သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် တောင်နဲ့ အရှေ့တောင်အာရှ ပိုလီယိုကင်းစင်ဒေသ ဖြစ်လာဖွယ်ရှိ


မြန်မာအပါအဝင် တောင်နဲ့ အရှေ့တောင်အာရှ ပိုလီယိုကင်းစင်ဒေသ ဖြစ်လာဖွယ်ရှိ
မြန်မာအပါအဝင် တောင်နဲ့ အရှေ့တောင်အာရှ ပိုလီယိုကင်းစင်ဒေသ ဖြစ်လာဖွယ်ရှိ

အိန္ဒိယနိုင်ငံမှာ ပိုလီယိုအကြောသေရောဂါ နောက်ဆုံးဖြစ်ခဲ့တာကနေ စပြီး နောက်ထပ် ရောဂါဖြစ်ပွားတာ မရှိခဲ့တာဟာဖြင့် သောကြာနေ့က တစ်နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ ဒါဟာဖြင့် ပိုလီယိုရောဂါကို တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုမှာ အဓိက အောင်မြင်မှုကြီးတစ်ခု ဖြစ်ပါတယ်။

လာမယ့်သီတင်းပတ်တွေအတွင်း အရင်တုန်းက သိမထားသေးတဲ့ ရောဂါဖြစ်ပွားနေတာမျိုး ပေါ်မလာဘူးဆိုရင်တော့ ပိုလီယို ကပ်ရောဂါ ဖြစ်ပွားတဲ့ နိုင်ငံတွေ စာရင်းထဲကနေ အိန္ဒိယနိုင်ငံကို ဖယ်ရှားပစ်တော့မှာ ဖြစ်ပါတယ်။ ပိုလီယိုရောဂါဟာ အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယားနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ အဓိကအန္တရာယ် တစ်ခုအဖြစ် ရှိနေတုန်းပါပဲ။

အိန္ဒိယနိုင်ငံမှာ ပိုလီယိုရောဂါဖြစ်ပွားတဲ့အရေအတွက်ဟာ ၂၀၀၉ ခုနှစ်က ၇၄၁ ခု၊ ၂၀၁၀ ပြည့်နှစ်မှာ ၄၂ ခုနဲ့ ၂၀၁၁ ခုနှစ် အစောပိုင်းမှာ တစ်ခုပဲရှိခဲ့ပါတယ်။

နောက်လာမယ့် သုံးနှစ်အတွင်း အိန္ဒိယမှာ ပိုလီယိုရောဂါရှိနေတဲ့ ဖြစ်ရပ်အသစ်တစ်ခုခု မတွေ့ခဲ့ဘူးဆိုရင်တော့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အရှေ့တောင်အာရှဒေသ တစ်ခုလုံးကို ပိုလီယိုရောဂါ ကင်းရှင်းတဲ့ဒေသအဖြစ် ကြေညာမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ပိုလီယိုရောဂါ တိုက်ဖျက်ရေးကို အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ယူနီဆက်ဖ် (UNICEF)၊ Rotary International နဲ့ အမေရိကန် ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန (CDC) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။

XS
SM
MD
LG