သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ဓါတ္ခဲြအတည္ျပဳစုစုေပါင္း ၆၄,၄၅၃ ဦး၊ ေသဆံုး ၁,၄၈၀ ဦး


ရန္ကုန္ၿမိဳ႕ရွိ ရပ္ကြက္တခုက ကိုဗစ္သံသယလူနာမ်ားကို Quarantine စင္တာဆီ ေခၚဖို႔ ျပင္ဆင္ေနၾကတဲ့ PPE ဝတ္စံုဝတ္ထားတဲ့ ပရဟိတလုပ္သားမ်ား။ (ေအာက္တိုဘာ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါအတြက္ ဓာတ္ခြဲနမူနာေပါင္း ၁၅,၅၃၄ ခုကို စစ္ေဆးခဲ့တာမွာ ေနာက္ထပ္ ေရာဂါကူးစက္သူ ၁,၂၁၂ ဦး ထပ္တိုးတာေၾကာင့္ စုစုေပါင္း ကူးစက္သူအေရအတြက္ ၆၄,၄၅၃ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ေသဆုံးသူက ၁၉ ဦး ထပ္တိုးၿပီး စုစုေပါင္း ၁,၄၈၀ ဦးရွိသြားၿပီလို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အခုထပ္တိုးတဲ့ ေသဆုံးသူေတြထဲမွာ ၁၅ ဦးက ေရာဂါအခံရွိသူေတြျဖစ္တယ္လို႔ က်န္းမာေရးဌာနကေျပာပါတယ္။

အခုခ်ိန္ထိ စစ္ေဆးၿပီးသမ ွ် ဓာတ္ခြဲနမူနာေပါင္းကေတာ့ ၈၃၆,၆၉၇ ခု ရွိသြားပါၿပီ။

ဒီကေန႔ညထုတ္ျပန္ခ်က္မွာ ေဆး႐ုံကဆင္းခြင့္ရသူ ၁,၁၂၁ ဦးထပ္တိုးတာေၾကာင့္ ေဆး႐ုံကဆင္းသြားသူေပါင္း ၄၈,၅၃၂ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ဒီကေန႔ အေရအတြက္ထဲမွာ ပိုးေတြႏႈန္း ၇.၈ ရာခိုင္ႏႈန္း၊ ျပန္ေကာင္းသြားတဲ့ႏႈန္း ၇၅.၃ ရာခိုင္ႏႈန္းနဲ႔ ေသဆုံးႏႈန္းက ၂.၃ ရာခိုင္ႏႈန္း ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားပါတယ္။

ဒီႏႈန္းထားေတြအရဆိုရင္ ေရာဂါကူးစက္ႏႈန္းနဲ႔ ေသဆုံးႏႈန္းဟာ ေလ်ာ့က်သြားတဲ့ ပုံမရွိေသးတဲ့အျပင္ တရက္အတြင္း ေဆး႐ံုက ဆင္းခြင့္ရသူအေရအတြက္ထက္ ေရာဂါကူးစက္သူ အေရအတြက္ကလည္း ပိုတိုးလာေနပါတယ္။

ေရြးေကာက္ပြဲေန႔ၿပီးတဲ့ေနာက္ ဆႏၵမဲရလဒ္ေတြ ထြက္လာခ်ိန္မွာ လူစုလူေဝးနဲ႔ ေအာင္ပြဲခံသူေတြထဲကေန ရန္ကုန္ဘက္မွာ ေရာဂါပိုးကူးစက္သူေတြ ေတြ႔ခဲ့ရတာေၾကာင့္လည္း က်န္းမာေရးတာဝန္ရွိသူေတြ စိုးရိမ္ေနၾကပါတယ္။

ဒါေၾကာင့္ က်န္းမာေရးဌာနက အေရးယူမယ့္သတိေပးခ်က္ ထပ္္မံထုတ္ျပန္ထားသလို အာဏာရ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကလည္း လူစုလူေဝးနဲ႔ ေအာင္ပြဲခံတာေတြ မလုပ္ၾကဖို႔ ပန္ၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာကိုဗစ်ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၆၄,၄၅၃ ဦး၊ သေဆုံး ၁,၄၈၀ ဦး

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၁၅,၅၃၄ ခုကို စစ်ဆေးခဲ့တာမှာ နောက်ထပ် ရောဂါကူးစက်သူ ၁,၂၁၂ ဦး ထပ်တိုးတာကြောင့် စုစုပေါင်း ကူးစက်သူအရေအတွက် ၆၄,၄၅၃ ဦး ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူက ၁၉ ဦး ထပ်တိုးပြီး စုစုပေါင်း ၁,၄၈၀ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုထပ်တိုးတဲ့ သေဆုံးသူတွေထဲမှာ ၁၅ ဦးက ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ကျန်းမာရေးဌာနကပြောပါတယ်။

အခုချိန်ထိ စစ်ဆေးပြီးသမ ျှ ဓာတ်ခွဲနမူနာပေါင်းကတော့ ၈၃၆,၆၉၇ ခု ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံကဆင်းခွင့်ရသူ ၁,၁၂၁ ဦးထပ်တိုးတာကြောင့် ဆေးရုံကဆင်းသွားသူပေါင်း ၄၈,၅၃၂ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့ အရေအတွက်ထဲမှာ ပိုးတွေနှုန်း ၇.၈ ရာခိုင်နှုန်း၊ ပြန်ကောင်းသွားတဲ့နှုန်း ၇၅.၃ ရာခိုင်နှုန်းနဲ့ သေဆုံးနှုန်းက ၂.၃ ရာခိုင်နှုန်း ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။

ဒီနှုန်းထားတွေအရဆိုရင် ရောဂါကူးစက်နှုန်းနဲ့ သေဆုံးနှုန်းဟာ လျော့ကျသွားတဲ့ ပုံမရှိသေးတဲ့အပြင် တရက်အတွင်း ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ထက် ရောဂါကူးစက်သူ အရေအတွက်ကလည်း ပိုတိုးလာနေပါတယ်။

ရွေးကောက်ပွဲနေ့ပြီးတဲ့နောက် ဆန္ဒမဲရလဒ်တွေ ထွက်လာချိန်မှာ လူစုလူဝေးနဲ့ အောင်ပွဲခံသူတွေထဲကနေ ရန်ကုန်ဘက်မှာ ရောဂါပိုးကူးစက်သူတွေ တွေ့ခဲ့ရတာကြောင့်လည်း ကျန်းမာရေးတာဝန်ရှိသူတွေ စိုးရိမ်နေကြပါတယ်။

ဒါကြောင့် ကျန်းမာရေးဌာနက အရေးယူမယ့်သတိပေးချက် ထပ်မံထုတ်ပြန်ထားသလို အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လူစုလူဝေးနဲ့ အောင်ပွဲခံတာတွေ မလုပ်ကြဖို့ ပန်ကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG