြောင့် မဲဆွယ်မှုမှာ မျက်နှာပန်းလှနေတာပါ။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြန်တိုးလာတာနဲ့ အမ ျှ အလုပ်သမား တွေ အလုပ်ပြန်ရရေး နှေးကွေးလာနေတာကြောင့် စီးပွါးရေးနောက်တချီ ပြန်အားနည်းလာ နေတယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။

ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒင်ကတော့ အခုလို စီးပွားရေးကြီးထွားမှု ဆိုင်ရာထုတ်ပြန်တဲ့ ခန့်မှန်းချက် အပေါ် ဝေဖန်လိုက်ပါတယ်။ ဒီ စီးပွါးရေး နလံထူမှုဟာ သိပ်နှေးကွေးနေတာ ဖြစ်ပြီး လက်ရှိ တိုးတက်မှုက အထောက်အကူဖြစ်စေပေမယ့် ကုဋေနဲ့ချီတဲ့ လက်လုပ်လက်စား မိသားစုတွေနဲ့ အသေးစားလုပ်ငန်းရှင်လေးတွေ အဖို့ကတော့ ဒုက္ခရောက်နေဆဲပဲ လို့ ပြေပါတယ်။ ဒါ့အပြင် COVID-19 အတွက် သမ္မတရဲ့ ကိုင်တွယ်ပုံကိုပါ ဝေဖန်ခဲ့တာပါ။

သမ္မတထရမ့်ဟာ ဗုဒ္ဓဟူးနေ့က Arizona မှာ မဲဆွယ်ခဲ့သလို ဖလော်ရီဒါ၊ Michigan နဲ့ ဂျော်ဂျီယာ အပါအဝင် သူအကြိတ်အနယ်ယှဉ်ပြိုင်ရဖို့ ရှိတဲ့ ပြည်နယ်တွေကို မသွားခင် စနေနေ့က Pennsylvania မှာ မဲဆွယ်ပွဲတွေ ကျင်းပခဲ့တာပါ။

ဂျိုးဘိုင်ဒင်ကတော့ ဒီသီတင်းပတ် နှောင်းပိုင်းမှာ ၂၀၁၆ တုန်းက သမ္မတထရမ့် အနိုင်ရခဲ့တဲ့ Iowa ၊ Wisconsin နဲ့ Michigan ပြည်နယ်တွေကို သွားရောက်ဖို့ ရှိပါတယ်။

XS
SM
MD
LG