သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုလီယိုရောဂါ ပိုဆိုးလာနိုင်


ပိုလီယိုရောဂါ ပျံ့နှံ့ဖြစ်ပွားမှုဟာ နိုင်ငံတကာလူထု ကျန်းမာရေးဆိုင်ရာ စိုးရိမ်ဖွယ်တရပ် ဖြစ်လာပြီး လာမယ့်လတွေမှာ ပိုဆိုးလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်ပါတယ်။

ဒီပိုလီယိုရောဂါဟာ အခုလက်ရှိမှာ အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းတို့မှာ ဖြစ်ပွားလျက်ရှိတယ်လို့ ဆိုပါတယ်။ ဒီနှစ်အတွင်း အခုအချိန်အထိ သိထားရတဲ့ ရောဂါဖြစ်ပွားမှု ၇၄ မှုမှာ ၅၉ မှုဟာ ပါကစ္စတန်နိုင်ငံမှာ ဖြစ်တယ်လို့လည်း WHO က ဆိုပါတယ်။

ပိုလီယိုရောဂါဟာ အထူးသဖြင့် ၅ နှစ်အောက် ကလေးတွေမှာ ဖြစ်ပွားလေ့ရှိပြီး မသန့်ရှင်းတဲ့ ရေကတဆင့် ကူးစက်တတ်ပါတယ်။ ကုသနိုင်တဲ့ဆေး အတိအကျ မရှိပေမဲ့ ကြိုတင်ကာကွယ်နိုင်တဲ့ ဆေးတွေ အများအပြား ရှိနေပါတယ်။

၁၉၈၈ မှာ WHO က ကမ္ဘာတလွှား ပိုလီယို တိုက်ဖျက်ရေး စတင်ခဲ့စဉ်က ရောဂါဖြစ်ပွားမှု ၃ သိန်း ၅ သောင်းရှိခဲ့ပြီး မနှစ်တုန်းကတော့ ၄၂၇ မှု ရှိခဲ့ပါတယ်။
XS
SM
MD
LG