သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုလီယို ကာကွယ်ဆေး


မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ပိုလီယို (Polio) ကင်းစင်လာပေမယ့် အခြားနိုင်ငံအနည်းငယ်မှာ ဆက်ဖြစ်နေတာကနေ တဆင့်မကူးစက်ရအောင် ကာကွယ်ဆေး ဆက်တိုက်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် ကာကွယ်ဆေး သောက်ဆေးကြောင့် ဖြစ်နိုင်တဲ့ ပိုလီယိုအမျိုးအစား ရှိနေတာကြောင့် ကာကွယ်ဆေး ထိုးဆေးကိုပါ လာမယ့် ဒီဇင်ဘာလမှာ တွဲပြီးထိုးပေးဖို့ ရှိနေပါတယ်။ အခုလို ဖိဖိစီစီး ကာကွယ်ဆေး ဆက်ပေးခြင်းဖြင့် မကြာခင် ကမ္ဘာတဝှမ်းမှာ ပိုလီယိုရောဂါ ကင်းစင်သွားနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး နဲ့ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG