သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အႀကိတ္အနယ္ယွဥ္ၿပိဳင္ရမယ္႔ ျပည္နယ္ေတြဆီ သမၼတေလာင္း ၂ ဦး ခရီးထြက္


(Zawgyi/Unicode)

အေမရိကန္ သမၼတေရြးေကာက္ပြဲ က်င္းပဖို႔ ၁ ပတ္တိတိပဲလိုေတာ့ခ်ိန္မွာပဲ ရစ္ပတ္ဘလင္ကန္ သမၼတ ေဒၚနယ္ထရမ့္နဲ႔ ၿပိဳင္ဘက္ဒီမိုကရက္သမၼတေလာင္း Joe Biden တို႔ ႏွစ္ဦး အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရမယ့္ ျပည္နယ္ေတြကို အဂၤါေန႔က မဲဆြယ္ စည္း႐ုံးေရး ထြက္ေနၾကၿပီ ျဖစ္ ပါတယ္။

လူထု သေဘာထား စစ္တမ္းေတြအရ တစ္နိုင္ငံလုံး အတိုင္းအတာအရေရာ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရမယ့္ ျပည္နယ္ ထက္ဝက္မွာေရာ Joe Biden က အမွတ္ ၇ မွတ္ကေန ၉ မွတ္အထိ သမၼတ ထရမ့္ေရွ႕ကေန ဦးေဆာင္ေနတာ ျဖစ္ပါတယ္။

သမၼတထရမ့္က ၂၀၁၆ခုႏွစ္က ဟီလာရီကလင္တန္ကို အနိုင္ရရွိခဲ့တဲ့ Michigan, Wisconsin နဲ႔ Nebraska ျပည္နယ္ေတြကိုသြားေရာက္ ေနတာျဖစ္ပါတယ္။ သေဘာထား စစ္တမ္းေတြအရ သမၼတ ထရမ့္က Michigan နဲ႔ Wisconsin ျပည္နယ္ေတြမွာ လူထု ေထာက္ခံမႈ Biden ရဲ့ ေနာက္က လိုက္ေနေပမယ့္ ရစ္ပတ္ဘလင္ကန္ အင္အားေကာင္းတဲ့ Nebraska ျပည္နယ္မွာေတာ့ ဦးေဆာင္ေန ပါတယ္။

Joe Biden ကေတာင္ပိုင္း ျပည္နယ္တစ္ခုျဖစ္တဲ့ Georgia ျပည္နယ္ကို သြားေရာက္ေနတာပါ။ အဲဒီ ျပည္နယ္မွာ ဒီမို ကရက္ သမၼတေလာင္းေတြ အနိုင္မရတာ ၁၉၉၂ ခုႏွစ္ကတည္းက ျဖစ္ပါတယ္။ အခုေတာ့ Joe Biden နဲ႔ သမၼတ ထရမ့္တို႔ ႏွစ္ဦး ဘယ္သူကမွ လူထုစစ္တမ္းေတြမွာ သိသိသာသာ ဦးေဆာင္နိုင္တာ မရွိပါဘူး။

သမၼတ ေရြးေကာက္ပြဲမွာ ေအာင္ပြဲရဖို႔က Electoral College အဖြဲ႕ရဲ့ မဲေပါင္း ၅၃၈ မဲထဲကေန အနည္းဆုံး မဲေပါင္း ၂၇၀ ရရွိဖို႔ လို အပ္ ပါတယ္။

လြန္ခဲ့တဲ့ ေလးႏွစ္တုန္းက သမၼတ ထရမ့္က လူထုမဲအေရအတြက္မွာ ရႈံးနိမ့္ခဲ့ေပမဲ့ Electoral College အဖြဲ႕ရဲ႕မဲ အသာနဲ႔ သမၼတ အျဖစ္ ေရြးခ်ယ္ခံရတာ ျဖစ္ပါတယ္။

သမၼတ ထရမ့္က လူထုမဲအေရအတြက္ ရႈံးနိမ့္မႈကို ဒီႏွစ္မွာလည္း ၾကဳံေတြ႕ရနိုင္ေၿခ ရွိေပမဲ့ Electoral College အဖြဲ႕ရဲ့ မဲေပးေတြကို အနိုင္ရေရး အခြင့္အေရးက ရွိေနပါတယ္။ ေရြးေကာက္ပြဲ မက်င္းပခင္ သူ အခု သြားေရာက္ေနတဲ့ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရမယ့္ ျပည္နယ္ေတြ မွာ အနိုင္ရဖို႔ေတာ့ လိုအပ္မွာပါ။

ဒီ သီတင္းပတ္ေႏွာင္းပိုင္းမွာေတာ့ Joe Biden က အရင္ ေရြးေကာက္ပြဲမွာ ထရမ့္ အနိုင္ရခဲ့တဲ့ အေနာက္အလယ္ပိုင္းေဒသ စိုက္ပ်ိဳးေရး ျပည္နယ္ ျဖစ္တဲ့ Iowa ျပည္နယ္ကို သြားမွာ ျဖစ္ပါတယ္။သူနဲ႔ ယွဥ္ၿပိင္အေရြးခံမယ့္ ဒုတိယ သမၼတေလာင္း Kamala Harris ကလည္း သမၼတ ထရမ့္ အနိုင္ရခဲ့တဲ့ Arizona ျပည္နယ္နဲ႔Texas ျပည္နယ္ေတြကို သြားမွာ ျဖစ္ပါတယ္။ လူထု စစ္တမ္းအရ Arizona ျပည္နယ္ မွာ Biden က ပြတ္ကာသီကာ အသာရေနၿပီး Texas ျပည္နယ္မွာ ေတာ့ သမၼတ ထရမ့္က ႏွာတဖ်ား အသာရေနပါတယ္။

ေရြးေကာပ္ပြဲကို နိုဝင္ဘာလ ၃ ရက္ေန႔မွာ က်င္းပမွာ ျဖစ္ေပမယ့္လို႔ အခုအခ်ိန္အထိ အေမရိကန္ မဲဆႏၵရွင္ ၆၆ သန္း ႀကိဳတင္မဲေပးခဲ့ၾကၿပီး ျဖစ္ပါတယ္။ သုံးပုံႏွစ္ပုံက စာတိုက္မဲ ေပးခဲ့ၿပီး သုံးပုံတစ္ပုံက လူကိုယ္တိုင္ မဲ႐ုံေတြကို သြားေရာက္မဲေပးခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေဆီ သမ္မတလောင်း ၂ ဦး ခရီးထွက်

(Unicode)

အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ၁ ပတ်တိတိပဲလိုတော့ချိန်မှာပဲ ရစ်ပတ်ဘလင်ကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပြိုင်ဘက်ဒီမိုကရက်သမ္မတ လောင်း Joe Biden တို့ နှစ်ဦး အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေကို အင်္ဂါနေ့က မဲဆွယ် စည်းရုံးရေး ထွက်နေကြပြီ ဖြစ် ပါတယ်။

လူထု သဘောထား စစ်တမ်းတွေအရ တစ်နိုင်ငံလုံး အတိုင်းအတာအရရော အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ် ထက်ဝက်မှာရော Joe Biden က အမှတ် ၇ မှတ်ကနေ ၉ မှတ်အထိ သမ္မတ ထရမ့်ရှေ့ကနေ ဦးဆောင်နေတာ ဖြစ်ပါတယ်။

သမ္မတထရမ့်က ၂၀၁၆ခုနှစ်က ဟီလာရီကလင်တန်ကို အနိုင်ရရှိခဲ့တဲ့ Michigan, Wisconsin နဲ့ Nebraska ပြည်နယ်တွေကိုသွားရောက် နေတာဖြစ်ပါတယ်။ သဘောထား စစ်တမ်းတွေအရ သမ္မတ ထရမ့်က Michigan နဲ့ Wisconsin ပြည်နယ်တွေမှာ လူထု ထောက်ခံမှု Biden ရဲ့ နောက်က လိုက်နေပေမယ့် ရစ်ပတ်ဘလင်ကန် အင်အားကောင်းတဲ့ Nebraska ပြည်နယ်မှာတော့ ဦးဆောင်နေ ပါတယ်။

Joe Biden ကတောင်ပိုင်း ပြည်နယ်တစ်ခုဖြစ်တဲ့ Georgia ပြည်နယ်ကို သွားရောက်နေတာပါ။ အဲဒီ ပြည်နယ်မှာ ဒီမို ကရက် သမ္မတလောင်းတွေ အနိုင်မရတာ ၁၉၉၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ အခုတော့ Joe Biden နဲ့ သမ္မတ ထရမ့်တို့ နှစ်ဦး ဘယ်သူကမှ လူထုစစ်တမ်းတွေမှာ သိသိသာသာ ဦးဆောင်နိုင်တာ မရှိပါဘူး။

သမ္မတ ရွေးကောက်ပွဲမှာ အောင်ပွဲရဖို့က Electoral College အဖွဲ့ရဲ့ မဲပေါင်း ၅၃၈ မဲထဲကနေ အနည်းဆုံး မဲပေါင်း ၂၇၀ ရရှိဖို့ လို အပ် ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်တုန်းက သမ္မတ ထရမ့်က လူထုမဲအရေအတွက်မှာ ရှုံးနိမ့်ခဲ့ပေမဲ့ Electoral College အဖွဲ့ရဲ့မဲ အသာနဲ့ သမ္မတ အဖြစ် ရွေးချယ်ခံရတာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်က လူထုမဲအရေအတွက် ရှုံးနိမ့်မှုကို ဒီနှစ်မှာလည်း ကြုံတွေ့ရနိုင်ခြေ ရှိပေမဲ့ Electoral College အဖွဲ့ရဲ့ မဲပေးတွေကို အနိုင်ရရေး အခွင့်အရေးက ရှိနေပါတယ်။ ရွေးကောက်ပွဲ မကျင်းပခင် သူ အခု သွားရောက်နေတဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေ မှာ အနိုင်ရဖို့တော့ လိုအပ်မှာပါ။

ဒီ သီတင်းပတ်နှောင်းပိုင်းမှာတော့ Joe Biden က အရင် ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရခဲ့တဲ့ အနောက်အလယ်ပိုင်းဒေသ စိုက်ပျိုးရေး ပြည်နယ် ဖြစ်တဲ့ Iowa ပြည်နယ်ကို သွားမှာ ဖြစ်ပါတယ်။သူနဲ့ ယှဉ်ပြိင်အရွေးခံမယ့် ဒုတိယ သမ္မတလောင်း Kamala Harris ကလည်း သမ္မတ ထရမ့် အနိုင်ရခဲ့တဲ့ Arizona ပြည်နယ်နဲ့Texas ပြည်နယ်တွေကို သွားမှာ ဖြစ်ပါတယ်။ လူထု စစ်တမ်းအရ Arizona ပြည်နယ် မှာ Biden က ပွတ်ကာသီကာ အသာရနေပြီး Texas ပြည်နယ်မှာ တော့ သမ္မတ ထရမ့်က နှာတဖျား အသာရနေပါတယ်။

ရွေးကောပ်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပေမယ့်လို့ အခုအချိန်အထိ အမေရိကန် မဲဆန္ဒရှင် ၆၆ သန်း ကြိုတင်မဲပေးခဲ့ကြပြီး ဖြစ်ပါတယ်။ သုံးပုံနှစ်ပုံက စာတိုက်မဲ ပေးခဲ့ပြီး သုံးပုံတစ်ပုံက လူကိုယ်တိုင် မဲရုံတွေကို သွားရောက်မဲပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG