သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နျူကလီးယား အခြေအနေ အလွန်စိုးရိမ်နေရဆဲ


Seorang pengungsi dari kelompok etnis Rohingya menggendong saudaranya di kamp pengungsi darurat di Sittwe, negara bagian Rakhine di barat laut Burma (14/5). PBB mengatakan topan dapat membanjiri kamp yang menampung puluhan ribu anggota kelompok Rohingya. (AP/Gemunu Amarasinghe)
Seorang pengungsi dari kelompok etnis Rohingya menggendong saudaranya di kamp pengungsi darurat di Sittwe, negara bagian Rakhine di barat laut Burma (14/5). PBB mengatakan topan dapat membanjiri kamp yang menampung puluhan ribu anggota kelompok Rohingya. (AP/Gemunu Amarasinghe)

လူပေါင်း ခြောက်ထောင်ငါးရာကျော် သေဆုံးခဲ့ရတဲ့အထိ ဂျပန်နိုင်ငံ အရှေ့ပိုင်းဒေသမှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့ ငလျင်နဲ့ဆူနာမီ ရေလှိုင်းဒဏ်သင့်ခဲ့တာ အခုဆိုရင် သီတင်းပတ်တပတ် ပြည့်သွားခဲ့ပါပြီ။ ဖူကူရှီးမား (Fukushima)အမှတ် (၁) နျူကလီးယားစက်ရုံ ထိခိုက်ပျက်စီးခဲ့တဲ့ကိစ္စအပေါ် လူတိုင်းက အဓိက အာရုံထားနေကြချိန်မှာ ဂျပန်အစိုးရဟာလည်း နောက်ထပ် ဘာတွေဖြစ်လာနိုင်သေးသလဲ ဆိုတဲ့အပေါ် သတိထားစောင့်ကြည့်မှုတွေ စတင် လုပ်ဆောင်နေပါတယ်။ လက်ရှိအခြေအနေဟာ တကယ့်ကိုစိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် နာအိုးတိုးခန် (Naoto Kan) ကလည်း ပြောပါတယ်။ ဂျပန်နိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ တိုကျိုမြို့ကနေ Martyn Wiliams က သတင်းပေးပို့ထားပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အပြင်းအထန်လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ နျူကလီးယားစက်ရုံတွင်းမှာရှိတဲ့ ဓါတ်ပေါင်းဖိုတွေက လောင်စာချောင်းတွေ အေးအောင်လုပ်ဖို့ ဂျပန်နိုင်ငံက အကြီးအကျယ် ကြိုးပမ်းနေရပါတယ်။ ဖူကူရှီးမား အမှတ် (၁) နျူကလီးယားစက်ရုံက အခြေအနေနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်ကို သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ ဝန်ကြီးချုပ် နာအိုတိုးခန်က အခုလို ဖြေကြားသွားခဲ့ပါတယ်။

“အရမ်းကိုစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတုန်းပါ၊ ထိခိုက်ပျက်စီးခဲ့တဲ့ စက်ရုံထဲမှာ လူတွေ အသက်စွန့်ပြီး အလုပ်လုပ်နေကြရတယ်၊ ဒါပေမဲ့ မကြာခင်မှာတော့ အခြေအနေတွေ ပြန်လည်ကောင်းမွန်လာလိမ့်မယ် ဆိုတာကို သူယုံကြည်တယ်လို့” ဝန်ကြီးချုပ် နာအိုတိုးခန်က ဂျပန်ဘာသာစကားနဲ့ ပြောသွားတာပါ။

ဂျပန်နိုင်ငံကို ပျက်စီးဆုံးရှုံးမှုတွေကနေ တဖန် ပြန်လည်ထူထောင်သွားဖို့ အားလုံးအတူတကွ ဝိုင်းဝန်း လုပ်ဆောင်သွားကြရလိမ့်မယ်လို့လည်း ဝန်ကြီးချုပ်က သောကြာနေ့မှာ ပြည်သူတွေကို မိန့်ခွန်းပြောသွားခဲ့ပါတယ်။

တချိန်တည်းမှာပဲ စစ်တပ်နဲ့ အရပ်သားမီးသတ်အဖွဲ့တွေက ရေတန် ၅၀ အထိလွှတ်နိုင်တဲ့ အင်အားပြင်း မီးသတ်ပိုက်တွေနဲ့ စက်ရုံအဆောက်အဦးကို ရေဖျန်းပက်နေကြပေမဲ့ ရေဒီယိုသတ္တကြွဓါတ်တွေရဲ့ အန္တရာယ်ကြောင့် အဝေးကနေသာ ရေဖျန်းနိုင်သလို အဆောက်အဦးအနီးနေနိုင်တဲ့ သူတို့ရဲ့ အချိန်ကို ကန့်သတ်ထားရပါတယ်။

တချိန်တည်းမှာလည်း နျူကလီးယား ဓါတ်ရောင်ခြည်တွေရဲ့ဒဏ်ကို ကြိုတင်ကာကွယ်ဖို့ဆိုပြီး ဂျပန်အရှေ့မြောက်ပိုင်းမှာ ပိုတက်ဆီယံ အိုင်အိုဒိုက် (Potassium Iodide) ဆေးပြားတွေ တချို့ အသုံးပြုနေတာနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။ ကိုယ်ပိုင်နည်းနဲ့ ဆေးကုသမှုယူတာမျိုးဟာ မမှန်ကန်သလို ပိုတက်ဆီယံအိုင်အိုဒိုက် ဟာလည်း ရေဒီယိုသတ္တိကြွဓါတ်တွေကို ဖြေဖျောက်နိုင်စွမ်းမရှိဘူးလို့ WHO (World Health Organization) က သတိပေးပြောဆိုခဲ့ပါတယ်။

ငလျင်နဲ့ဆူနာမီဒဏ်သင့်ခဲ့တဲ့ ဂျပန်အရှေ့မြောက်ပိုင်းဒေသက အသက်ရှင်ကျန်ရစ်သူတွေဟာ မနေ့ သောကြာနေ့ နေ့လည် ၂ နာရီ ၄၆ မိနစ်အချိန်မှာ ကပ်ဘေးကြီးကျရောက်ခဲ့တဲ့ တပတ်ပြည့်အထိန်းအမှတ် ခေါင်းငုံ့ ငြိမ်သက်ခဲ့ကြပြီး ကယ်ဆယ်ရေးလုပ်သားတွေကလည်း သူတို့ရဲ့အလုပ်တွေကို တမိနစ်တာ ရပ်ပြီး ငြိမ်သက်ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံမှာ ငလျင်နဲ့ဆူနာမီ ကပ်ဘေးဒဏ်နှစ်ရပ် အကြီးအကျယ်ခံခဲ့ရတဲ့ တပတ်ပြည့်ချိန်မှာ သေဆုံးမှုနှုန်းဟာလည်း ၁၉၉၅ ခုနှစ်က Kobe မြို့မှာလှုတ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့်သေဆုံးခဲ့သူ အရေအတွက်ထက်တောင် ကျော်လွန်သွားခဲ့ပြီဖြစ်သလို သေဆုံးသူ ကိုးထောင်ကျော်အထိ တိုးလာနိုင်ဖွယ်ရှိနေပါတယ်။

အခုကပ်ဘေးကြီးက လူပေါင်း ၃၈၀,၀၀၀ လောက် အိုးအိမ်မဲ့ဖြစ်စေခဲ့တာပါ။ သူတို့ဟာ ယာယီ တည်းခိုနေရာပေါင်း ၂,၀၀၀ ကျော်မှာ လတ်တလော နေထိုင်နေကြရတာဖြစ်ပါတယ်။ ဒီလူတွေကို တခြားဒေသတခုကို ရွှေ့ပြောင်းကောင်းရွှေ့ပြောင်းရလိမ့်မယ်လို့ ငလျင်နဲ့ဆူနာမီဒဏ် အဆိုးရွားဆုံးသင့်ခဲ့တဲ့ မီယာကျိ ခရိုင် (Miyagi Prefecture) က အုပ်ချုပ်ရေးမှူး ယိုရှီဟီရို မုရအိ (Yoshihiro Murai) ကပြောပါတယ်။

“ကျနော့်ရဲ့ ခရိုင်ထဲမှာတင် အိုးအိမ်မဲ့နေသူ ၂ သိန်း ၂ သောင်းရှိပါတယ်။ ဒေသခံအစိုးရအနေနဲ့ သူတို့အတွက် ယာယီအမိုးအကာတွေကို နောက်ထပ်အချိန်ကြာကြာ ထောက်ပံ့ပေးနိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် သူတို့ကို နေရာကနေရွှေ့ပြောင်းဖို့ ကျနော် ပြောရပါလိမ့်မယ်၊ ဒါမှလည်း သူတို့အတွက် ပိုပြီးကောင်းမွန်တဲ့ နေထိုင်စားသောက်မှုဘဝတွေ ရကြမှာပါ။” လို့ မစ္စတာ မုရအိ က ဂျပန်ဘာသာစကားနဲ့ ပြောသွားတာပါ။

သဘာ၀ ကပ်ဘေးဆိုက်ခဲ့တဲ့ဒေသက လူတွေကို ပြောင်းရွှေ့နေရာချထားတာတွေလုပ်ဖို့ စဉ်းစားနေတဲ့ အကြောင်း ဂျပန်အစိုးရကလည်း ပြောပါတယ်။ ကပ်ဘေးသင့်ဒေသကို အကူအညီအထောက်အပံ့တွေ တိုးရောက်လာနေပေမဲ့ လမ်းပန်းဆက်သွယ်မှုတွေ အကြီးအကျယ်ပျက်စီးခဲ့တာကြောင့် အထောက်အကူပစ္စည်းတွေ ဖြန့်ဝေဖို့ ခက်ခဲနေပါတယ်။ အစားအစာ၊ ရေနဲ့ လောင်စာပျက်လပ်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ရှိနေသလို အိုးအိမ်မဲ့သူတွေအတွက် ဘဝရပ်တည်မှု ခက်ခဲနေဆဲဖြစ်ပါတယ်။ ယာယီအမိုးအကာတွေနဲ့နေရတဲ့ပြည်သူတွေ အအေးဒဏ်ခံနေရပြီး အစားအစာ အလုံအလောက်မရရှိတဲ့အပေါ်မှာ သူ နားလည်ပေမဲ့ အစိုးရဘက်ကလည်း တတ်နိုင်တာမှန်သမျှ လုပ်ပေးနေတာဖြစ်တယ်လို့ ဝန်ကြီးချုပ် နာအိုတိုးခန်ကလည်း ပြောပါတယ်။ သူတို့အားလုံးအတွက် မကြာခင်မှာ လုံခြုံတဲ့ဘဝတွေ ပြန်လည်ရရှိဖို့ မျှော်လင့်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG