သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖရိကမွာ ပုိလီယုိကင္းစင္ေၾကာင္း WHO ေၾကညာ


(Zawgyi/Unicode)

အာဖရိကေဒသတလႊား ပိုလီယို အေၾကာေသေရာဂါ ကင္းစင္သြားၿပီးျဖစ္ေၾကာင္း WHO ကမာၻ႕က်န္းမာေရးအဖြဲ႔ႀကီးက ေၾကညာလိုက္ပါတယ္။ အာဖရိကေဒသမွာ ၄ ႏွစ္တာ ကာလအတြင္း ပိုလီယိုေရာဂါ ျဖစ္ပြားသူ တေယာက္မွ မရွိတဲ့ေနာက္ ခုလို ေၾကညာလိုက္တာ ျဖစ္ပါတယ္။

အခုလို အာဖရိကေဒသမွာ ပိုလီယိုေရာဂါ ကင္းစင္သြားတာေၾကာင့္ WHO ရဲ့ ေဒသ ၆ ခုထဲက ၅ ခုမွာ ဒီေရာဂါဒဏ္ခံရမႈ ကင္းသြားတဲ့ သမိုင္းဝင္ ေအာင္ျမင္မႈ ျဖစ္ပါတယ္။ ဒါ့အျပင္ ေက်ာက္ေရာဂါ ၿပီးရင္ ကမာၻမွာ ကူးစက္မႈ ဒုတိယအမ်ားဆံုး ျဖစ္တဲ့ ပိုလီိယိုေရာဂါ ကမာၻမွာကင္းစင္ေအာင္ လုပ္ႏိုင္ဖို႔ ပိုၿပီး နီးစပ္လာေနတာလည္း ျဖစ္ပါတယ္။

အခုလို ေအာင္ျမင္မႈ ရေအာင္ ဆယ္စုႏွစ္နဲ႔ခ်ီၿပီး သန္းနဲ႔ခ်ီတဲ့ က်န္းမာေရးဝန္ထမ္းေတြဟာ ေျခလ ွ်င္ျဖစ္ေစ၊ သေဘၤာတို႔ ဘတ္စကားတို႔ စက္ဘီးတို႔နဲ႔ျဖစ္ေစ ေဝးလံေခါင္ဖ်ား ေဒသေတြက ကေလးငယ္ေတြ ဆီေရာက္ေအာင္ ႀကိဳးစားခဲ့ၾကတာ ျဖစ္ပါတယ္။ သူတို႔ဟာ ကေလးငယ္ေတြ ပိုလီယိုအကူးစက္ခံရၿပီး တသက္တာ မသန္စြမ္းျဖစ္မယ့္ အေရးကာကြယ္ႏိုင္ေအာင္ အခက္အခဲ မ်ိဳးမ်ိဳးၾကားက လႈပ္ရွားခဲ့ၾကရတာပါ။

အာဖရိကေဒသမွာ ပိုလီယိုကင္းစင္ေရးအတြက္ ၁၉၉၆ ခုႏွစ္မွာ ေတာင္အာဖရိက သမၼတ Nelson Mandela က ဦးေဆာင္ၿပီး ကေလးငယ္တုိင္း ပိုလီယို ကာကြယ္ေဆးထိုးႏိုင္ေအာင္ ႀကိဳးစားၾကဖုိ႔ အာဖရိကတိုက္တြင္း ႏိုင္ငံေတြက ေခါင္းေဆာင္ေတြကို ေဆာ္ၾသ ခဲ့တာပါ။ အဲဒီအခ်ိန္က အာဖရိကတိုက္မွာ ႏွစ္စဥ္ ကေလးငယ္ေပါင္း ၇ ေသာင္းခြဲေလာက္ ပိုလီယို အေၾကာေသေရာဂါ ခံစားေနရတာ ျဖစ္ပါတယ္။

ပုိလီယုိကင္းစင္ေၾကာင္း WHO ေၾကညာ
please wait

No media source currently available

0:00 0:01:10 0:00
တိုက္႐ိုက္ လင့္ခ္


.............

ပိုလီယိုကင်းစင်ကြောင်း WHO ကြေညာ
(Unicode)

အာဖရိကဒေသတလွှား ပိုလီယို အကြောသေရောဂါ ကင်းစင်သွားပြီးဖြစ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာလိုက်ပါတယ်။ အာဖရိကဒေသမှာ ၄ နှစ်တာ ကာလအတွင်း ပိုလီယိုရောဂါ ဖြစ်ပွားသူ တယောက်မှ မရှိတဲ့နောက် ခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

အခုလို အာဖရိကဒေသမှာ ပိုလီယိုရောဂါ ကင်းစင်သွားတာကြောင့် WHO ရဲ့ ဒေသ ၆ ခုထဲက ၅ ခုမှာ ဒီရောဂါဒဏ်ခံရမှု ကင်းသွားတဲ့ သမိုင်းဝင် အောင်မြင်မှု ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ရောဂါ ပြီးရင် ကမ္ဘာမှာ ကူးစက်မှု ဒုတိယအများဆုံး ဖြစ်တဲ့ ပိုလီယိုရောဂါ ကမ္ဘာမှာကင်းစင်အောင် လုပ်နိုင်ဖို့ ပိုပြီး နီးစပ်လာနေတာလည်း ဖြစ်ပါတယ်။

အခုလို အောင်မြင်မှု ရအောင် ဆယ်စုနှစ်နဲ့ချီပြီး သန်းနဲ့ချီတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ခြေလ ျှင်ဖြစ်စေ၊ သင်္ဘောတို့ ဘတ်စကားတို့ စက်ဘီးတို့နဲ့ဖြစ်စေ ဝေးလံခေါင်ဖျား ဒေသတွေက ကလေးငယ်တွေ ဆီရောက်အောင် ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ ကလေးငယ်တွေ ပိုလီယိုအကူးစက်ခံရပြီး တသက်တာ မသန်စွမ်းဖြစ်မယ့် အရေးကာကွယ်နိုင်အောင် အခက်အခဲ မျိုးမျိုးကြားက လှုပ်ရှားခဲ့ကြရတာပါ။

အာဖရိကဒေသမှာ ပိုလီယိုကင်းစင်ရေးအတွက် ၁၉၉၆ ခုနှစ်မှာ တောင်အာဖရိက သမ္မတ Nelson Mandela က ဦးဆောင်ပြီး ကလေးငယ်တိုင်း ပိုလီယို ကာကွယ်ဆေးထိုးနိုင်အောင် ကြိုးစားကြဖို့ အာဖရိကတိုက်တွင်း နိုင်ငံတွေက ခေါင်းဆောင်တွေကို ဆော်သြ ခဲ့တာပါ။ အဲဒီအချိန်က အာဖရိကတိုက်မှာ နှစ်စဉ် ကလေးငယ်ပေါင်း ၇ သောင်းခွဲလောက် ပိုလီယို အကြောသေရောဂါ ခံစားနေရတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG