သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူကိုယ္တိုင္တတ္ေရာက္မယ့္ ကုလ အစည္းအေဝးအားလံုး ရပ္နား


နယူးေယာက္ၿမိဳ႕ရွိ ကုလသမဂၢဌာနခ်ဳပ္ရဲ႕ ေျမာက္ဘက္ အဝင္ေပါက္နားက ျမင္ကြင္း (စက္တင္ဘာ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကုလသမဂၢ အဖြဲ႕ဝင္ႏိုင္ငံ တစ္ႏိုင္ငံက ကိုယ္စားလွယ္တခ်ိဳ႕ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရၿပီးတဲ့ေနာက္ လူကိုယ္တိုင္ ပါဝင္တက္ေရာက္ ေဆြးေႏြးတဲ့ အစည္းအေဝး အားလုံးကို ဖ်က္သိမ္းေၾကာင္း ကုလသမဂၢအဖြဲ႕က ေၾကညာလိုက္ပါတယ္။ ကုလသမဂၢ အေထြေထြ ညီလာခံ သဘာပတိ Volkan Bozkir က အဖြဲ႕ဝင္ ႏိုင္ငံ ၁၉၃ ႏိုင္ငံကို အဂၤါေန႔က ေပးပို႔တဲ့စာမွာ ကုလ သမဂၢ က်န္းမာေရးဌာနရဲ႕ အႀကံျပဳခ်က္အရ လူကိုယ္တိုင္တက္ေရာက္တဲ့ အစည္းအေဝးေတြကို အခုလို ဖ်က္သိမ္းရတာ ျဖစ္ေၾကာင္း ပါရွိပါတယ္။

သူ႔ရဲ႕ စာမွာ ဘယ္ အဖြဲ႕ဝင္ႏိုင္ငံလည္းလို႔ ေဖာ္ျပထားျခင္း မရွိေပမဲ့ အမည္မေဖာ္လိုတဲ့ သံတမန္ တခ်ိဳ႕က အာဖရိကတိုက္က Niger ႏိုင္ငံကလို႔ ေျပာပါတယ္။ ကုလသမဂၢရဲ႕ လမ္းၫႊန္မွတ္တမ္းစာအုပ္အရ ကုလသမဂၢဆိုင္ရာ Niger အၿမဲတမ္း ကိုယ္စားလွယ္ ႐ုံးမွာသံအမတ္ႀကီး Abdou Abarry နဲ႔အတူ ဝန္ထမ္း ၁၇ ေယာက္ ရွိပါတယ္။

ေရာဂါ ေျခရာခံလိုက္တာကို ခပ္ျမန္ျမန္နဲ႔ ထိထိေရာက္ေရာက္ လုပ္ႏိုင္မယ္လို႔ ခန္႔မွန္းထားတယ္လို႔ အေထြေထြ ညီလာခံ ေျပာခြင့္ရ Brenden Varma က ေျပာပါတယ္။

မၾကာေသးခင္ သီတင္းပတ္ေတြထဲ လူ ၁,၃၀၀ ကေန ၁,၄၀၀ အၾကား ဝင္ခြင့္ကဒ္ျပားေတြအသုံးျပဳၿပီး ကုလသမဂၢ အေဆာက္အဦးထဲ ေန႔စဥ္ ဝင္ေရာက္ေလ့ရွိတယ္လို႔လည္း ကုလ ေျပာခြင့္ရ Stephane Dujarric က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူကိုယ်တိုင်တတ်ရောက်မယ့် ကုလ အစည်းအဝေးအားလုံး ရပ်နား

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံက ကိုယ်စားလှယ်တချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးတဲ့နောက် လူကိုယ်တိုင် ပါဝင်တက်ရောက် ဆွေးနွေးတဲ့ အစည်းအဝေး အားလုံးကို ဖျက်သိမ်းကြောင်း ကုလသမဂ္ဂအဖွဲ့က ကြေညာလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘာပတိ Volkan Bozkir က အဖွဲ့ဝင် နိုင်ငံ ၁၉၃ နိုင်ငံကို အင်္ဂါနေ့က ပေးပို့တဲ့စာမှာ ကုလ သမဂ္ဂ ကျန်းမာရေးဌာနရဲ့ အကြံပြုချက်အရ လူကိုယ်တိုင်တက်ရောက်တဲ့ အစည်းအဝေးတွေကို အခုလို ဖျက်သိမ်းရတာ ဖြစ်ကြောင်း ပါရှိပါတယ်။

သူ့ရဲ့ စာမှာ ဘယ် အဖွဲ့ဝင်နိုင်ငံလည်းလို့ ဖော်ပြထားခြင်း မရှိပေမဲ့ အမည်မဖော်လိုတဲ့ သံတမန် တချို့က အာဖရိကတိုက်က Niger နိုင်ငံကလို့ ပြောပါတယ်။ ကုလသမဂ္ဂရဲ့ လမ်းညွှန်မှတ်တမ်းစာအုပ်အရ ကုလသမဂ္ဂဆိုင်ရာ Niger အမြဲတမ်း ကိုယ်စားလှယ် ရုံးမှာသံအမတ်ကြီး Abdou Abarry နဲ့အတူ ဝန်ထမ်း ၁၇ ယောက် ရှိပါတယ်။

ရောဂါ ခြေရာခံလိုက်တာကို ခပ်မြန်မြန်နဲ့ ထိထိရောက်ရောက် လုပ်နိုင်မယ်လို့ ခန့်မှန်းထားတယ်လို့ အထွေထွေ ညီလာခံ ပြောခွင့်ရ Brenden Varma က ပြောပါတယ်။

မကြာသေးခင် သီတင်းပတ်တွေထဲ လူ ၁,၃၀၀ ကနေ ၁,၄၀၀ အကြား ဝင်ခွင့်ကဒ်ပြားတွေအသုံးပြုပြီး ကုလသမဂ္ဂ အဆောက်အဦးထဲ နေ့စဉ် ဝင်ရောက်လေ့ရှိတယ်လို့လည်း ကုလ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG