သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

WHO ျပဳျပင္ေျပာင္းလဲဖို႔ ဥေရာပသမဂၢတိုက္တြန္း


(Zawgyi/Unicode)

WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးကို အျမန္ျပဳျပင္ေျပာင္းလဲသင့္ေၾကာင္းနဲ႔ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါ ဆိုင္ရာ ကိုင္တြယ္မႈေတြမွာ ပိုမိုပြင့္လင္းမႈရွိေစဖို႔ အီးယူ ဥေရာပသမဂၢ အရာရွိေတြက ေသာၾကာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

WHO အဖြဲ႔အစည္းရဲ႕ လုပ္ႏိုင္စြမ္းအားနဲ႔ အရင္းအျမစ္ေတြတိုးတက္လာေစဖုိ႔ လိုအပ္တဲ့ ျပဳျပင္ေျပာင္းလဲေရးေတြ နဲ႔ပတ္သက္ၿပီး ပထမဆံုး အႀကိမ္ခ်ျပတဲ့ အီးယူရဲ့စာတမ္းကို အတည္ျပဳတဲ့ အီးယူအဖြဲ႔ဝင္ ႏိုင္ငံေတြက က်န္းမာေရးဝန္ႀကီးေတြ ရဲ႕ အြန္လိုင္းအစည္းအေဝးမွာ အခုလို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

COVID-19 ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး တရုတ္ႏုိင္ငံနဲ႔ တျခားႏုိင္ငံေတြ က အခ်ိန္နဲ႔တေျပးညီ အခ်က္အလက္ေတြ မ ွ်ေဝဖို႔သတ္မွတ္ခ်က္ကို လိုက္နာမႈ မရွိတာနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြ ရွိလာတဲ့ ေနာက္ အခုလို အီးယူက လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

လက္ရွိႀကံဳေနရတဲ့ ဒီကပ္ေရာဂါရဲ့ စိန္ေခၚမႈက သိပ္ႀကီးမား ေနေပမယ့္ WHO အဖြဲ႔ျပဳျပင္ေျပာင္းလဲေရး ဆိုင္ရာ အေျခအတင္ေဆြးေႏြးမႈကို တခ်ိန္ထဲမွာပဲ လုပ္ေဆာင္ေရးဟာလည္း သိပ္ကို အေရးႀကီးေၾကာင္း ဂ်ာမဏီ က်န္းမာေရးဝန္ႀကီး Jens Spahn က အစည္းေဝးမွာ ေျပာပါတယ္။ ဒါေပမယ့္ ဒီျပဳျပင္ေျပာင္းလဲေရး လုပ္ငန္းေတြကို ဘယ္အခ်ိန္မွာ စတင္သင့္တယ္ ဆိုတာကိုေတာ့ မေျပာပါဘူး။

အခုလို အီးယူက ထုတ္ျပန္တဲ့စာတမ္းနဲ႔ ပတ္သက္ၿပီး WHO က အတိအက် ျပန္လည္ မေျဖၾကားေပမယ့္ အီးယူရဲ့ ကမာၻ႔က်န္းမာေရးဆိုင္ရာ ခိုင္မာတဲ့ ဦးေဆာင္မႈနဲ႔ ပံ့ပိုးမႈ အတြက္ ေက်းဇူးတင္ေၾကာင္းေျပာပါတယ္။

WHO အႀကီးအကဲ Tedros Adhanom Ghebreyesus ကေတာ့ ဒီေရာဂါရဲ့ ဇစ္ျမစ္ကို သိရဖို႔ ဆက္လက္ ႀကိဳးပမ္းေနေၾကာင္း ေသာၾကာေန႔ ဂ်နီဗာသတင္းစာရွင္းလင္းပြဲ မွာ ေျပာၾကားခဲ့ပါတယ္။

“ေနာင္မွာ ဒီလို ကပ္ေရာဂါ မျဖစ္ပြါးေအာင္ ကာကြယ္ႏိုင္ဖုိ႔ ဒီဗိုင္းရပ္ပ္ ျဖစ္ေပၚလာမႈကို သိရဖို႔ ဆက္လက္ လုပ္ေဆာင္ေနၿပီး သိႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။ ဒါ့အျပင္

ေသာၾကာေန႔မွာပဲ ဒီေရာဂါဆိုင္ရာ ကၽြမ္းက်င္သူမ်ားအဖြဲ႔ဟာ တရုတ္ ကၽြမ္းက်င္သူေတြနဲ႔ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဆိုင္ရာ အြန္လိုင္းေဆြးေႏြးပြဲေတြ က်င္းပႏုိင္ခဲ့ေၾကာင္း ေၾကညာခဲ့ပါတယ္။”

ဒါေပမယ့္ ဒီဗိုင္းရပ္စ္ေရာဂါျဖစ္ပြါးမႈရဲ့ မူလအစကို သိဖို႔ သိပၸံဆိုင္ရာ လုပ္ေဆာင္မႈေတြဟာ ခက္ခဲတဲ့ အတြက္ ႏုိင္ငံအစိုးရေတြ လက္တြဲလုပ္ေဆာင္ၿပီး ယံုၾကည္မႈ တည္ေဆာက္ၾကဖို႔ လည္း WHO က ေျပာပါတယ္။

WHO ျပဳျပင္ေျပာင္းလဲဖို႔ ဥေရာပသမဂၢတိုက္တြန္း
please wait

No media source currently available

0:00 0:01:34 0:00
တိုက္႐ိုက္ လင့္ခ္


...............

WHO ပြုပြင်ပြောင်းလဲဖို့ ဥရောပသမဂ္ဂတိုက်တွန်း

(Unicode)

WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကို အမြန်ပြုပြင်ပြောင်းလဲသင့်ကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဆိုင်ရာ ကိုင်တွယ်မှုတွေမှာ ပိုမိုပွင့်လင်းမှုရှိစေဖို့ အီးယူ ဥရောပသမဂ္ဂ အရာရှိတွေက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

WHO အဖွဲ့အစည်းရဲ့ လုပ်နိုင်စွမ်းအားနဲ့ အရင်းအမြစ်တွေတိုးတက်လာစေဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ နဲ့ပတ်သက်ပြီး ပထမဆုံး အကြိမ်ချပြတဲ့ အီးယူရဲ့စာတမ်းကို အတည်ပြုတဲ့ အီးယူအဖွဲ့ဝင် နိုင်ငံတွေက ကျန်းမာရေးဝန်ကြီးတွေ ရဲ့ အွန်လိုင်းအစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ တခြားနိုင်ငံတွေ က အချိန်နဲ့တပြေးညီ အချက်အလက်တွေ မ ျှဝေဖို့သတ်မှတ်ချက်ကို လိုက်နာမှု မရှိတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိလာတဲ့ နောက် အခုလို အီးယူက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိကြုံနေရတဲ့ ဒီကပ်ရောဂါရဲ့ စိန်ခေါ်မှုက သိပ်ကြီးမား နေပေမယ့် WHO အဖွဲ့ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အခြေအတင်ဆွေးနွေးမှုကို တချိန်ထဲမှာပဲ လုပ်ဆောင်ရေးဟာလည်း သိပ်ကို အရေးကြီးကြောင်း ဂျာမဏီ ကျန်းမာရေးဝန်ကြီး Jens Spahn က အစည်းဝေးမှာ ပြောပါတယ်။ ဒါပေမယ့် ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဘယ်အချိန်မှာ စတင်သင့်တယ် ဆိုတာကိုတော့ မပြောပါဘူး။

အခုလို အီးယူက ထုတ်ပြန်တဲ့စာတမ်းနဲ့ ပတ်သက်ပြီး WHO က အတိအကျ ပြန်လည် မဖြေကြားပေမယ့် အီးယူရဲ့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ခိုင်မာတဲ့ ဦးဆောင်မှုနဲ့ ပံ့ပိုးမှု အတွက် ကျေးဇူးတင်ကြောင်းပြောပါတယ်။

WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကတော့ ဒီရောဂါရဲ့ ဇစ်မြစ်ကို သိရဖို့ ဆက်လက် ကြိုးပမ်းနေကြောင်း သောကြာနေ့ ဂျနီဗာသတင်းစာရှင်းလင်းပွဲ မှာ ပြောကြားခဲ့ပါတယ်။

“နောင်မှာ ဒီလို ကပ်ရောဂါ မဖြစ်ပွါးအောင် ကာကွယ်နိုင်ဖို့ ဒီဗိုင်းရပ်ပ် ဖြစ်ပေါ်လာမှုကို သိရဖို့ ဆက်လက် လုပ်ဆောင်နေပြီး သိနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ဒါ့အပြင်

သောကြာနေ့မှာပဲ ဒီရောဂါဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ဟာ တရုတ် ကျွမ်းကျင်သူတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲတွေ ကျင်းပနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။”

ဒါပေမယ့် ဒီဗိုင်းရပ်စ်ရောဂါဖြစ်ပွါးမှုရဲ့ မူလအစကို သိဖို့ သိပ္ပံဆိုင်ရာ လုပ်ဆောင်မှုတွေဟာ ခက်ခဲတဲ့ အတွက် နိုင်ငံအစိုးရတွေ လက်တွဲလုပ်ဆောင်ပြီး ယုံကြည်မှု တည်ဆောက်ကြဖို့ လည်း WHO က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG