သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုလီယိုကာကွယ်ဆေးထိုး လုပ်သားများ ပါကစ္စတန် ဖမ်းဆီး


ပါကစ္စတန်မှာ တအိမ်တက်ဆင်းပိုလီယိုကာကွယ်ဆေးထိုးပေးနေတဲ့အဖွဲ့။
ပါကစ္စတန်မှာ တအိမ်တက်ဆင်းပိုလီယိုကာကွယ်ဆေးထိုးပေးနေတဲ့အဖွဲ့။
ပါကစ္စတန်နိုင်ငံမှာ ကလေးငယ်တွေအတွက် ပိုလီယိုကာကွယ်ဆေးထိုးပေးနေတဲ့ ကျောင်းဆရာ (၁၁) ဦး စစ်သွေးကြွတွေ ပြန်ပေးဆွဲသွားတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

အာဖဂန်နစ္စတန်နယ်စပ်တလျှောက် ခိုင်ဘာ လူမျိုးစုဒေသ၊ ဘာဒါခရိုင်မှာ စနေနေ့တုန်းက ဒီပုဂ္ဂိုလ်တွေပြန်ပေးဆွဲခံထားရတာဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ပိုလီယိုကာကွယ်ဆေးထိုး ဝန်ထမ်းတွေကို အနောက်တိုင်းရဲ့ သူလျှိုတွေဖြစ်တယ်၊ မွတ်ဆလင်တွေ အမျိုးတုန်းအောင် ဆေးထိုးပေးနေသူတွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်သွေးကြွတွေက မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။

ပိုလီယိုရောဂါဟာ မြန်မြန်ကူးစက်ပြီး ကုသလို့မရနိုင်တော့အောင် အကြောသေ သွားနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန် သုံးနိုင်ငံဟာ ပိုလီယိုအဖြစ်များတဲ့နိုင်ငံတွေ ဖြစ်ပြီး ကျန်နိုင်ငံတွေကိုပါ ကူးစက်ပျံ့နှံ့စေနိုင်တဲ့ နိုင်ငံတွေဖြစ်တယ်လို့လည်း ကမ္ဘာတဝှမ်း ပိုလီယို တိုက်ဖျက်ရေး အဖွဲ့ကြီးက ဆိုပါတယ်။
XS
SM
MD
LG