သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ေရြးေကာက္ပဲြမတိုင္ခင္ ၆ ရက္အလို မဲဆြယ္စည္းရံုးေရးခရီးမ်ား


၂၀၂၀ အေမရိကန္ေရြးေကာက္ပဲြအတြက္ အေမရိကန္သမၼတ Doanld Trump ကို ေထာက္ခံသူနဲ႔ ဒီမိုကရက္သမၼတေလာင္း Joe Biden ကို ေထာက္ခံသူမ်ားကို Florida ျပည္နယ္ Miami ၿမိဳ႕မွာ ေတြ႔ရ။ (ေအာက္တိုဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္သမၼတေရြးေကာက္ပြဲ က်င္းပဖို႔ ၆ ရက္ပဲ လိုေတာ့တဲ့အခ်ိန္ ဒီကေန႔မွာ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ဟာ အရီဇိုးနားျပည္နယ္မွာ မဲဆြယ္ပြဲႏွစ္ခု လုပ္ဖို႔ စီစဥ္ထားပါတယ္။

အရီဇိုးနားမွာ ေကာက္ယူထားတဲ့ လူထုစစ္တမ္းေတြအရ ဒီမိုကရက္သမၼတေလာင္း Joe Biden က သမၼတထရမ့္ပ္ထက္ လူထုေထာက္ခံမႈ အနည္းငယ္ အသာရေနပါတယ္။

၂၀၁၆ ခုႏွစ္ သမၼတေရြးေကာက္ပြဲတုန္းကေတာ့ အရီဇိုးနားမွာ သမၼတထရမ့္ပ္က ဒီမိုကရက္သမၼတေလာင္း ဟီလာရီ ကလင္တန္ကို အႏုိင္ရခဲ့တာပါ။

မစၥတာဘိုင္ဒန္ကေတာ့ အဂၤါေန႔က ေဂ်ာ္ဂ်ီယာျပည္နယ္မွာ မဲဆြယ္ပြဲႏွစ္ခု လုပ္ခဲ့ပါတယ္။ ေဂ်ာ္ဂ်ီယာျပည္နယ္မွာ ၁၉၉၂ ခုႏွစ္ကတည္းက ဘယ္ ဒီမုိကရက္သမၼတေလာင္းမွ အနုိင္မရခဲ့ေသးပါဘူး။

အဲဒီေနာက္ ဒီသီတင္းပတ္အတြင္း အိုင္အိုဝါ၊ ဖေလာ္ရီဒါ၊ ဝစၥကြန္ဆင္နဲ႔ မီရွီဂန္ျပည္နယ္ေတြမွာ မစၥတာဘိုင္ဒန္ မဲဆြယ္ပြဲေတြလုပ္ဖို႔ စီစဥ္ထားပါတယ္။

၂၀၁၆ ခုႏွစ္ သမၼတေရြးေကာက္ပြဲတုန္းက ဒီျပည္နယ္ေတြမွာ မစၥတာထရမ့္ပ္ အႏုိင္ရခဲ့ေပမဲ့ ဒီႏွစ္မွာ မစၥတာဘိုင္ဒန္ အႏုိင္ရမယ့္ အလားအလာရွိတယ္လို႔ ဒီမုိကရက္ေတြက ယူဆထားတာပါ။

မစၥတာထရမ့္ပ္နဲ႔ မစၥတာဘိုင္ဒန္ ဘယ္သူအႏုိင္ရမလဲဆိုတာကို အဓိက အဆံုးအျဖတ္ေပးမွာကေတာ့ ျပည္နယ္ ၁၂ ခုေလာက္က မဲဆႏၵရွင္ေတြပဲျဖစ္ပါတယ္။

ခုခ်ိန္ထိဆိုရင္ စာတိုက္ကေန ကိုယ့္ဆႏၵမဲကိုေပးပို႔တာ၊ လူကိုယ္တိုင္ ႀကိဳတင္ဆႏၵမဲေပးတာစတဲ့ နည္းလမ္းေတြနဲ႔ အေမရိကန္မဲဆႏၵရွင္ သန္း ၇၀ ေက်ာ္ ဆႏၵမဲေပးၿပီးၾကပါၿပီ။ ဒီအေရအတြက္ဟာ ၂၀၁၆ ခုႏွစ္ သမၼတေရြးေကာက္ပြဲမွာ စုစုေပါင္း မဲေပးခဲ့ၾကသူအေရအတြက္ရဲ႕ ထက္ဝက္ေက်ာ္ ရွိပါတယ္။

ေနာက္ဆံုးထြက္ထားတဲ့ တနိုင္ငံလံုး လူထုသေဘာထားစစ္တမ္းေတြအရေတာ့ မစၥတာဘိုင္ဒန္က သမၼတထရမ့္ပ္ထက္ ေထာက္ခံမႈ ၈ ရာခိုင္ႏႈန္း နီးပါး အသာရေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်ရွေးကောက်ပွဲမတိုင်ခင် ၆ ရက်အလို မဲဆွယ်စည်းရုံးရေးခရီးများ

အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ၆ ရက်ပဲ လိုတော့တဲ့အချိန် ဒီကနေ့မှာ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ဟာ အရီဇိုးနားပြည်နယ်မှာ မဲဆွယ်ပွဲနှစ်ခု လုပ်ဖို့ စီစဉ်ထားပါတယ်။

အရီဇိုးနားမှာ ကောက်ယူထားတဲ့ လူထုစစ်တမ်းတွေအရ ဒီမိုကရက်သမ္မတလောင်း Joe Biden က သမ္မတထရမ့်ပ်ထက် လူထုထောက်ခံမှု အနည်းငယ် အသာရနေပါတယ်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတုန်းကတော့ အရီဇိုးနားမှာ သမ္မတထရမ့်ပ်က ဒီမိုကရက်သမ္မတလောင်း ဟီလာရီ ကလင်တန်ကို အနိုင်ရခဲ့တာပါ။

မစ္စတာဘိုင်ဒန်ကတော့ အင်္ဂါနေ့က ဂျော်ဂျီယာပြည်နယ်မှာ မဲဆွယ်ပွဲနှစ်ခု လုပ်ခဲ့ပါတယ်။ ဂျော်ဂျီယာပြည်နယ်မှာ ၁၉၉၂ ခုနှစ်ကတည်းက ဘယ် ဒီမိုကရက်သမ္မတလောင်းမှ အနိုင်မရခဲ့သေးပါဘူး။

အဲဒီနောက် ဒီသီတင်းပတ်အတွင်း အိုင်အိုဝါ၊ ဖလော်ရီဒါ၊ ဝစ္စကွန်ဆင်နဲ့ မီရှီဂန်ပြည်နယ်တွေမှာ မစ္စတာဘိုင်ဒန် မဲဆွယ်ပွဲတွေလုပ်ဖို့ စီစဉ်ထားပါတယ်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတုန်းက ဒီပြည်နယ်တွေမှာ မစ္စတာထရမ့်ပ် အနိုင်ရခဲ့ပေမဲ့ ဒီနှစ်မှာ မစ္စတာဘိုင်ဒန် အနိုင်ရမယ့် အလားအလာရှိတယ်လို့ ဒီမိုကရက်တွေက ယူဆထားတာပါ။

မစ္စတာထရမ့်ပ်နဲ့ မစ္စတာဘိုင်ဒန် ဘယ်သူအနိုင်ရမလဲဆိုတာကို အဓိက အဆုံးအဖြတ်ပေးမှာကတော့ ပြည်နယ် ၁၂ ခုလောက်က မဲဆန္ဒရှင်တွေပဲဖြစ်ပါတယ်။

ခုချိန်ထိဆိုရင် စာတိုက်ကနေ ကိုယ့်ဆန္ဒမဲကိုပေးပို့တာ၊ လူကိုယ်တိုင် ကြိုတင်ဆန္ဒမဲပေးတာစတဲ့ နည်းလမ်းတွေနဲ့ အမေရိကန်မဲဆန္ဒရှင် သန်း ၇၀ ကျော် ဆန္ဒမဲပေးပြီးကြပါပြီ။ ဒီအရေအတွက်ဟာ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ စုစုပေါင်း မဲပေးခဲ့ကြသူအရေအတွက်ရဲ့ ထက်ဝက်ကျော် ရှိပါတယ်။

နောက်ဆုံးထွက်ထားတဲ့ တနိုင်ငံလုံး လူထုသဘောထားစစ်တမ်းတွေအရတော့ မစ္စတာဘိုင်ဒန်က သမ္မတထရမ့်ပ်ထက် ထောက်ခံမှု ၈ ရာခိုင်နှုန်း နီးပါး အသာရနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG