သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ကာကြယ္ေဆး တကမၻာလံုးရရွိေစဖို႔ WHO အႀကီးအကဲ ေတာင္းဆို


(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါအတြက္ ကာကြယ္ေဆး ထုတ္ဖို႔ႀကိဳးစားမႈေတြ အလ ွ်င္အျမန္ တိုးတက္မႈရွိလာတာ အတြက္ ဂုဏ္ျပဳခ်ီးၾကဴးေၾကာင္းနဲ႔ ဒီကာကြယ္ေဆးကို ကမာၻ႔ႏိုင္ငံအားလံုးက သံုးစြဲႏိုင္ေအာင္ လုပ္ရမွာ ျဖစ္ေၾကာင္း WHO ႏွစ္ပတ္လည္ ညီလာခံ ေနာက္ဆံုးေန႔ ့ျဖစ္တဲ ေသာၾကာေန႔မွာ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ေျပာၾကားလိုက္ပါတယ္။

"ဒီသီတင္းပတ္ထဲမွာ COVID- 19 ကာကြယ္ေဆးအတြက္ လူေတြမွာ စမ္းသပ္မႈ ကနဦးရလဒ္ေတြ ထြက္လာတာကို အားေပး ႀကိဳဆိုေၾကာင္း နဲ႔ ဒီကာကြယ္ေဆးဟာ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ အထူးအေရးပါတဲ့ လက္နက္ တခုဆိုတာ သံသယျဖစ္စရာ မလုိဘူးလို႔ ေျပာသြားတာပါ။

နယူးေရာက္ အေျခစိုက္ အေမရိကန္ေဆးကုမၸဏီ Pfizer နဲ႔ ဂ်ာမဏီက BioNTech တို႔ ပူးတြဲ စမ္းသပ္ေနတဲ့ Covid-19 ကာကြယ္ေဆးဟာ စမ္းသပ္မႈ ေနာက္ဆံုး အဆင့္ ျဖစ္တဲ့ Stage 3 မွာ လူေပါင္း ၄၀ ၀၀၀. ေက်ာ္နဲ႔စမ္းသပ္ရာမွာ ရာခိုင္ႏႈန္း ၉ ၀ ထိေရာက္မႈ ရွိတာေတြ႔ရတယ္လို႔ တနလၤာေန႔က ေၾကညာခဲ့တာ ျဖစ္ပါတယ္။

ဒီေရာဂါ တရုတ္ႏိုင္ငံမွာ စတင္ခဲ့ခ်ိန္ကစၿပီး တႏွစ္ေတာင္ မျပည့္ေသးခင္မွာ
အခုလို ကာကြယ္ေဆးထုတ္ ႏိုင္မယ့္ အေနထားလည္း ျဖစ္ပါတယ္။

ေဆးေလာကမွာ အခုလို ကာကြယ္ေဆးတမ်ိဳးကို အျမန္ထုတ္ဖို႔လုပ္ႏိုင္တာ တခါမွ မရွိေသးဘူး လို႔လည္း ေျပာပါတယ္။ အခုလို သိပၸံဆိုင္ရာ ေအာင္ျမင္မႈ အတြက္ ကမာၻ႔ႏိုင္ငံအားလံုး အက်ိဳးခံစားရေအာင္ ေသေသခ်ာခ်ာ လုပ္ရမွာ ျဖစ္ေၾကာင္းလည္း WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ အႀကီးအကဲက ေျပာပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဟာ အခုအခါ ကမာၻတလႊား လူေပါင္း ၁.၃ သန္းနီးပါးကိုေသဆံုး ေစခဲ့သလို ဒီေရာဂါအကူးစက္ခံရသူ ကလည္း ၅၂.၇ သန္းေက်ာ္ ေနၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

COVID ကာကွယ်ဆေး တကမ္ဘာလုံးရရှိစေဖို့ WHO အကြီးအကဲ တောင်းဆို
(Unicode)

COVID-19 ကပ်ရောဂါအတွက် ကာကွယ်ဆေး ထုတ်ဖို့ကြိုးစားမှုတွေ အလ ျှင်အမြန် တိုးတက်မှုရှိလာတာ အတွက် ဂုဏ်ပြုချီးကြူးကြောင်းနဲ့ ဒီကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံအားလုံးက သုံးစွဲနိုင်အောင် လုပ်ရမှာ ဖြစ်ကြောင်း WHO နှစ်ပတ်လည် ညီလာခံ နောက်ဆုံးနေ့ဖြစ်တဲ သောကြာနေ့မှာ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောကြားလိုက်ပါတယ်။

"ဒီသီတင်းပတ်ထဲမှာ COVID- 19 ကာကွယ်ဆေးအတွက် လူတွေမှာ စမ်းသပ်မှု ကနဦးရလဒ်တွေ ထွက်လာတာကို အားပေး ကြိုဆိုကြောင်း နဲ့ ဒီကာကွယ်ဆေးဟာ ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် အထူးအရေးပါတဲ့ လက်နက် တခုဆိုတာ သံသယဖြစ်စရာ မလိုဘူးလို့ ပြောသွားတာပါ။

နယူးရောက် အခြေစိုက် အမေရိကန်ဆေးကုမ္ပဏီ Pfizer နဲ့ ဂျာမဏီက BioNTech တို့ ပူးတွဲ စမ်းသပ်နေတဲ့ Covid-19 ကာကွယ်ဆေးဟာ စမ်းသပ်မှု နောက်ဆုံး အဆင့် ဖြစ်တဲ့ Stage 3 မှာ လူပေါင်း ၄၀ ၀၀၀. ကျော်နဲ့စမ်းသပ်ရာမှာ ရာခိုင်နှုန်း ၉ ၀ ထိရောက်မှု ရှိတာတွေ့ရတယ်လို့ တနင်္လာနေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီရောဂါ တရုတ်နိုင်ငံမှာ စတင်ခဲ့ချိန်ကစပြီး တနှစ်တောင် မပြည့်သေးခင်မှာ
အခုလို ကာကွယ်ဆေးထုတ် နိုင်မယ့် အနေထားလည်း ဖြစ်ပါတယ်။

ဆေးလောကမှာ အခုလို ကာကွယ်ဆေးတမျိုးကို အမြန်ထုတ်ဖို့လုပ်နိုင်တာ တခါမှ မရှိသေးဘူး လို့လည်း ပြောပါတယ်။ အခုလို သိပ္ပံဆိုင်ရာ အောင်မြင်မှု အတွက် ကမ္ဘာ့နိုင်ငံအားလုံး အကျိုးခံစားရအောင် သေသေချာချာ လုပ်ရမှာ ဖြစ်ကြောင်းလည်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ အခုအခါ ကမ္ဘာတလွှား လူပေါင်း ၁.၃ သန်းနီးပါးကိုသေဆုံး စေခဲ့သလို ဒီရောဂါအကူးစက်ခံရသူ ကလည်း ၅၂.၇ သန်းကျော် နေပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG