သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ကာလ ကန္႔သတ္မႈေၾကာင္႔ ပိုလီယို နဲ႔ ၀က္သက္ အႏၱရာယ္ႀကီးထြားႏိုင္ 


အင္ဒိုနီးရွားႏိုင္ငံမွာ ပိုလီယိုေဆး တိုက္ေကၽြးေန

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါအတြက္ တားျမစ္ကန္႔သတ္မႈေတြခ်တာနဲ႔ ေငြေၾကးဥစၥာ အရင္းအျမစ္ရဖို႔ ခက္ခဲလာေနတာေၾကာင့္ ကာကြယ္ေဆးထုိးေပးတဲ့ လုပ္ငန္းေတြမလုပ္ႏုိင္ပဲ ျဖစ္ေနတာဟာ ဆင္းရဲတဲ့ ေဒသေတြက ကေလးငယ္ေတြကို ပိုလီယိုနဲ႔ ဝက္သက္ေရာဂါေတြ ျဖစ္ပြါးလာ မယ့္ အႏၱရာယ္ ရွိေနတယ္လို႔ WHO ကမာၻ႔က်န္းမာေရအဖြဲ႔အႀကီးအကဲ Dr. Tedros Adhanom Ghebreyesus ေသာၾကာေန႔မွာ ဂ်နီဗာ အစည္းေဝးမွာ သတိေပးလိုက္ပါတယ္။

“COVID-19 ကပ္ေရာဂါေၾကာင့္ ကာကြယ္ေဆးထိုးတဲ့ လုပ္ငန္းေတြကို ရပ္ဆုိင္းထားရတဲ့အတြက္ လုပ္ငန္းစဥ္ေတြကို ထိခိုက္ေစပါတယ္။ ဒါဟာ အထူးသျဖင့္ကာကြယ္ေဆးထိုးဖို႔ လုိေနတဲ့ ေဒသေတြက ကေလးငယ္ေတြ အတြက္ ပိုလီယို အေၾကေသေရာဂါ၊ ဝက္သက္နဲ႔ အဆုတ္ေရာင္ ေရာဂါ ေတြျဖစ္ပြါးမယ့္ အႏၱရာယ္ႀကီးေနပါတယ္ " လို႔ ေျပာသြားတာပါ။

အခုအခ်ိန္မွာ ဒီေရာဂါေတြ ျပန္ျဖစ္ပြညးေနတာကို ေတြ႔လာရတဲ့ အတြက္ ပိုဆိုးမလာခင္ တားဆီးဖို႔ လိုအပ္သလို ကေလးအားလံုး တေယာက္မက်န္ ကာကြယ္ေဆးထိုးႏုိင္ဖုိ႔ လုပ္ရမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ေဒသတြင္း အစိုးရေတြနဲ႔ က်န္းမာေရးလုပ္သားေတြ အျပင္ အဖြဲ႔စည္းေပါင္းစံုရဲ့ ေဆာင္ရြက္ခ်က္ေၾကာင့္ ပိုလီယို ကင္းစင္တဲ့ ေဒသအျဖစ္ ဒီႏွစ္ဆန္းမွာ ေၾကညာႏုိင္ခဲ့တဲ့ အာဖရိက ေဒသမွာလည္း ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါ ျဖစ္ပြါးလာခ်ိန္မွာ ပံုမွန္ထုိးေပးေနၾက ကာကြယ္ေဆးထိုးတဲ့ အစီစဥ္ေတြ ရပ္ဆိုင္းသြားခဲ့တာပါ။ အခုလို ကာကြယ္ေဆးထိုးေပးတဲ့ အစီစဥ္ေတြရပ္ဆိုင္းခဲ့ရတဲ ့ အတြက္ အာဖရိကနဲ႔ တျခား ထိခိုက္လြယ္တဲ့ ေဒသေတြ မွာ အခုဆို ပိုလီယို၊ ဝက္သက္နဲ႔ အဆုတ္ေရာင္ေရာဂါေတြ ျပန္ျဖစ္လာေနတာ ေတြ႔ရတယ္လို႔လည္း ေျပာပါတယ္။

ဒါေၾကာင့္ ပိုလီယိုေရာဂါ အတြက္ ေဒၚလာ သန္း ၄၀၀ နဲ႔ ဝက္သက္ေရာဂါအတြက္ ေဒၚလာ ၂၅၅ သန္း လ်ာထားၿပီး စုစုေပါင္း ရန္ပံုေငြ ေဒၚလာ ၆၅၅ သန္း လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးဖို႔ WHO နဲ႔ UNICEF တို႔ ပူးတြဲၿပီး ကမာၻတလႊားက အလွဴရွင္ ႏိုင္ငံေတြကို အေရးေပၚ ပန္ၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

COVID ကာလ ကန့်သတ်မှုကြောင့် ပိုလီယို နဲ့ ဝက်သက် အန္တရာယ်ကြီးထွားနိုင်

(Unicode)

COVID-19 ကပ်ရောဂါအတွက် တားမြစ်ကန့်သတ်မှုတွေချတာနဲ့ ငွေကြေးဥစ္စာ အရင်းအမြစ်ရဖို့ ခက်ခဲလာနေတာကြောင့် ကာကွယ်ဆေးထိုးပေးတဲ့ လုပ်ငန်းတွေမလုပ်နိုင်ပဲ ဖြစ်နေတာဟာ ဆင်းရဲတဲ့ ဒေသတွေက ကလေးငယ်တွေကို ပိုလီယိုနဲ့ ဝက်သက်ရောဂါတွေ ဖြစ်ပွါးလာ မယ့် အန္တရာယ် ရှိနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေအဖွဲ့အကြီးအကဲ Dr. Tedros Adhanom Ghebreyesus သောကြာနေ့မှာ ဂျနီဗာ အစည်းဝေးမှာ သတိပေးလိုက်ပါတယ်။

“COVID-19 ကပ်ရောဂါကြောင့် ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားရတဲ့အတွက် လုပ်ငန်းစဉ်တွေကို ထိခိုက်စေပါတယ်။ ဒါဟာ အထူးသဖြင့်ကာကွယ်ဆေးထိုးဖို့ လိုနေတဲ့ ဒေသတွေက ကလေးငယ်တွေ အတွက် ပိုလီယို အကြေသေရောဂါ၊ ဝက်သက်နဲ့ အဆုတ်ရောင် ရောဂါ တွေဖြစ်ပွါးမယ့် အန္တရာယ်ကြီးနေပါတယ် လို့ ပြောသွားတာပါ။”

အခုအချိန်မှာ ဒီရောဂါတွေ ပြန်ဖြစ်ပွညးနေတာကို တွေ့လာရတဲ့ အတွက် ပိုဆိုးမလာခင် တားဆီးဖို့ လိုအပ်သလို ကလေးအားလုံး တယောက်မကျန် ကာကွယ်ဆေးထိုးနိုင်ဖို့ လုပ်ရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒေသတွင်း အစိုးရတွေနဲ့ ကျန်းမာရေးလုပ်သားတွေ အပြင် အဖွဲ့စည်းပေါင်းစုံရဲ့ ဆောင်ရွက်ချက်ကြောင့် ပိုလီယို ကင်းစင်တဲ့ ဒေသအဖြစ် ဒီနှစ်ဆန်းမှာ ကြေညာနိုင်ခဲ့တဲ့ အာဖရိက ဒေသမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွါးလာချိန်မှာ ပုံမှန်ထိုးပေးနေကြ ကာကွယ်ဆေးထိုးတဲ့ အစီစဉ်တွေ ရပ်ဆိုင်းသွားခဲ့တာပါ။ အခုလို ကာကွယ်ဆေးထိုးပေးတဲ့ အစီစဉ်တွေရပ်ဆိုင်းခဲ့ရတဲ့ အတွက် အာဖရိကနဲ့ တခြား ထိခိုက်လွယ်တဲ့ ဒေသတွေ မှာ အခုဆို ပိုလီယို၊ ဝက်သက်နဲ့ အဆုတ်ရောင်ရောဂါတွေ ပြန်ဖြစ်လာနေတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် ပိုလီယိုရောဂါ အတွက် ဒေါ်လာ သန်း ၄၀၀ နဲ့ ဝက်သက်ရောဂါအတွက် ဒေါ်လာ ၂၅၅ သန်း လျာထားပြီး စုစုပေါင်း ရန်ပုံငွေ ဒေါ်လာ ၆၅၅ သန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ WHO နဲ့ UNICEF တို့ ပူးတွဲပြီး ကမ္ဘာတလွှားက အလှူရှင် နိုင်ငံတွေကို အရေးပေါ် ပန်ကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG