သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ျပည္သူ သန္း ၇၀ ေက်ာ္ ႀကိဳတင္မဲေပးၿပီး


(Zawgyi/Unicode)

လာမယ့္ အဂၤါေန႔မွာ က်င္းပမယ့္ အေမရိကန္ သမၼတေရြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေပးၿပီးသူ စုစုေပါင္း ၇၁ သန္းေက်ာ္ ရွိသြားၿပီျဖစ္လို႔ ၂၀၁၆ ခုႏွစ္က မဲေပးသူ အေရအတြက္ရဲ႕ ထက္ဝက္ေက်ာ္သြားၿပီ ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္က မဲဆႏၵရွင္ ၁၃၈.၈ သန္း မဲေပးခဲ့ၾကတာပါ။

အခုႏွစ္ ႀကိဳတင္မဲေပးသူေတြထဲ သုံးပုံ ႏွစ္ပုံက စာတိုက္ကေနမဲေပးခဲ့ၾကၿပီး က်န္တဲ့ မဲဆႏၵရွင္ ေတြကေတာ့ လူကိုယ္တိုင္ မဲ႐ုံေတြကို သြားေရာက္ မဲေပးခဲ့ၾကတာပါ။

ရစ္ပတ္ဘလင္ကန္ သမၼတေဒၚနယ္ထရမ့္နဲ႔ ဒီမိုကရက္သမၼတေလာင္း Joe Biden တို႔အၾကား ယွဥ္ၿပိင္မယ့္ အခုေရြးေကာက္ပြဲကို ပါဝင္ မဲေပးသူ အေရအတြက္က ၁၉၀၈ခုႏွစ္ ေနာက္ပိုင္းအျမင့္ဆုံးရွိလိမ့္မယ္လို႔ ေရြးေကာက္ပြဲကၽြမ္းက်င္သူေတြကခန္႔မွန္းေနၾကပါတယ္။ ၁၉၀၈ ခုႏွစ္တုန္းက မဲေပးနိုင္သူ ၆၅ ရာခိုင္ႏႈန္းေက်ာ္ ပါဝင္ မဲေပးခဲ့ၾကတာပါ။

ထရမ့္နဲ႔ Biden ႏွစ္ဦးစလုံးေရာ ဒုတိယ သမၼတ Mike Pence နဲ႔ ဒုတိယသမၼတေလာင္း Kamala Harris တို႔ပါ ဗုဒၶဟူးေန႔မွာ မဲဆြယ္ စည္း႐ုံးေရး ဆင္းေနၾကပါတယ္။

ထရမ့္နဲ႔ Harris တို႔က Arizona ျပည္နယ္မွာ မဲဆြယ္ စည္း႐ုံးေနပါတယ္။ ဒီ ျပည္နယ္မွာ ၂၀၁၆ ခုႏွစ္က သမၼတ ထရမ့္က ဟီလာရီ ကလင္တန္ကို အနိုင္ရရွိခဲ့ပါတယ္။ ဒီမိုကရက္ သမၼတေလာင္းေတြ ၁၉၉၆ ခုႏွစ္ကတည္းက တစ္ခါမွ အနိုင္မရရွိခဲ့ဘူးတဲ့ Arizona ျပည္နယ္မွာ ဒီႏွစ္ေတာ့ လူထု သေဘာထား စစ္တမ္းေတြအရ Biden က ပြတ္ကာသီကာ ဦးေဆာင္ေနပါတယ္။

ဒီ ျပည္နယ္မွာ Electoral College လို႔ေခၚတဲ့ ေရြးခ်ယ္ေရးအဖြဲ႕ရဲ့ မဲ ၁၁ မဲရွိေနတာပါ။

ဒီမိုကရက္ဒုသမၼတေလာင္း Harris ကေတာ့ ျပည္နယ္ၿမိဳ႕ေတာ္ Tucson မွာ စပိန္စကားေျပာ လာတီနို လူမႈအသိုက္အဝန္းက စီးပြားေရး လုပ္ငန္းရွင္ေတြနဲ႔ ေတြ႕ဆုံခဲ့သလို႔ လူမည္း ေခါင္းေဆာင္ေတြနဲ႔ လည္း ေတြ႕ဆုံေနပါတယ္။

သူ႔ရဲ့ ၿပိဳင္ဖက္ ဒုတိယ သမၼတ Mike Pence ကေတာ့ အေနာက္အလယ္ပိုင္းေဒသက Wisconsin နဲ႔ Michigan ျပည္နယ္ေတြမွာ မဲဆြယ္ စည္း႐ုံးေရး ဆင္းေနပါတယ္။

လူထုသေဘာထား စစ္တမ္းေတြမွာ တစ္နိုင္ငံလုံးအတိုင္းအတာအရ Joe Biden က ထရမ့္အေပၚ ၇ မွတ္ ဒါမွမဟုတ္ ၈ မွတ္ေလာက္ အသာနဲ႔ဦးေဆာင္ေနတာျဖစ္ေပမဲ့ အနိုင္ရဖို႔ေသာ့ခ်က္က်တဲ့ ျပည္နယ္ေတြမွာေတာ့ ၃-၄မွတ္ အကြာသာ ဦးေဆာင္ေနတာ ျဖစ္ပါတယ္။

ကန္ ျပည္သူ သန္း ၇၀ ေက်ာ္ ႀကိဳတင္မဲေပးၿပီး
please wait

No media source currently available

0:00 0:00:57 0:00
တိုက္႐ိုက္ လင့္ခ္


...........

ကန် ပြည်သူ သန်း ၇၀ ကျော် ကြိုတင်မဲပေးပြီး

(Unicode)

လာမယ့် အင်္ဂါနေ့မှာ ကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးပြီးသူ စုစုပေါင်း ၇၁ သန်းကျော် ရှိသွားပြီဖြစ်လို့ ၂၀၁၆ ခုနှစ်က မဲပေးသူ အရေအတွက်ရဲ့ ထက်ဝက်ကျော်သွားပြီ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က မဲဆန္ဒရှင် ၁၃၈.၈ သန်း မဲပေးခဲ့ကြတာပါ။

အခုနှစ် ကြိုတင်မဲပေးသူတွေထဲ သုံးပုံ နှစ်ပုံက စာတိုက်ကနေမဲပေးခဲ့ကြပြီး ကျန်တဲ့ မဲဆန္ဒရှင် တွေကတော့ လူကိုယ်တိုင် မဲရုံတွေကို သွားရောက် မဲပေးခဲ့ကြတာပါ။

ရစ်ပတ်ဘလင်ကန် သမ္မတဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်သမ္မတလောင်း Joe Biden တို့အကြား ယှဉ်ပြိင်မယ့် အခုရွေးကောက်ပွဲကို ပါဝင် မဲပေးသူ အရေအတွက်က ၁၉၀၈ခုနှစ် နောက်ပိုင်းအမြင့်ဆုံးရှိလိမ့်မယ်လို့ ရွေးကောက်ပွဲကျွမ်းကျင်သူတွေကခန့်မှန်းနေကြပါတယ်။ ၁၉၀၈ ခုနှစ်တုန်းက မဲပေးနိုင်သူ ၆၅ ရာခိုင်နှုန်းကျော် ပါဝင် မဲပေးခဲ့ကြတာပါ။

ထရမ့်နဲ့ Biden နှစ်ဦးစလုံးရော ဒုတိယ သမ္မတ Mike Pence နဲ့ ဒုတိယသမ္မတလောင်း Kamala Harris တို့ပါ ဗုဒ္ဓဟူးနေ့မှာ မဲဆွယ် စည်းရုံးရေး ဆင်းနေကြပါတယ်။

ထရမ့်နဲ့ Harris တို့က Arizona ပြည်နယ်မှာ မဲဆွယ် စည်းရုံးနေပါတယ်။ ဒီ ပြည်နယ်မှာ ၂၀၁၆ ခုနှစ်က သမ္မတ ထရမ့်က ဟီလာရီ ကလင်တန်ကို အနိုင်ရရှိခဲ့ပါတယ်။ ဒီမိုကရက် သမ္မတလောင်းတွေ ၁၉၉၆ ခုနှစ်ကတည်းက တစ်ခါမှ အနိုင်မရရှိခဲ့ဘူးတဲ့ Arizona ပြည်နယ်မှာ ဒီနှစ်တော့ လူထု သဘောထား စစ်တမ်းတွေအရ Biden က ပွတ်ကာသီကာ ဦးဆောင်နေပါတယ်။

ဒီ ပြည်နယ်မှာ Electoral College လို့ခေါ်တဲ့ ရွေးချယ်ရေးအဖွဲ့ရဲ့ မဲ ၁၁ မဲရှိနေတာပါ။

ဒီမိုကရက်ဒုသမ္မတလောင်း Harris ကတော့ ပြည်နယ်မြို့တော် Tucson မှာ စပိန်စကားပြော လာတီနို လူမှုအသိုက်အဝန်းက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့သလို့ လူမည်း ခေါင်းဆောင်တွေနဲ့ လည်း တွေ့ဆုံနေပါတယ်။

သူ့ရဲ့ ပြိုင်ဖက် ဒုတိယ သမ္မတ Mike Pence ကတော့ အနောက်အလယ်ပိုင်းဒေသက Wisconsin နဲ့ Michigan ပြည်နယ်တွေမှာ မဲဆွယ် စည်းရုံးရေး ဆင်းနေပါတယ်။

လူထုသဘောထား စစ်တမ်းတွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ Joe Biden က ထရမ့်အပေါ် ၇ မှတ် ဒါမှမဟုတ် ၈ မှတ်လောက် အသာနဲ့ဦးဆောင်နေတာဖြစ်ပေမဲ့ အနိုင်ရဖို့သော့ချက်ကျတဲ့ ပြည်နယ်တွေမှာတော့ ၃-၄မှတ် အကွာသာ ဦးဆောင်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG