သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပိုလီယို အျမစ္ျပတ္တိုက္ဖ်က္ေရး ရန္ပံုေငြ ေဒၚလာ ၂.၆ ဘီလီယံ လွဴဒါန္းဖို႔ ကတိျပဳထား


(Zawgyi/Unicode)

ကမာၻတဝန္းမွာ ပိုလီယို အေက်ာေသေရာဂါ အျမစ္ျပတ္ တိုက္ဖ်က္ေရးအတြက္ ရန္ပံုေငြ ေဒၚလာ ၂.၆ ဘီလီယံ ကူညီမယ္လုိ႔ အလွဴရွင္ေတြ အဂၤါေန႔မွာ ကတိျပဳလိုက္ၾကပါတယ္။

ကမာၻတဝန္းက ကေလးငယ္ သန္းေပါင္း ၄၅၀ ကို ႏွစ္စဥ္ ကာကြယ္ေဆးတိုက္ဖို႔ ဒီရန္ပံုုေငြကို အသံုးျပဳမယ္လို႔ ကမာၻ႔က်န္းမာေရး အဖြဲ႔ (WHO) ကေျပာပါတယ္။ ကမာၻလံုးဆိုင္ရာ ပိုလီယိုေရာဂါ အျမစ္ျပတ္တိုက္ဖ်က္ေရးအစီအစဥ္ (GPEI) အရ အခုလို အေကာင္အထည္ေဖာ္မွာျဖစ္တာေၾကာင့္ ပိုလီယိုကင္းရွင္းတဲ့ကမာၻ ျဖစ္လာေရး ရည္မွန္းခ်က္ ေအာင္ျမင္ဖို႔ နီးလာပါၿပီ။

ပိုလီယိုေရာဂါအမ်ဳိးအစားသံုးခုထဲက ဒုတိယအမ်ဳိးအစားတခု လံုးဝအျမစ္ျပတ္ ကင္းရွင္းသြားၿပီလို႔ WHO က ၿပီးခဲ့တဲ့လမွာ ေၾကညာထားပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ ၃၀ အတြင္း ပိုလီယိုေရာဂါျဖစ္ပြားမႈ ၉၉% ထိ ေလွ်ာ့ခ်ထားႏိုင္ၿပီျဖစ္ေပမယ့္ ပိုလီယိုဗိုင္းရပ္စ္ အမ်ဳိးအစား ၁ ဟာ အာဖဂန္နစၥတန္နဲ႔ ပါကစၥတန္မွာ ျပန္႔ႏွံ႔ျဖစ္ပြားေနဆဲရွိပါတယ။္

ပိုလီယိုဗုိင္းရပ္စ္ပိုးဟာ ခႏၶာကိုယ္ရဲ႕ အာ႐ံုေက်ာစနစ္ကို ပ်က္စီးေစပီး နာရီပိုင္းေတြအတြင္းမွာကိုပဲ ျပန္ကုလုိ႔မရေတာ့တဲ့ထိ အေက်ာေသသြားႏုိင္ပါတယ္။

ပိုလီယိုေရာဂါျဖစ္ၿပီဆုိရင္ ကုသလို႔မရေတာ့ေပမယ့္ ကာကြယ္ေဆးတိုက္ၿပီး ႀကိဳတင္ကာကြယ္ႏုိင္ပါတယ္။

အခုရန္ပံုေငြ ထက္ဝက္နီးပါးကို Bill & Melinda Gates ေဖာင္ေဒးရွင္းက လွဴဒါန္းဖို႔ ကတိျပဳတာပါ။ တျခားကတိျပဳၾကတာကေတာ့ ၿဗိတိန္၊ အေမရိကန္၊ ပါကစၥတန္ အစိုးရေတြနဲ႔ Rotary International ပရဟိတအဖြဲ႔တို႔ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ပိုလီယို အမြစ်ပြတ်တိုက်ဖျက်ရေး ရန်ပုံငွေ ဒေါ်လာ ၂.၆ ဘီလီယံ လှူဒါန်းဖို့ ကတိပြုထား

(Unicode)

ကမ္ဘာတဝန်းမှာ ပိုလီယို အကျောသေရောဂါ အမြစ်ပြတ် တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၂.၆ ဘီလီယံ ကူညီမယ်လို့ အလှူရှင်တွေ အင်္ဂါနေ့မှာ ကတိပြုလိုက်ကြပါတယ်။

ကမ္ဘာတဝန်းက ကလေးငယ် သန်းပေါင်း ၄၅၀ ကို နှစ်စဉ် ကာကွယ်ဆေးတိုက်ဖို့ ဒီရန်ပုံငွေကို အသုံးပြုမယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကပြောပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပိုလီယိုရောဂါ အမြစ်ပြတ်တိုက်ဖျက်ရေးအစီအစဉ် (GPEI) အရ အခုလို အကောင်အထည်ဖော်မှာဖြစ်တာကြောင့် ပိုလီယိုကင်းရှင်းတဲ့ကမ္ဘာ ဖြစ်လာရေး ရည်မှန်းချက် အောင်မြင်ဖို့ နီးလာပါပြီ။

ပိုလီယိုရောဂါအမျိုးအစားသုံးခုထဲက ဒုတိယအမျိုးအစားတခု လုံးဝအမြစ်ပြတ် ကင်းရှင်းသွားပြီလို့ WHO က ပြီးခဲ့တဲ့လမှာ ကြေညာထားပါတယ်။

လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း ပိုလီယိုရောဂါဖြစ်ပွားမှု ၉၉% ထိ လျှော့ချထားနိုင်ပြီဖြစ်ပေမယ့် ပိုလီယိုဗိုင်းရပ်စ် အမျိုးအစား ၁ ဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်မှာ ပြန့်နှံ့ဖြစ်ပွားနေဆဲရှိပါတယ။်

ပိုလီယိုဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်ရဲ့ အာရုံကျောစနစ်ကို ပျက်စီးစေပီး နာရီပိုင်းတွေအတွင်းမှာကိုပဲ ပြန်ကုလို့မရတော့တဲ့ထိ အကျောသေသွားနိုင်ပါတယ်။

ပိုလီယိုရောဂါဖြစ်ပြီဆိုရင် ကုသလို့မရတော့ပေမယ့် ကာကွယ်ဆေးတိုက်ပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။

အခုရန်ပုံငွေ ထက်ဝက်နီးပါးကို Bill & Melinda Gates ဖောင်ဒေးရှင်းက လှူဒါန်းဖို့ ကတိပြုတာပါ။ တခြားကတိပြုကြတာကတော့ ဗြိတိန်၊ အမေရိကန်၊ ပါကစ္စတန် အစိုးရတွေနဲ့ Rotary International ပရဟိတအဖွဲ့တို့ဖြစ်ပါတယ်။

XS
SM
MD
LG